တော်ဝင်မိသားစုကို အရှက်ကွဲအောင် မင်းသားဟယ်ရီ ဘယ်လိုအမှားတွေကျူးလွန်ခဲ့သလဲ…

လက်တလောမှာ တော်ဝင်ကခေတ်စားနေတယ်ဆိုတော့ တော်ဝင်မိသားစုနဲ့ပတ်သက်ပြီး သတင်း တွေကို လူတိုင်းစိတ်ဝင် စားနေကြပါတယ်။ အခုလည်း လူတိုင်းမသိနိုင်သေးတဲ့ တော်ဝင်မိသားစုနဲ့ ပတ်သက်ပြီး အထိခိုက်မခံတဲ့ သင်းတစ်ပုဒ်ကို ဖော်ပြပေးချင် ပါတယ်။ အဲ့ဒါကတော့ အခုတော်ဝင်မင်္ဂ လာဆောင်ရဲ့ အဓိက လူဖြစ်တဲ့ မင်းသားဟယ်ရီအကြောင်းပါ။ တကယ်တော့ မင်းသားဟယ်ရီ က တော်ဝင်မိသားစုထဲမှာဆိုရင် သူ့ကြောင့် မိသားစုဂုဏ်သိက္ခာကျဆင်းစေခဲ့တဲ့ အပြစ်တွေဟာ တော်ဝင် မျိုးနွယ်တစ်ခုလုံးကို မျက်နှာမဖော်ဝံ့ရလောက်အောင်ကိုပဲ ရှိခဲ့ဖူးပါတယ်။ ဒီလိုဆိုရင် မင်းသားဟယ်ရီ က ဘယ်လောက်တောင် ဆိုးသွမ်းခဲ့ပြီးတော့ တော်ဝင်မိသားစုမျက်နှာဖျက် အရှက်ရစေခဲ့သလဲဆိုတာ ကိုဖော်ပြလိုက်ပါတယ်….

တော်ဝင်မိသားစုထဲမှာ လူဆိုးကောင်လေးလို့ အများကခေါ်ကြတဲ့ မင်းသား ဟယ်ရီကို ဘုရင်မကြီး အယ်လီဇဘတ်က လက်လျှော့ပြီးသားပါ။ တော်ဝင်အစဉ်အလာအဆက်ဆက် မင်းသား၊ မင်းသမီးတွေ ကို တော်ဝင်ရဲ့တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ လိုက်နာနေပြီးနေထိုင်ကြဖို့ တတ် နိုင်ခဲ့ပေမယ့် မင်းသား ဟယ်ရီကိုတော့ အတင်းအကျပ်တောင် စေခိုင်းနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဟယ်ရီက တော်ဝင်စည်းကမ်း တွေကို ချိုးဖောက်ပြီးလူမြင်ကွင်းတွေမှာ မင်းသားတစ်ပါး အင်္ဂါရပ်နဲ့ မညီတဲ့၊ တော်ဝင်မိသားစုနဲ့ ဆန့် ကျင်တာတွေကို လုပ်တတ်လေ့ရှိပါတယ်။ သူ့ရဲ့ ဒီလိုလုပ်ရပ်တွေ ကြောင့်ပဲ မိသားစုမှာ အရှက်ရ သိမ် ငယ်စေတာ၊ ဝေဖန်ပြစ်တင် ခံရတာတွေ ဖြစ်ပေမယ့်လည်း ဟယ်ရီ ကတော့ ဒါတွေကို စိတ်ထဲမရှိ၊ သူ့ရဲ့ လွတ်လပ်တဲ့ဘဝနေ ထိုင်နည်းပုံစံနဲ့ပဲနေထိုင်ခဲ့လို့ မိသားစုထဲ တော့ သူဟာတကယ့်ကို လူဆိုးမင်းသား လေးတစ်ပါး ဖြစ်နေခဲ့ပါတော့တယ်။

ဒါ့ကြောင့်လည်း တော်ဝင်မိ သားစုက သူ့အတွက် အရှက်ကြီးကြီးရခဲ့တဲ့အကြောင်းတွေလည်း ရှိခဲ့ တာပါ။ ၂၀၀၉ ခုနှစ်တုန်းက ပျံ့နှံ့ခဲ့တဲ့ မင်းသားဟယ်ရီရဲ့ စိတ်ပျက်စရာကောင်းတဲ့ ဓာတ်ပုံတစ်ပုံ ကြောင့် မိသားစု ဂုဏ်သိက္ခာ ကျဆင်းခဲ့ရပါတယ်။ အဲ့ဒါက တော်ဝင်မိသားစုဝင်အနေနဲ့ လုံးဝမလုပ် သင့်တဲ့ အရာကို လုပ်ခဲ့တာပါ။

