သင့်ရဲ့မွေးလအလိုက် ထူးခြားချက်များ

သင်က ဘယ်လမှာ မွေးဖွားတဲ့သူလဲ? ကိုယ့်ရဲ့ မွေးလအလိုက်ပေါ် မူတည်ပြီး ကိုယ့်ရဲ့ စိတ်နေ သဘောထား၊ အမူအကျင့်တွေ ဘယ်လိုရှိလဲ ဆိုတာကို သိရှိဖို့အတွက် ဖော်ပြပေးလိုက် ပါတယ်။

(၁) ဇန်နဝါရီလတွင် မွေးဖွားသူများ

ဇန်နဝါရီလမှာ မွေးဖွားတဲ့ သူတွေအများစုက ရည်မှန်းချက်ကြီးမားကြတဲ့ သူတွေပါ။ လူအများကို ဝေဖန်အကဲခတ်ရတာကို ဝါသနာပါပေမယ့် ကိုယ့်ရဲ့ စိတ်ခံစားချက်ကိုတော့ ဘယ်တော့မှ ဖော်ထုတ်ပြသလေ့ မရှိပါဘူး။ နောက်ပြီး သူတို့နဲ့ IQ level ချင်းတူတဲ့သူ၊ စကားပြောရတာ အတိုင်အဖောက် ညီတဲ့သူမျိုးကိုမှ အပေါင်းအသင်းလုပ်တတ်ကြတဲ့ သူတွေပါ။

(၂) ဖေဖော်ဝါရီလတွင် မွေးဖွားသူများ

ဖေဖော်ဝါရီလအတွင်း မွေးဖွားသူတွေကတော့ သိပ်ကိုရိုမန်းတစ်ဆန်တတ်တဲ့ အချစ်ကြီးသူတွေပါ။ ဒါပေမယ့် ဘာဖြစ်နေလဲ ဆိုတာကို ခန့်မှန်းရခက်ခဲပြီး စိတ်အပြောင်းအလဲ မြန်တာကြောင့် တော်ရုံလူတွေ သည်းခံနားလည်ဖို့ မလွယ်ကူလှပါဘူး။ အချစ်ကြီးတတ်သူ ဆိုပေမယ့် sensitive ဖြစ်လွန်းတဲ့ စိတ်ကြောင့် ကိုယ့်ကို သစ္စာဖောက်သူကိုဆိုရင်တော့ လှည့်မကြည့်ချင်တော့ လောက်အောင်ကို မုန်းတီးတတ်ကြပါတယ်။

(၃) မတ်လတွင် မွေးဖွားသူများ

မတ်လမှာ မွေးဖွားသူတွေက အေးဆေးတည်ငြိမ်ပြီး ချစ်စရာကောင်းကြပါတယ်တဲ့။ အချစ်ကို လွယ်လွယ်နဲ့ အယုံအကြည်မရှိကြပေမယ့် ချစ်ပြီဆိုရင်လည်း သစ္စာရှိရှိ ချစ်တတ်တဲ့ သူတွေပါ။ မတ်လဖွားတွေက တခြားလဖွားတွေထက်ကို ပိုပြီး စိတ်အေးချမ်းမှုကို လိုလားတောင့်တ တတ်ကြသူတွေပါပဲ။

(၄) ဧပြီလတွင် မွေးဖွားသူများ

ဧပြီလဖွားတွေကတော့ လိမ္မာပါးနပ်ကြတဲ့အတွက် လူချစ်လူခင်ပေါများတဲ့ သူတွေပါ။ လူတွေကို အလွယ်တကူခင်မင်တတ်ပြီး မိမိကိုယုံကြည်တဲ့သူတွေဆိုရင် ရှိသမျှ အကုန်ပုံအောပြီး ချစ်ခင်ရတတ် ကြပါတယ်။ ဧပြီလဖွားတွေက လူအများကိုလည်း ပျော်အောင်လုပ်ပေးတတ်တဲ့ ဂျိုကာတွေပါပဲ။

(၅) မေလတွင် မွေးဖွားသူများ

မေလမှာ မွေးဖွားတဲ့သူတွေက ဇွဲလုံ့လ ဝီရိယ အားကောင်းကြပြီး ဒီအချက်ကြောင့် ဆွဲဆောင်မှု ရှိတဲ့သူ လို့ ဆိုနိုင်ပါတယ်။ နောက်ပြီး မေလဖွားတွေက ကိုယ်နဲ့ အကျင့်စာရိတ္တချင်း မတူတဲ့ သူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာကို မကြိုက်တဲ့အတွက် အချေ လို့ သတ်မှတ်ခံရတတ်ပါတယ်။

