ကိုလက်စထရောလျော့ချပေးတဲ့အပြင် ကျန်းမာရေးကိုလည်း ကောင်းကျိုးများစွာပြုတဲ့ မုန်လာဥနီဖျော်ရည်

လိမ္မော်ရောင် အဆင်းရှိတဲ့ မုန်လာဥနီက ကျန်းမာရေး အတွက် များစွာ အထောက်အကူပြုတယ် ဆိုတာကို သိပါသလား။ မုန်လာဥနီကို ချက်စားပြုတ်စားလို့လည်း ရသလို၊ အစိမ်စားလို့လည်း ရပါတယ်။ ပြီးတော့ မုန်လာဥနီဖျော်ရည်ကလည်း အရောင်နဲ့တင် သောက်ချင်စဖွယ် ဖြစ်နေပါပြီ။ မုန်လာဥနီက super food တစ်မျိုးလို့တောင် ဆေးပညာရှင်များက သတ်မှတ်ထားကြပါတယ်။ ဒါ့ကြောင့် super food ဖြစ်တဲ့ မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင်အေနဲ့ ဘီတာကယ်ရိုတင်းဓာတ်က  ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့ကျစေတယ်

စိတ်ဖိစီးမှုတွေ များလာတဲ့အခါ မုန်လာဥနီ ဖျော်ရည်ကို သောက်သုံးနိုင်ပါတယ်။ သဘာဝအတိုင်း ဖျော်စပ်ထားတဲ့ မုန်လာဥနီ ဖျော်ရည် ဖြစ်ဖို့တော့ လိုပါတယ်နော်။ မုန်လာဥနီမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်က စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့ ဟော်မုန်းဓာတ်များကို လျော့ကျစေပါတယ်။

(၂) ခံတွင်းသန့်ရှင်းစေတယ်

တစ်နေ့ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သွားတိုက်ရုံနဲ့ သွားတွေဖြူဖွေး သန့်ရှင်းသွားပြီလို့ မထင်ပါနဲ့။ သွား၊ ခံတွင်းကျန်းမာလှပဖို့ အတွက် မုန်လာဥနီဖျော်ရည်ကို သောက်သုံးနိုင်ပါတယ်။ မုန်လာဥနီ ဖျော်ရည်ကို သောက်သုံးပေးတာက ခံတွင်းမှာ ကပ်ညှိနေတဲ့ ဘတ်တီးရီးယား ပိုးမွှားများကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အကျိုးအာနိသင်များစွာ ပါဝင်ပါတယ်။

(၃) ကိုလက်စထရောလျော့ကျစေတယ်

ခန္ဓာကိုယ်အတွင်းမှာ ကိုလက်စထရောများနေရင် ကျန်းမာရေးချို့တဲ့စေပါတယ်။ ဒါ့ကြောင့် ဒီကိုလက်စထရောကို လျော့ချဖို့ အတွက် ဆိုရင်တော့ မုန်လာဥနီကို သောက်သုံးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာက ကောင်းကျိုးပြုတဲ့ ကိုလက်စထရောနဲ့ ဆိုးကျိုးဖြစ်စေတဲ့ ကိုလက်စထရော ဆိုပြီး နှစ်မျိုးရှိပါတယ်။ မုန်လာဥနီက ကောင်းကျိုးပြုတဲ့ ကိုလက်စထရောကို တိုးမြှင့်ပေးနိုင်ပြီး ဆိုးကျိုးဖြစ် စေတဲ့ ကိုလက်စထရောကို လျော့ချပေးနိုင်တာကို တွေ့ရပါတယ်။

(၄) ရေဓာတ်ဖြည့်တင်းပေးတယ်

မုန်လာဥနီဖျော်ရည်က ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မုန်လာဥနီ ဖျော်ရည်ကို နေ့စဉ်ပုံမှန်သောက်သုံးပေးမယ်ဆိုရင် အသားအရေစိုပြေလှပ စေမှာအမှန်ပါပဲ။ မုန်လာဥနီမှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်က ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ဆဲလ်မှာ လိုအပ်တဲ့ water balance ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

(၅) စိတ်လန်းဆန်းတက်ကြွစေတယ်

ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ အားအင်တွေကို ဖြည့်ဖို့အတွက် သဘာဝမုန်လာဥနီဖျော်ရည်ကို သောက်သုံးကြည့် လိုက်ပါ။ မုန်လာဥနီက သင့်ရဲ့ ကုန်ဆုံးသွားတဲ့ အားအင်များကို ပြန်လည် ဖြည့်တင်းပေး နိုင်တဲ့အပြင် စိတ်ကိုလည်း လန်းဆန်းတက်ကြွလာစေတဲ့ အစွမ်းအာနိသင်များ ပြည့်ဝစွာ ပါဝင်ပါတယ်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*