Latest post

Headphone များ ကြာကြာတပ်ခြင်းကြောင့် နားတွင်းဆားဝက်ခြံများ ဖြစ်စေနိုင်

သင်ဟာ အချိန်တော်တော်များများမှာ headphone တပ်ပြီး သီချင်းနားထောင်တတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ သတိထားဖို့အတွက် ပထမဦးစွာ အကြံပြုလိုပါတယ်။

သီချင်းနားထောင်ခြင်းက စိတ်ကိုအပန်းပြေစေပြီး လူတိုင်းရဲ့ နေ့စဉ်ပုံမှန် လုပ်ဆောင်မှုတွေထဲမှာပါ ပါဝင်လာပါတယ်။ ယနေ့ခေတ်မှာ ကားမောင်းရင်း၊ ကားစီးရင်း၊ အလုပ်လုပ်ရင်း၊ သွားရင်းလာရင်း earphone, headphone တပ်ကာ သီချင်းနားထောင်တတ်ကြပါတယ်။ သို့သော် Headphone ကို အချိန်ကြာကြာတပ်ထားတဲ့အခါ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို သိထားဖို့ ဆရာဝန်များက သတိပေးထားပါတယ်။

Related image

ခန္ဓာကိုယ်မှာ နားဟာ အလွန်နုနယ်ပြီး sensitive ဖြစ်တဲ့ နေရာတစ်ခုပါ။ နားစည်ပေါ်မှာ အလွန်သေးငယ်သော ကုတ်ခြစ်ရာ ဖြစ်စေကာမူ အန္တရာယ်ရှိစေပါတယ်။ ဒါကြောင့် နားကို အထိအခိုက်မဖြစ်အောင် ဂရုစိုက်ဖို့ အရေးကြီးလှပါတယ်။ Headphone အမြဲတပ်တဲ့ အလေ့အထကိုလည်း ကန့်သတ်လိုက်ဖို့ အပါအဝင်ပေါ့။

အဘယ်ကြောင့်ဆိုသော ဆေးပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဆရာဝန်များမှ နားအတွင်း ဆားဝက်ခြံပေါက်ခြင်း နှင့်ပတ်သတ်ပြီး ဆွေးနွေးမှုများ ပြုခဲ့ရာ headphone တပ်ခြင်းကလည်း ထိုသို့ ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဟု သတိပေး ပြောကြားလိုက်ပါတယ်။ ဆားဝက်ခြံဟာ အမည်းရောင်ရှိကာ အများအားဖြင့် နှာခေါင်း၊ မေးစေ့၊ ရင်ဘတ် နှင့် ကျောပြင်တို့မှာ ပေါက်တတ်ပါတယ်။ နားမှာတော့ ပေါက်လေ့သိပ်မရှိပါဘူး။

သို့သော် headphone ကို စွဲစွဲမြဲမြဲတပ်လေ့ရှိသူတွေမှာတော့ ဝက်ခြံ နှင့် ဆားဝက်ခြံများ ပေါက်နိုင်ကြောင်း တွေ့ရှိရပါတယ်။ နားဟာလည်း အခြားခန္ဓာကိုယ်အစိတ်အပိုင်းကဲ့သို့ပင် glands လို့ခေါ်တဲ့ အဆီကျိတ်သေးသေးလေးများရှိနေပြီး ထိုအကျိတ်လေးမှ သဘာဝအဆီများကို မွှေးညှင်းပေါက်များသို့ ထုတ်လွှတ်လိုက်တဲ့အခါ ဆားဝက်ခြံဖြစ်စေတာပဲ ဖြစ်ပါတယ်။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*