Jaguar ရဲ့ Compact SUV ကားအမျိုးစားသစ် The New E-Pace ကို မြန်မာနိုင်ငံ၌ စတင်မိတ်ဆက်

ကမ္ဘာကျော် မော်တော်ယာဉ် ထုတ်လုပ်ရေးတစ်ခုဖြစ်သည့် Jaguar မှ နောက်ဆုံးပေါ်နည်းပညာများဖြင့် ထုတ်လုပ်လိုက်သည့် Compact SUV ကားအမျိုးစားသစ်ဖြစ်သည့် The New E-Pace ကို မြန်မာနိုင်ငံတွင် စတင် မိတ်ဆက်လိုက်ကြောင်း သိရှိရသည်။ Jaguar E-Pace တွင် အင်ဂျင်ပါဝါ ၂.၀ လီတာဒီဇယ်နှင့် ဓာတ်ဆီအင်ဂျင်တို့ကို ရွေးချယ်နိုင်ပြီး မြင်းကောင်းရေအား ၁၅၀ မှ ၃၀၀ အထိထုတ် လုပ်ပေးနိုင်ကြောင်း လည်းသိရသည်။

ဂီယာအမျိုးအစား အဖြစ် Auto ဂီယာကိုးချက်နှင့် Manual ဂီယာခြောက်ချက်ထိုးပါရှိပြီး လေးဘီးယက်စနစ် (All Wheels Drive System) ကိုထည့်သွင်းပေးထားပါတယ်။ ပြည်တွင်း၌ ရရှိနိုင်သည့် ကားအမျိုးစားတွင် E-Pace ၊ E-Pace R Dynamic ကားအမျိုးအစား နှစ်ခုစလုံးကို S, SE, HSE စတဲ့ အမျိုးအစားတွေနဲ့ စက်စွမ်းရည်အဆင့် ငါးမျိုးရွေးချယ်နိုင်ရန် ထုတ်လုပ်ပေးထားပြီး ဒီဇယ်အင်ဂျင်ဖြင့် သုံးမျိုး၊ ဓာတ်ဆီအင်ဂျင်ဖြင့် နှစ်မျိုးဟူ၍ ရရှိနိုင်မည်လည်း ဖြစ်ပါတယ်။

“E-Pace သည် ယခင် F-Type ကဲ့သို့ Sport ဆန်တဲ့ပုံစံနဲ့ ပိုမိုတူညီပြီး F-Pace ကားအမျိုးအစားတွေထက် ပိုသာတဲ့အရည်အချင်းတွေ ရှိနေပါတယ်။ ကိုယ်ထည် ရှေ့ဘက်၊ နောက်ဘက် အမိုးလိုင်းတွေရဲ့ တည်ဆောက်ပုံကလည်း တကယ့်ကို လေပေါ်ဝဲနေတဲ့အတိုင်း၊ ရှေ့မီးသီးတွေလည်း ကြည့်လိုက်ပါဦး။

Jaguar ရဲ့ အမိုက်စား၊ အပျံစား SUV ကားအမျိုးအစားလို့ ဆိုရမှာပါပဲဗျာ” ဟု E-Pace ကား ဒီဇိုင်နာ Mr. Ian Cullum မှ ပြောကြား ခဲ့ပါတယ်။ Jaguar E-Pace ကို အမေရိကန်ဒေါ်လာ တစ်သိန်းမှ စတင်ရွေးချယ်နိုင်မှာဖြစ်ပြီး အရောင်အားဖြင့် ၈ မျိုးအထိ Customer စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်မည်လည်း ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*