ဒူးရင်းသီးမှာ ရှိနေတဲ့ အံ့မခန်း အကျိုးကျေးဇူးများ

ဒူးရင်းသီးဆိုတာ နတ်သုဒ္ဒါအသီးလို့ တင်စားရအောင်ပင် အင်မတန် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ အသီးဖြစ်ပါတယ်။ ကြိုက်တဲ့သူတွေကတော့ နေရာမရွေးပင် ဒူးရင်းသီးမှ ဒူးရင်းသီးဆိုပေမယ့် မကြိုက်တဲ့သူတွေကလည်း အနံ့တောင် မခံနိုင်ကြပါဘူး။

ဒူးရင်းသီးက အခြားအသီးတွေထက်လည်း ပေးရတာဈေးပိုကြီးသလို သူ့မှာပါဝင်တဲ့ အကျိုးကျေးဇူးတွေကလည်း အံ့မခန်းပါပဲ။

၁။ အားအင်ပြည့်ဝတယ်။ ဒူးရင်းသီးဟာ လူ့ခန္ဓာကိုယ် အားအင်ပြည့်ဝဖို့အတွက် လိုအပ်တဲ့ ကာဗွန်ဟိုက်ဒရိတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက် energy ပြန်ဖြည့်ပေးတဲ့ အကောင်းဆုံး အသီးအနှံပါပဲ။

၂။ စိတ်ဖိစီးမှုကို လျော့ကျစေတယ်။ လေ့လာမှုတွေအရ ဒူးရင်းသီးဟာ စိတ်ဖိစီးမှုများဖြစ်စေတဲ့ အခြေအနေမှ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ပုံမှန်စားမယ်ဆိုရင် စိတ်ဓါတ်ကျခြင်း၊ စိတ်ဖိစီးခြင်း စတဲ့ အခြေအနေတွေကနေ ကင်းဝေးစေနိုင်ပါတယ်။

၃။ အရိုးနှင့်သွားများကို ကျန်းမာစေတယ်။ သူ့မှာပါဝင်တဲ့ ကယ်လ်စီယမ်၊ ပိုတက်စီယမ် နှင့် ဗီတာမင်ဘီ တို့က သွားနှင့်အရိုးများကို ကျန်းမာသန်စွမ်းစေပါတယ်။

၎။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်။ ဒူးရင်းသီးမှာလည်း ဗီတာမင်စီပါဝင်ပြီး ဓါတ်တိုးဆန့်ကျင်မှုများကို ထိန်းညှိပေးကာ သင့်ကိုအရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုမှ နှေးကွေးစေနိုင်ပါတယ်။

၅။ အစာခြေစနစ်ကို ကောင်းမွန်စေတယ်။ အမျှင်ဓါတ်များကြွယ်ဝတဲ့ ဒူးရင်းသီးက သင့်ရဲ့ အူတွင်းလုပ်ဆောင်ချက်တွေကို ကောင်းမွန်စေရုံမက ကျန်းမာတဲ့ အစာခြေစနစ်ကို ပေးစွမ်းနိုင်တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။ အစာခြေစနစ်ကောင်းမွန်တာကြောင့် ဝမ်းကိုလည်း ပုံမှန်သွားစေမှာပါ။

၆။ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ သူ့မှာပါဝင်တဲ့ မဂ္ဂနီဆီယမ်က သွေးတွင်းသကြားဓါတ်ကို လိုတာထက်မပိုသွားအောင် ထိန်းညှိပေးတာကြောင့် ဆီးချိုရှိသူများပင် ကြောက်ရွံစရာမလိုဘဲ စားနိုင်တယ်လို့ ဆိုပါတယ်။

၇။ သွေးပေါင်ချိန်ကိုလည်း ညီမျှစေတယ်။ ပိုတက်စီယမ်ဓါတ်က သွေးတွင်း ဆိုဒီယမ် level ကိုထိန်းညှိပေးလို့ ပုံမှန်စားပေးမယ်ဆိုလျှင် သွေးတိုးခြင်း နှင့် အခြားကျန်းမာရေးအခြေအနေများမှ ကာကွယ်ပေးနိုင်ပါတယ်။

၈။ သွေးအားနည်းတတ်သောသူများအတွက်လည်း ကုသပေးနိုင်တယ်။ ဒူးရင်းသီးဟာ သဘာဝအတိုင်း ဖောလစ်အက်ဆစ်နှင့် သံဓါတ်များ ပါဝင်လို့ သွေးအားနည်းသူများ စားသုံးမယ်ဆိုလည်း ကျန်းမာရေးကောင်းမွန်စေပါတယ်။ တကူးတက သံဓါတ်အားတိုးဆေး၊ ဖောလစ်အက်ဆစ်များပင်ေ သာက်စရာမလိုတော့ပါဘူး။

၉။ ကိုယ်တွင်းအင်ဇိုင်းများကို ကောင်းမွန်စွာ လည်ပတ်စေရန် လှုံ့ဆော်ပေးတာကြောင့် နှလုံးရောဂါနှင့် ပတ်သတ်သော ရောဂါများမှလည်း ကာကွယ်ပေးပါတယ်။

၁၀။ ဒူးရင်းသီးဟာ လိင်ပိုင်းဆိုင်ရာစိတ်ဆန္ဒ (ကာမစိတ်)ကိုလည်း တက်ကြွအောင် အကောင်းဆုံး လှုံ့ဆော်ပေးနိုင်လို့ အိမ်ထောင်သည်များ စားသုံးခြင်းဖြင့် အိမ်ထောင်မှုသုခကိုလည်း ရရှိခံစားနိုင်မှာပါ။

Related image

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*