Latest post

အကြွေးဆပ်ဖို့ အိမ်ရောင်းရတော့မယ့် ကေတီပရိုက်စ်

EDITORIAL -- USE ONLY. NO MERCHANDISING Mandatory Credit: Photo by Ken McKay/ITV/REX/Shutterstock (9766456bd) Katie Price

ကေတီပရိုက်စ်ဟာ အကြွေးတွေဆပ်ဖို့အတွက် အိမ်ရောင်းရတော့မယ့်အရေးနဲ့ ရင်ဆိုင်နေရပါပြီ။

ကလေးငါးယောက်ရဲ့ မိခင်ဖြစ်တဲ့ ကေတီပရိုက်စ်ဟာ အကြွေးတွေနဲ့ ရုန်းကန်နေရတာကြောင့် အဖြစ်နိုင်ဆုံး နောက်ခြေလှမ်းကတော့ မိသားစုနေတဲ့ Horsham စံအိမ်ကို ရောင်းထုတ်ရတာဖြစ်ဖို့ရှိနေပါတယ်။

Credit: instagram

အသက် ၄၀ ရှိနေပြီဖြစ်တဲ့ ကေတီပရိုက်ဟာ ခင်ပွန်းဟောင်းနဲ့ ကွာရှင်းပြတ်စဲရာမှာ ပေါင် ၄၅ သန်းလောက် အတောင်းခံရတာ၊ ကလေးထိန်းဟောင်းနဲ့ အလုပ်သမားခုံရုံးမှာ အမှုရင်ဆိုင်ခဲ့ရတာ၊ နေအိမ်ကို ထိန်းသိမ်းဖို့အတွက် ကုန်ကျစရိတ်တွေများခဲ့တာတွေ စုပေါင်းပြီး အခုလို အိမ်ရောင်းရမယ့်အခြေအနေဆိုက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ကေတီပရိုက်စ်ရဲ့ ခင်ပွန်းဟောင်း ကီရန် ဟေလာက ကေတီပရိုက်စ်ကြောင့် အလုပ်ထွက်ခဲ့ရတယ်ဆိုပြီး ပေါင် ၄၅ သန်းတောင်းခံခဲ့တာ ဖြစ်ပါတယ်။

Mandatory Credit: Photo by Palace Lee/REX/Shutterstock (9745035b) Kris Boyson and Katie Price Katie Price and Kris Boyson out and about, Brighton, UK - 07 Jul 2018 Katie Price and Kris Boyson at Shoosh night club

ကေတီပရိုက်စ်ဟာ ခင်ပွန်းဖြစ်သူရဲ့  ဖောက်ပြန်မှုကိုပါ ရင်ဆိုင်ခဲ့ရပြန်ပါသေးတယ်။ ခင်ပွန်းဖြစ်သူ ဟေလာဟာ အိမ်မှာနေခဲ့တဲ့ ကလေးထိန်းနဲ့ တစ်နှစ်လောက် ဖောက်ပြန်ခဲ့တာကို အီးမေးလ်တွေကတစ်ဆင့် ကေတီပရိုက်စ်က ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကလေးထိန်းနစ်ကီဘရောင်းဆိုတဲ့ အမျိုးသမီးကလည်း ကေတီပရိုက်စ်ဆီမှာ လုပ်အားခတွေ အကြွေးရှိတယ်ဆိုပြီး အလုပ်သမားခုံရုံမှာ တိုင်တော့ အမှုရင်ဆိုင်ရပြန်တယ်။

နစ်ကီဘရောင်းက အစပိုင်းမှာတော့ သူနဲ့ ကီရန်ဟေလာ မဖောက်ပြန်ခဲ့ဘူးလို့ ငြင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ဝန်ခံခဲ့တယ်။

ကေတီပရိုက်စ်ပြောတာကတော့ သူယောကျာ်းကိုယ်တိုင် ထုတ်ဖော်ဝန်ခံထားတယ်လို့လည်း ဆိုတယ်။

“ကီရန်က ကျွန်မကို ဝန်ခံထားပါတယ်။ ဒီအိမ်ထဲမှာ တစ်နှစ်လောက် နေရာအနှံ့ လိင်ဆက်ဆံခဲ့ကြတယ်ဆိုတာ..” လို့ ကေတီပရိုက်စ်က ပြောတယ်။

“သူတို့ဟာ ကျွန်မတို့ လင်မယားအိပ်ခန်းကလွဲလို့ တစ်အိမ်လုံး နေရာအနှံ့မှာ လိင်ဆက်ဆံခဲ့ကြတယ်။ ကလေးတွေအိပ်တဲ့ အိပ်ခန်းထဲမှာတောင် ဆက်ဆံခဲ့ကြပါတယ်” လို့ ကေတီပရိုက်စ်က ထုတ်ပြောထားပါတယ်။

ကေတီပရိုက်စ်ဟာ ဒီအိမ်ကို ၂၀၁၀ ခုနှစ်တုန်းက ပေါင် ၁ ဒသမ ၃ သန်းနဲ့ ဝယ်ခဲ့တာဖြစ်ပြီး တစ်လကို ထိန်းသိမ်းစရိတ် ပေါင် ၁၀၀၀၀ လောက်ကုန်တယ်လို့ ဆိုပါတယ်။

အခုအချိန်မှာ နေအိမ်ရဲ့ တန်ဖိုးက ပေါင် ၂ သန်းဝန်းကျင် ဖြစ်ပါတယ်။

Credit: ITV

ဒါပေမယ့် နေအိမ်ရောင်းပြီးတာတောင် ကေတီပရိုက်စ်ရဲ့ လက်ထဲမှာ ပိုက်ဆံများများကျန်ဖွယ်မရှိပါဘူး။

Cherie (Shweinnlay)

 

Be the first to comment

Leave a Reply

Your email address will not be published.


*