(၆) ဇွန်လတွင် မွေးဖွားသူများ

ဇွန်လဖွားတွေကျတော့ သိပ်ကိုစပ်စုတတ်ကြတဲ့သူတွေပါပဲ။ တီထွင်ဉာဏ်စွမ်းအားရှိကြပြီး ဆုံးဖြတ်ချက်ကိုလည်း လွယ်လွယ်နဲ့ မချဘဲ စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မားလှပါတယ်။ ဒါပေမယ့် အချစ်ရေးမှာတော့ ဇွန်လဖွားတွေက တကယ့်ဆရာကြီးတွေပါပဲတဲ့။

(၇) ဂျူလိုင်လတွင် မွေးဖွားသူများ

ဂျူလိုင်လမှာ မွေးဖွားသူတွေကတော့ ရိုးသားကြိုးစားကြသူတွေဖြစ်ပြီး လိမ္မာယဉ်ကျေးသူလေးတွေ ပါတဲ့။ သူများအပေါ် အားနာတတ်လွန်းပြီး ကိုယ်နဲ့ ဆန့်ကျင်ဖက်အရာတွေကို ငြင်းနေရမှာကို မကြိုက်ကြပါဘူး။ ဒါ့ကြောင့် ကိုယ့်အပေါ် မကောင်းတဲ့သူဆိုရင် လျစ်လျူရှုလိုက်တတ်ကြပါတယ်။

(၈) သြဂုတ်လတွင် မွေးဖွားသူများ

သြဂုတ်လဖွားတွေက အကြင်နာတရား ပြည့်ဝတဲ့သူတွေဖြစ်ပြီး သူများဆီက attention ရယူ ချင်ကြတဲ့သူတွေပါ။ လူတွေအလယ်မှာ ထင်ပေါ်ချင်တဲ့ စိတ်ရှိကြပြီး ဟာသဉာဏ်ရွှင်ကြသူတွေပါတဲ့။

(၉) စက်တင်ဘာလတွင် မွေးဖွားသူများ

စက်တင်ဘာလမှာ မွေးဖွားသူတွေကျတော့ တကယ့်ကို စေ့စပ်သေချာပြီး စည်းစနစ်ကျတဲ့သူတွေပါ။  ဒါ့ကြောင့် အချစ်ရေးမှာဆိုရင် ကိုယ်နဲ့ သင့်တော်မယ့်သူကို သေချာရွေးချယ်တတ်ပြီး ရေရှည်ခိုင်မြဲတဲ့ အချစ်ရေးကို လိုလားတောင့်တ တတ်ကြပါတယ်။

(၁၀) အောက်တိုဘာလတွင် မွေးဖွားသူများ

အောက်တိုဘာဖွားတွေက smart ကျသူတွေဖြစ်ပြီး စိတ်ဓာတ်မာကြောကြံ့ခိုင်တတ်ကြသူတွေပါ။ လူရှေ့သူရှေ့ အသနားခံရမှာ၊ အထင်သေးမှာကို ကြောက်တတ်ကြပြီး ဒီလို ခပ်မာမာနေတတ်တဲ့ စိတ်ကြောင့် လူမုန်းခံရတတ်ပါတယ်။ နောက်ပြီး ပွင့်ပွင့်လင်းလင်း မရှိတဲ့အတွက် တည်မြဲတဲ့ အချစ်ရေးကို ဖန်တီးဖို့ ခဲယဉ်းနေပါလိမ့်မယ်။

(၁၁) နိုဝင်ဘာလတွင် မွေးဖွားသူများ

နိုဝင်ဘာလမှာ မွေးဖွားတဲ့သူတွေက သူများထက်ပိုပြီး ခြေတစ်လှမ်းသာနေရမှ ကျေနပ်တတ်ကြ ပါတယ်။ အရာရာကို ဦးစားပေးခံချင်ကြပြီး အချစ်ရေးမှာဆိုလည်း အတ္တကြီးနေသယောင် ထင်ခံရ တတ်ပါတယ်။

(၁၂) ဒီဇင်ဘာလတွင် မွေးဖွားသူများ

ဒီဇင်ဘာလတွင်း မွေးဖွားသူတွေက ရိုးသားပွင့်လင်းတတ်ကြပြီး တခါတရံမှာ စိတ်မရှည်တတ်ကြတဲ့ သူတွေပါတဲ့။ ဒါပေမယ့် ဒီစိတ်ကို ထိန်းချုပ်နိုင်ပြီး ပြဿနာကို ခေါင်းအေးစွာ ဖြေရှင်းတတ်တဲ့ စိတ်ကြောင့် အချစ်ရေးမှာ အကောင်းဆုံး control လုပ်နိုင်တဲ့ သူတွေပါပဲ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*