Latest post

စိတ်မူမမှန်တဲ့သူတွေဟာ Gymဆော့တဲ့ဓါတ်ပုံများကို လှုမှုကွန်ယက်မှာ မကြာခဏတင်လေ့ရှိ

သင့်သူငယ်ချင်းတွေထဲမှာ Gym ဆော့ပြီး မကြာခဏ ဓါတ်ပုံရိုက်တင်တတ်တဲ့သူတွေကို မြင်ဖူးပါသလား။ ဒါမှမဟုတ် သင်ကိုယ်တိုင်ရော အဲ့လိုတွေ လုပ်မိနေပါသလား။

အများအားဖြင့် gym ဆော့ပြီးတဲ့အခါ လူအတော်များများက သူတို့ရဲ့ before & after ဓါတ်ပုံတွေကို လူမှုကွန်ယက်တွေပေါ်မှာ တင်လေ့ရှိပါတယ်တဲ့။ အင်္ကျီကို အပေါ်ကို မတင်ပြီး သူတို့ရဲ့ ချပ်ရပ်သွားတဲ့ ဗိုက်၊ 6 packs စတာတွေကို ပြကြတာပေါ့။ အားလုံးကလည်း ဒီလိုပုံစံတွေပဲ ရိုက်ပြီး တင်နေကြတာပါပဲ။ ဒါကို စိတ်မူမမှန်ခြင်းတစ်ခုလို့ သုံးသပ်ထားကြပါတယ်။

လူတွေဟာ ဒါကို အစပိုင်းမှာတော့ မရပ်တန့်နို်င်ကြပါဘူး။ သူတို့ဟာ ကျန်းမာရေးအလှအပကို ဘယ်လိုဂရုစိုက်ကြောင်း၊ ခန္ဓာကိုယ်အလှအပကို မည်သို့ထိန်းသိမ်းကြောင်းတွေကို ပြောကြွားပြသကြစမြဲပါ။ ဒီလိုလူတွေမှာ ရှိတတ်တဲ့ ဥာဉ်လက္ခဏာရပ်တွေက သူတို့ကိုယ်တိုင်အတွက် ဆိုးရွားစေနိုင်တယ်ဆိုတာကိုတော့ သိကြမှာ မဟုတ်ပါဘူး။

စိတ်ပညာရှင် Dr. Tara Marshall က ဒီလိုမျိုး social media ပေါ်တတ်တဲ့ အလေ့အကျင့်က သူတို့ရဲ့ စိတ်နေသဘောထားကို တန်ပြန်သက်ရောက်မှုရှိစေတယ်လို့ ဆိုပါတယ်။ ဒီလေ့လာမှုမှာ ဖေ့စ်ဘုတ်အသုံးပြုသူ ၅၅၅ ယောက်ကို မတူညီတဲ့ပို့စ်များအကြောင်းနဲ့ ပတ်သတ်ပြီး ဘယ်လိုခံစားရတယ်ဆိုတာကို မေးခွန်းများ မေးမြန်းကာ ပြုလုပ်ခဲ့ကြပါတယ်။

လေ့လာချက်များအရ လေ့ကျင့်ခန်းလုပ်တဲ့ပုံတွေ၊ diet အစားအသောက်တွေကို တင်တတ်တဲ့သူတွေဟာ လူအများရဲ့ စိတ်ဝင်စားမှုကို ရယူလိုချင်တဲ့သူတွေဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ယေဘုယျအားဖြင့် Like များများ ရရှိလိုခြင်းကြောင့်လို့ သုံးသပ်ရပါတယ်။

စိတ်ပညာရှင် ဒေါက်တာကတော့  status တွေနှင့် ပို့စ်တွေမှာ Like များများရရှိခြင်းအပြင် ကိုယ့် friend တွေရဲ့ ယဉ်ကျေးစွာ ကွန်မန့်ပေးမှု၊ အားပေးမှုတို့ကိုလည်း ရလိုကြောင်း ယုံကြည်နေပါတယ်။ သို့သော် လူအတော်များများကတော့ ဒီလိုပို့စ်တွေ မကြာခဏတက်ခြင်းအပေါ် မကြိုက်ကြပါဘူး။

အကျဉ်းချုပ်အားဖြင့် ဆိုရသော် လေ့ကျင့်ခန်းလုပ်နေပုံတွေ၊ gymဆော့တဲ့ပုံတွေ တင်တတ်တဲ့သူတွေမှာ ရှိတတ်တဲ့ စိတ်နေသဘောထားတွေကတော့ ပျောပျော်နေတတ်ခြင်း၊ စိတ်အနည်းငယ်မူမမှန်ခြင်း၊ ဘွင်းဘွင်းနေတတ်ခြင်း၊ နှစ်လိုဖွယ်ကောင်းခြင်း၊ တာဝန်သိတတ်ခြင်း၊ မိမိကိုယ်ကိုအထင်ကြီးခြင်း နှင့် ယုံကြည်မှုလွန်ကဲခြင်း တို့ပဲ ဖြစ်ပါတယ်။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*