ရှိရင်းစွဲ အသက်ထက် လူကို ပိုရင့်စေနိုင်တဲ့ အစားအစာ ( ၈ ) မျိုး

သက်တူရွယ်တူ တင်မက ကိုယ့်ထက်အသက်ကြီးတဲ့သူတွေနဲ့ ယှဉ်လိုက်ရင်တောင် ကိုယ့်ရဲ့ရုပ်ရည်က ပိုအိုတယ်လို့ ခံစားနေရလား။ တချို့အရာတွေက သင်ကိုယ်တိုင် စားသောက်နေတဲ့အရာတွေကနေ သင့်ကို အိုမင်းရင့်ရော်တဲ့ side effect တွေကို ပေးနေပါတယ်။ အထူးသဖြင့် အောက်ဖော်ပြပါ အစားအစာ ၇မျိုးကို မကြာခဏ၊ စွဲစွဲလမ်းလမ်း စားသုံးတတ်သူတွေဆိုရင်တော့ ပိုပြီး အိုလွယ်နိုင်ပါတယ်။

၁။ဆား (အငန်ဓါတ်)

ဘာစားစား လေးလေးပင်ပင်ရှိမှ စားတတ်တယ် ဟုတ်လား။ အဲ့ဒါဆို သူများထက် အရင် နှစ်ဆ ပိုအိုလိမ့်မယ်။ ဆား စားသုံးမှုများခြင်း၊ အငန်ကြိုက်ခြင်းဟာ အရေပြားတွန့်ခြင်းကို အားပေးပြီး အထူးသဖြင့် မျက်လုံးတဝိုက် အရေးအကြောင်းတွေကို ဖြစ်စေပါတယ်။

၂။သကြား

ဆားထက်ပိုဆိုးတာကတော့ သကြားပါ။ တကယ့်ကို အသံတိတ်လက်နက်ပါပဲ။ အသားအရေကြည်လှပပြီး နုပျိုလိုလျှင်တော့ သကြား (အချို) စားသုံးမှုကို လျှော့နိုင်သလောက် လျှော့ချပါ။ အချိုကြိုက်တဲ့သူတေ  အထူးသတိထားဖို့ အကြံပြုထားပါတယ်။

၃။ကော်ဖီ

ကော်ဖီဟာ အသားအရည် နှင့် သွား ကျန်းမာလှပမှုအတွက် သောက်ဖို့ မသင့်လျော်တဲ့ အရာပါ။ အသားအရေကို ခြောက်သွားစေတတ်သလို၊ သွားတွေကိုလည်း ၀ါထိန်ထိန်ဖြစ်စေတာမို့ လူကို ပိုပြီး ရင့်ရော်စေပါတယ်။

၎။အရက်

ပြောရာတောင် လိုမယ်မထင်ဘူးနော်။ ရုပ်ချောနုပျိုတဲ့ အရင်သမား တွေ့ဖူးလား။ အရက်သောက်တဲ့အခါ ရေဓါတ်ကို အများဆုံးရှုံးတတ်ကြတာမို့ အိုမင်းရင့်ရော်တဲ့ပုံ ပေါက်နေတတ်တာ အထူးအဆန်းမဟုတ်တော့ပါဘူး။

၅။ကြွက်သားအမျှင်ပါတဲ့အသား

ကျန်းမာရေးသုတေသီတွေရဲ့ အဆိုအရ ကြွက်သားအမျှင်ပါတဲ့အသားတွေကို တစ်ပတ်ကို တစ်ခါထက်ပိုမို စားသုံးခြင်းဟာ ပါးရေတွန့်စေပါတယ်တဲ့။

၆။အပူအစပ်များ

ဒီခေတ်မှာ အားလုံးက spicy မှ spicy ဖြစ်နေကြပါပြီ။ ဒါဟာ ကောင်းတဲ့အလေ့အထတော့ မဟုတ်ပါဘူး။

ငရုတ်သီး အများကြီးထည့်ချက်ထားတဲ့ အစားအသောက်တွေကို စားမယ်ဆိုရင် ဒါဟာ အသားအရေအတွက် အများကြီး ထိခိုက်သွားပြီလို့သာ တွေးလိုက်ပါ။ သွေးကြောတွေကို ပိတ်ဆို့မှုဖြစ်စေနိုင်တဲ့ ဒီလို ပူစပ်စေတဲ့ အစားအသောက်တွေဟာ သင့်မျက်နှာ အရေပြားကိုလည်း တွန့်စေပါတယ်။

၇။ဆိုဒါ

သွားနဲ့အသားအရေကို ဂရုစိုက်ချင်သူတွေအတွက်တော့ ဒါလည်းရှောင်ကိုရှောင်သင့်တဲ့အရာပါ။ အထူးသဖြင့် အက်ဆစ်ဓာတ် များတာကြောင့် သွားအတွက် မကောင်းဘူးဆိုတာ သိထားရပါလိမ့်မယ်။ ဆိုဒါပါတဲ့ အအေးတွေဆို သိပ်သောက်ကြတဲ့သူတွေ သတိထား။

၈။ Fast Food များ

ဆီကြော်မုန့်လို fast food တွေကလည်း သင့်မျက်နှာကို အိုမင်းရင့်ရော်စေလို့ မကြာခဏ စားသုံးတဲ့အကျင့်ကို ပြုပြင်ဖို့လိုပါတယ်။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*