အထာကျတဲ့ အမျိုးသားဖက်ရှင်တွေ လေ့လာနိုင်ဖို့ Follow ထားသင့်တဲ့ အင်စတာဂရမ်အကောင့်များ

လတ်တလော ဖက်ရှင် trending၊ ဖက်ရှင် tips တွေကို လူမှုကွန်ယက်တွေပေါ်မှာ အလွယ်တကူ ရှာဖွေ လေ့လာနေနိုင်ပါပြီ။ ဖက်ရှင်နဲ့ ပတ်သတ်ပြီး အကြံပြုချက်တွေ၊ ဝတ်စားမှု ပုံစံတွေ၊ အခြေအနေ အချိန်အခါအလိုက် ကိုယ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ကို ဘယ်လိုရွေးချယ်ရမလဲ ဆိုတာကို မသိတဲ့ သူတွေ အတွက် အင်စတာဂရမ်မှာ follow လုပ်ထားသင့်တဲ့ အကောင့်တွေကို ဖော်ပြပေးချင်ပါတယ်။ အင်စတာဂရမ်မှာ active ဖြစ်တဲ့ အကောင့်တွေဖြစ်ပြီး နေ့စဉ်နေ့တိုင်း ဖက်ရှင်နဲ့ ပတ်သတ်တဲ့ tips တွေ၊ ဝတ်စားမှု ပုံစံတွေကို ဖော်ပြပေးနေတဲ့ အကောင့်တွေဖြစ်တာကြောင့် အခုပဲ follow လုပ်ထား လိုက်ပါနော်။

(၁) @asos_dennis

ဒီအကောင့်မှာတော့ ကျောင်းသား၊ လူငယ်တွေအတွက် လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဒီဇိုင်း တွေကို တစ်နေ့တစ်မျိုး မရိုးနိုင်အောင် နေ့စဉ် တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ဝန်းကျင် လောက်က ခေတ်စားခဲ့တဲ့ sport brands တွေကို တွေ့မြင်ရမှာဖြစ်ပြီး လူငယ်တွေအတွက် ထသွား ထလာဖက်ရှင်အဖြစ် အတုယူနိုင်ဖို့ follow လုပ်ထားသင့်ပါတယ်။

(၂) @george_elder

သက်လတ်ပိုင်းအမျိုးသားများနဲ့ စမတ်ကျကျဝတ်စားရတာကို ကြိုက်နှစ်သက်သူတွေတော့ George Elder ဆိုတဲ့ အကောင့်ကို follow လုပ်ထားသင့်ပါတယ်။ နိုင်ငံတစ်ဝန်းက မတူကွဲပြားတဲ့ ဖက်ရှင်တွေကို ချပြထားပြီး တကယ့်ကို classic ဆန်ပြီး Gentleman ဆန်တဲ့ အမျိုးသားဖက်ရှင် အများအပြားကို တွေ့မြင်ရမှာပါ။

(၃) @iamgalla

ဖက်ရှင်ဘလော့ဂါ၊ Imstagrammer၊ professional traveller အဖြစ် နာမည်ကြီးတဲ့ Adam Gallapher ရဲ့ Official အကောင့်ပဲ ဖြစ်ပါတယ်။ သူရဲ့ နေ့စဉ် ဝတ်စားဆင်ယင်မှု ပုံစံများနဲ့ မတူကွဲပြားတဲ့ ဖက်ရှင်ကို ရှုထောင့်မျိုးစုံကနေ မြင်တွေ့ရမှာပါ။ ရာသီအလိုက် ဝတ်စားဆင်ယင်မှု အပြင်၊ လွတ်လပ်ပေါ့ပါးတဲ့ လူငယ်စတိုင်လား၊ လူကြီးဆန်ဆန်နဲ့ ဆွဲဆောင်မှု ရှိတာမျိုးလား စသဖြင့် လူတိုင်းနဲ့ အဆင်ပြေစေမယ့် ဖက်ရှင်တွေကို နေ့စဉ် တင်ဆက်ပေးနေတဲ့ အတွက် Follow ထားသင့်ပါတယ်နော်။

(၄) @marcjoshveloso

Sneakerhead Maj Veloso လို့တောင် လူသိများတဲ့ ဖိလိပိုင်နိုင်ငံသား Maj Veloso ရဲ့ အကောင့်မှာတော့ sneaker ဒီဇိုင်းပေါင်းမျိုးစုံကို တွေ့မြင်ရမှာပါ။ ဘယ်လို sneaker ကို ဘယ်လိုဖက်ရှင်နဲ့ တွဲဖက်ဝတ်ဆင်ရင် ဘယ်လိုမိုက်သွားမယ် ဆိုတာမျိုးကို အတုယူလို့ ရမှာ ဖြစ်တဲ့အတွက် အခုပဲ follow လုပ်ထားလိုက်ပါတော့။

(၅) @dennistodisco

ဒီအကောင့်ကတော့ Nike brand ချစ်သူတွေ အကြိုက်တွေ့စေမှာပါ။ Nike နဲ့ ဘယ်လိုဂေါ်နိုင်တယ်၊ အလန်းစားဖက်ရှင်တွေကို ဖန်တီးနိုင်တယ်ဆိုတာကို နေ့စဉ်နေ့တိုင်း မရိုးနိုင်အောင် တွေ့မြင်ရမှာပါ။

(၆) @matthew.henson

ရက်ပ်ပါတွေ အကြိုက်တွေ့စေမယ့် အကောင့်တစ်ခုလို့ ညွှန်းပါရစေ။ လူငယ်ဆန်ဆန် အပြတ်ဂေါ်နိုင်မယ့် ဖက်ရှင်တွေကိုပဲ သီးသန့်ဖော်ပြပေး ထားတာကို တွေ့ရမှာပါ။ ရိုးရှင်းတဲ့ ဖက်ရှင်ကို ဝတ်မလား၊ အလွှာလိုက်၊ အထပ်လိုက်ဝတ်ပြီး လန်းမလား၊ မိမိကြိုက်နှစ်သက်တဲ့ ပုံစံတွေကို ရွေးချယ်နိုင်တဲ့ အတွက် Follow လုပ်ထားမယ်ဆို မှားမယ်မထင်ပါဘူး။

(၇) @graeme_moran

ခန္ဓာကိုယ်သေးပြီး အရပ်ရှည်ရှည် ကောင်လေးတွေအတွက် မော်ဒယ်လ်လို အပြတ်လန်းချင်တယ် ဆိုရင်တော့ ဒီအကောင့်ကို Follow လုပ်ထားသင့်ပါပြီနော်။ ကိုယ့်ခန္ဓာကိုယ်အချိုးအစားအလိုက် ဘယ်လိုဖက်ရှင်တွေကို ရွေးချယ်ဝတ်ဆင်သင့်လဲ ဆိုတာကို လေ့လာခွင့်ရမယ့် အကောင့်တစ်ခုပါပဲ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*