8MP Dual Selfie ကင္မရာနဲ႔ HDR10 display သုံးထားတဲ့ HTC U12+

HTC ရဲ႕ စမတ္ဖုန္းသစ္ ထြက္ရွိလာခဲ့ပါၿပီ။ HTC U12+ ဟာ One (M8) ေနာက္ပုိင္းမွာ ေက်ာဘက္ကင္မရာႏွစ္လံုး ပါ၀င္တဲ့ပထမဆံုးျဖစ္သလို၊  U11+ ကုိ အဆင့္ျမင့္ထားတဲ့ဖုန္း ျဖစ္ပါတယ္။ သူ႕မွာ မ်က္ႏွာျပင္ ၆ လက္မရွိၿပီး Super LCD6 ႐ုပ္ထြက္ပဲ သံုးထားတဲ့အျပင့္  HDR10 နဲ႔ DCI-P3 ေထာက္ပံ့ေပးထားပါတယ္။ 18:9 သံုးထားကာ 1440×2280 px Resolution ရွိပါတယ္။ ဖုန္းေဘာင္မွာ Edge Sense နည္းပညာထည့္သြင္းထားပါတယ္။  IP68 စနစ္ေၾကာင့္ ေရစိုဒဏ္ခံႏုိင္စြမ္းလည္း ရွိပါတယ္။ HTC U12+ ကုိ Snapdragon 845 ပရိုဆက္ဆာနဲ႔အတူ  RAM6GB ပါဝင္ပါတယ္။

ေက်ာဘက္ကင္မရာႏွစ္လံုးက 12MP UltraPixel Sensor နဲ႔ 16MP ျဖစ္ပါတယ္။ ဒုတိယကင္မရာက 2x Optical Zoom သံုးႏုိင္ေအာင္ ေထာက္ပံ့ေပးထားပါတယ္။ အဓိကကင္မရာမွာ f/1.8 lens သံုးထားၿပီး OIS ၊ Phase Detection Plus Laser Autofocus လုပ္ေဆာင္ခ်က္ေတြ ေထာက္ပံ့ေပးထားပါတယ္။ အေရွ႕ဘက္ကင္မရာကိုလည္း 8 MP sensors ကို Dual ထည့္သြင္းေပးထားပါတယ္။  ဘက္ထရီစြမ္းအား 3500 mAh ပါ၀င္ၿပီး Qi ႀကိဳးမ့ဲအားသြင္းႏုိင္ပါမယ္။  လက္ရွိမွာေတာ့ Android 8.0 Oreo ကိုတပါတည္း ထည့္သြင္းထားၿပီး   Android P ထြက္လာရင္ update ျပဳလုပ္ႏုိင္မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

အခ်က္အလက္သိုေလွာင္မႈအတြက္ 64GB ဗားရွင္းနဲ႔128GB ဗားရွင္းတို႔ကုိ ေရြးခ်ယ္ႏုိင္ပါမယ္။ microSD ကေနလည္း ထပ္တိုးႏုိင္ပါလိမ့္မယ္။ HTC U12+ ကို ဥေရာပေစ်းကြက္မွာ စတင္ႀကိဳတင္အမွာ လက္ခံေနၿပီ ျဖစ္ၿပီး 64GB ဗားရွင္းေစ်းႏႈန္းက ယူ႐ို ၇၉၉ ျဖစ္ပါတယ္။ အေမရိကန္မွာလည္း ႀကိဳတင္အမွာ လက္ခံေနၿပီျဖစ္ကာ 64GB Translucent Blue ဗားရွင္းေစ်းႏႈန္းက ေဒၚလာ ၇၉၉ ျဖစ္ပါတယ္။ 128GB ဗားရွင္းေစ်းႏႈန္းက ေဒၚလာ ၈၄၉ ျဖစ္ပါတယ္။ Ceramic Black အေရာင္နဲ႔ 64GB ေစ်းႏႈန္းကေတာ့  ေဒၚလာ ၇၉၉ ျဖစ္ပါတယ္။

Unicode

HTC ရဲ့ စမတ်ဖုန်းသစ်ဟာ ထွက်ပေါ်လာခဲ့ပါပြီ။ HTC U12+ ဟာ One (M8) နောက်ပိုင်းမှာ ကျောဘက်ကင်မရာနှစ်လုံး ပါဝင်တဲ့ပထမဆုံးဖြစ်သလို၊  U11+ ကို အဆင့်မြင့်ထားတဲ့ဖုန်း ဖြစ်ပါတယ်။ သူ့မှာ မျက်နှာပြင် ၆ လက်မရှိပြီး Super LCD6 ရုပ်ထွက်ပဲ သုံးထားတဲ့အပြင့်  HDR10 နဲ့ DCI-P3 ထောက်ပံ့ပေးထားပါတယ်။ 18:9 သုံးထားကာ 1440×2280 px Resolution ရှိပါတယ်။ ဖုန်းဘောင်မှာ Edge Sense နည်းပညာထည့်သွင်းထားပါတယ်။  IP68 စနစ်ကြောင့် ရေစိုဒဏ်ခံနိုင်စွမ်းလည်း ရှိပါတယ်။ HTC U12+ ကို Snapdragon 845 ပရိုဆက်ဆာနဲ့အတူ  RAM6GB ပါဝင်ပါတယ်။

ကျောဘက်ကင်မရာနှစ်လုံးက 12MP UltraPixel Sensor နဲ့ 16MP ဖြစ်ပါတယ်။ ဒုတိယကင်မရာက 2x Optical Zoom သုံးနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။ အဓိကကင်မရာမှာ f/1.8 lens သုံးထားပြီး OIS ၊ Phase Detection Plus Laser Autofocus လုပ်ဆောင်ချက်တွေ ထောက်ပံ့ပေးထားပါတယ်။ အရှေ့ဘက်ကင်မရာကိုလည်း 8 MP sensors ကို Dual ထည့်သွင်းပေးထားပါတယ်။  ဘက်ထရီစွမ်းအား 3500 mAh ပါဝင်ပြီး Qi ကြိုးမဲ့အားသွင်းနိုင်ပါမယ်။  လက်ရှိမှာတော့ Android 8.0 Oreo ကိုတပါတည်း ထည့်သွင်းထားပြီး   Android P ထွက်လာရင် update ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အချက်အလက်သိုလှောင်မှုအတွက် 64GB ဗားရှင်းနဲ့128GB ဗားရှင်းတို့ကို ရွေးချယ်နိုင်ပါမယ်။ microSD ကနေလည်း ထပ်တိုးနိုင်ပါလိမ့်မယ်။ HTC U12+ ကို ဥရောပဈေးကွက်မှာ စတင်ကြိုတင်အမှာ လက်ခံနေပြီ ဖြစ်ပြီး 64GB ဗားရှင်းဈေးနှုန်းက ယူရို ၇၉၉ ဖြစ်ပါတယ်။ အမေရိကန်မှာလည်း ကြိုတင်အမှာ လက်ခံနေပြီဖြစ်ကာ 64GB Translucent Blue ဗားရှင်းဈေးနှုန်းက ဒေါ်လာ ၇၉၉ ဖြစ်ပါတယ်။ 128GB ဗားရှင်းဈေးနှုန်းက ဒေါ်လာ ၈၄၉ ဖြစ်ပါတယ်။ Ceramic Black အရောင်နဲ့ 64GB ဈေးနှုန်းကတော့  ဒေါ်လာ ၇၉၉ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*