ချစ်သူယောက်ျားထံမှ ရူးခါနေအောင် အချစ်ခံရမယ့် လျှို့ဝှက်နည်းလမ်း ၇သွယ်

အချစ်ရေးမှာ စိတ်ညစ်ရတာက များနေပြီလား။ ပြဿနာတွေ အမြဲတက်နေလား။ ပြဿနာတစ်ခုတက်ပြီဆိုရင် ယောက်ျားလေးဘက်ကိုပဲ အမြဲအပြစ်တင်နေလို့မရပါဘူး။ ကိုယ်တိုင်ရော အပြစ်ကင်းလားဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ သင့်ချစ်သူအမျိုးသားက သင်မှသင် ဆိုပြီး ရူးခါနေဖို့အတွက် အောက်ပါအချက်တွေ ရှိနေမှ၊ လုပ်ဆောင်မှ ဖြစ်နိုင်မှာပါ။

၁။ မိမိကိုယ်ကို လေးစားမှု ရှိပါစေ

မိမိကိုယ်ကို တန်ဖိုးမထား၊ မလေးစားတာလောက် အရုပ်ဆိုး အကျည်းတန်တာ မရှိပါဘူး။ သင်ဟာ ကိုယ့်ကိုကိုယ် လေးစားမှုမရှိလေ သင့်ရဲ့လက်တွဲဖော်ဆီကလည်း လေးစားမှု ရရှိနိုင်မှာ မဟုတ်ပါဘူး။ ကြာလာရင် မကောင်းတဲ့အဆုံးသတ်သာ ဖြစ်သွားနိုင်ပါတယ်။

၂။ ပင်ပန်းလာတဲ့အခါ သူ့ရင်ခွင်မှာ ခေါင်းမှီပါ

အလုပ်ကြောင့်၊ လူမှုရေး၊ စီးပွားရေး စသဖြင့် စိတ်ညစ်ပြီး ပင်ပန်းလာတဲ့အခါတိုင်း သင့်လက်တွဲဖော်ရဲ့ ရင်ခွင်မှာ ခေါင်းလေးမှီပြီး ပင်ပန်းမှုတွေ ဖြေဖျောက်လိုက်ပါ။ ဒီလိုလုပ်တဲ့အခါတိုင်း မိမိရဲ့မိန်းကလေးကို အကာအကွယ်ပေးရမယ်ဆိုတဲ့စိတ်မျိုး ဝင်လာတတ်ပြီး အချစ်ပိုတတ်ပါတယ်။

၃။ ရိုးသားပွင့်လင်းပါ

ရိုးသားပွင့်လင်းမှုက ချစ်စရာပါ။ ဒီလိုပဲ ရိုးသားတဲ့မိန်းကလေးကိုလည်း ချစ်သူရဲ့ ချစ်ခြင်းကို ခံယူရမှာပါ။

၎။ လက်ခံတတ်ပါစေ

သင်ဟာ ချစ်သူရဲ့ စွဲလမ်းချစ်ခင်မြတ်နိုးမှုကို ရယူလိုလျှင် သူနှင့်ပတ်သတ်ပြီး အရာအားလုံးကိုလည်း လက်ခံနိင်မှ ဖြစ်ပါမယ်။ သူ့ရဲ့ အမူအကျင့်၊ စရိုက်၊ ဗီဇ၊ ပတ်ဝန်းကျင်၊ အလုပ်အကိုင် စတာတွေကိုလည်း လက်ခံနိုင်မှဖြစ်ပါမယ်။ အမြဲတမ်း ပြုပြုယူဖို့ဆိုတာ မဖြစ်နိုင်သလို ဒီလို မကြာခဏ ပြုပြင်ပြောင်းလဲစေခိုင်းခြင်းက အမျိုးသားများ သူတို့မိန်းကလေး အနားမှ ထွက်သွားရတဲ့ အကြောင်းအချက်တွေထဲမှာ ပါပါတယ်။ သင်ကိုယ်တိုင် အရှိအရှိတိုင်း လက်ခံနိုင်ဖို့ လိုပါတယ်။

၅။ ကားမောင်းနေတဲ့အချိန် လက်ကိုင်ထားပေးပါ

ထူးတော့ထူးဆန်းနေမှာပဲ။ ဒါပေမယ့် သူတို့ကားမောင်းနေတဲ့အချိန် ဘေးကနေ လက်ကလေးကို ကိုင်ထားပေးတာက အမျိုးသားအတွက် နွေးထွေးကြင်နာမှုကို ခံစားရပါတယ်တဲ့။

၆။ ယုံကြည်မှုရှိပါ

သိပ်ဟုတ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ မိန်းကလေးက ကမ္ဘာပေါ်မှာ ဆွဲဆောင်မှု အရှိဆုံးပါပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ အမျိုးသားအတွက်တော့ အကြွေဆုံး အချက်ထဲမှာ ပါပါတယ်။

၇။ နားလည်မှုရှိပါ

ကျန်တာဆိုးနေရင်တောင် ငါ့မိန်းကလေးက ငါ့အပေါ် နားလည်မှုပေးတယ်ဆိုတဲ့ အချက်နဲ့တင် အရာတော်တော်များများကို ကျော်လွှားသွားနိုင်ပါတယ်တဲ့။ ရစ်တာက ချစ်စရာဆိုပေမယ့် နားလည်မှုမရှိတဲ့ မိန်းကလေးမျိုးကိုတော့ အမျိုးသားတွေ ကြောက်ပါတယ်။ တစ်ဘဝလုံးစာ လက်တွဲဖို့အတွက်လည်း မစဉ်းစားရဲပါဘူး။

ကိုယ့်ချစ်သူရဲ့ တမ်းတမ်းစွဲ ချစ်ခင်စုံမက်မှုကို ရရှိကြပါစေ။

CHAN (ရွှေအင်းလေး)

 

 

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*