မင်းသားဟယ်ရီက ဆေးခြောက်လည်း သောက်တတ်တယ်လို့ သိရပါတယ်။ အသက် ၁၇ နှစ်အရွယ် ကတည်းက ဒီလိုမူးယစ်ဆေးတွေကို စသောက်တတ်နေခဲ့တာကို ဖခင်ဖြစ်သူ ချားလ်မင်းသားကသ တိပြုမိခဲ့တာဖြစ်ပါတယ်။

ကျောင်းနေအရွယ်ကလေး ဘဝမှာ လည်း ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပါသတဲ့။ တော်ဝင်က အပ်နှံထားတဲ့ ကလေးထိန်း ကျောင်းမှာ တော်ဝင်မင်းသားငယ်လေး ဟယ်ရီက လုံးဝမလိမ္မာခဲ့ပါဘူးတဲ့။ ခပ်ဆိုးဆိုးနဲ့ ဂျစ်ကန်ကန် မို့လို့ ကလေးထိန်းတွေကလည်း ဟယ်ရီ့ကိုဆိုရင် သိပ်ပြီးတော့ မထိန်းကျောင်းချင်ကြပါဘူး။

၂၀၀၄ ခုနှစ်တုန်းက နိုက် ကလက်တစ်ခုကိုရောက်နေတုန်း ဟယ်ရီက လူအုပ်ကြားထဲ ကင်မရာမန်းရဲ့ မျက်နှာကို ထိုးကြိတ်ခဲ့ တယ်လို့ သိရပါတယ်။ ဒါ့ကြောင့်မို့လို့လည်း သတင်းသမားတွေက ဟယ်ရီ့ကို အနီးကပ်သတင်းယူ ဖို့ ဓာတ်ပုံရိုက်ဖို့ကို သတိထားရပါတယ်။

ကျောင်းစာသင်ခန်းထဲမှာဆိုရင်လည်း စာခိုးချတယ်။ လိမ်တတ်တယ် ဆိုပြီး သူဟာ နာမည်ဆိုးထွက် တဲ့ ကျောင်းသားတစ်ယောက်ပါ။ အတန်းပိုင်က အမြဲတမ်းတိုင်ကြားနေလို့ တော်ဝင်မိသားစုမှာလည်း အမြဲဆုံးမရလေ့ရှိပါတယ်။

မင်းသားတစ်ပါးအနေနဲ့ တော်ဝင်ဂုဏ်သိက္ခာ၊ တိုင်းပြည်ရဲ့ အရှက် သိက္ခာမကျအောင် စောင့်ထိန်းရ မယ့် တာဝန်လိုက်နာမှုရှိရမှာဖြစ်ပေမယ့် ဟယ်ရီကတော့ ဒါနဲ့ ဆန့် ကျင်ဘက်ပါ။ ၂၀၀၆ ခုနှစ်တုန်းက အသက် ၂၁ နှစ်အရွယ် မင်းသားဟယ်ရီက အာဆီယံစစ်သားတွေ နဲ့အတူ စစ်ရေးသင်တန်းပေးချိန်မှာ ပါကစ္စတန်စစ်သားရဲဘော်တွေကို နှိမ်ချပြီးပြောလိုက်တဲ့ စကား လုံးတချို့က ပါကစ္စတန်နိုင်ငံသား တွေအပေါ် အမျက်ထွက်စေခဲ့တယ်လို့ သိရပါတယ်။

အရက်သေစာတွေသောက်စားတတ်တယ်။ ပျော်ပါးတတ်တယ်။ မိန်းကလေးတွေနဲ့လည်း အရှုပ်အရှင်း ရှိတယ်ဆိုတဲ့ လူငယ်ဘဝမှာတော့ ဟယ်ရီက သိပ်ကိုဆိုးသွမ်းလွန်းတဲ့ လူငယ်ဘဝကိုလည်း ပိုင်ဆိုင် ထားခဲ့ပါသေးတယ်။ မင်းသမီး မီဂန်မာကယ်လ်နဲ့ လက်ထပ်ပွဲမှာတောင် နှစ်ရှည်ကြာတွဲခဲ့တယ်ဆိုတဲ့ ရည်းစားဟောင်းနှစ်ယောက်ကို ပွဲတက်ဖို့ ဖိတ်ခဲ့တယ်ဆိုတာကပဲ ဟယ်ရီ့က အရှုပ်အရှင်းတွေ ဘယ် လောက်ရှိသလဲဆိုတာ ခန့်မှန်းမိမှာပါ။

မေ(ရွှေအင်းလေး)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*