အင်းစက်ပိုးမွှားအကောင်များ အကိုက်ခံရတဲ့အခါ မဖြစ်မနေ ပြုလုပ်သင့်တဲ့ အချက်များ

မတော်တဆ ခြင်၊ သန်း၊ ကြမ်းပိုး၊ ပုရွတ်ဆိတ်၊ ပျား ကဲ့သို့ အင်းစက်ပိုးမွှားအကောင်များရဲ့ ကိုက်မှုကို ခံရတဲ့အခါ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ဘာလိမ်းလို့လိမ်းရမှန်းမသိ ဖြစ်တတ်ပါတယ်။ အခန့်မသင့်လျှင် အန္တရာယ်ရှိနိုင်တာကြောင့်
လိမ်းဆေးတိုင်းလည်း လိမ်းလို့ မရပါဘူး။ ဒါကြောင့်မို့ ဒီလိုအကိုက်ခံရတဲ့အခါ ဘယ်လိုအရာတွေကို အရင်လုပ်သင့်တယ်ဆိုတာနဲ့ ဘယ်အရာတွေက သက်သာပျောက်ကင်းစေနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ရေခဲ
အကောင်ကိုက်ခံရတဲ့အခါ နီးမြန်းလာပြီး ယားယံမှုကို ခံစားရမှာ မလွဲမသွေပါပဲ။ ထိုအခါ ကုတ်ခြင်းပြုခြင်း မလုပ်ဘဲ ရေခဲတုံး (သို့) အေးမြနေသော အရာတစ်ခုခုနှင့် ဖိကပ်ထားလိုက်ပါ။ နီးမြန်းယားယံခြင်းတွေကို အမြန်ဆုံး သက်သာစေပါလိမ့်မယ်။
ဒါဆိုရင် အဖုအပိန့်တွေလည်း ထလာမှာ မဟုတ်တော့ပါဘူး။

၂။ Essential Oil များ အသုံးပြုပါ။
အုန်းဆီ၊ သံလွင်ဆီ၊ လာဗင်ဒါဆီကဲ့သို့သော essential oil များကို အကောင်ကိုက်ခံရတဲ့အခါ ချက်ချင်းလိမ်းပေးမယ်ဆိုလျှင် ယားယံခြင်း၊ နာကြင်ခြင်းတွေကို အားလုံးနီးပါး လျော့နည်းသက်သာစေပါတယ်။

၃။ ရှာလကာရည်
ဟုတ်ပါတယ်။ ရှာလကာရည်ကလည်း အင်းစက်ပိုးမွှားအကိုက်ခံရတဲ့အခါ အသုံးပြုနိုင်တဲ့ အလွယ်နည်းလမ်း တစ်ခုပါပဲ။ သူ့မှာ အက်ဆစ်ဓါတ်အနည်းငယ်ပါဝင်ပြီး ထိုအက်ဆစ်ဓါတ်ကပင် အကောင်ကိုက်ခံရလို့ ဖြစ်လာတဲ့
အဖုအပိန့်၊ ယားနာ၊ နာကြင်မှုတွေကို သက်သာစေပါတယ်။ အကိုက်ခံရတာနဲ့ အိမ်မှာရှိတဲ့ ရှာလကာရည်အနည်းငယ်ကိုသာ သုတ်ပေးထားလိုက်ပါ။

၎။ သွားတိုက်ဆေး
သွားတိုက်ဆေးတွေမှာ menthol ပါဝင်မှု ကြွယ်ဝတာကြောင့် အကောင်ကိုက်ခံရတဲ့အခါ သုတ်လိမ်းပေးထားမယ်ဆို အမြန်ဆုံး သက်သာပျောက်ကင်းသွားပါလိ့မ်မယ်။

၅။ သံပုယိုရည်
သံပုယိုရည်ကတော့ antibacterial ဖြစ်လို့ ပိုးမွှားတွေကို သေစေနိုင်ပြီး အကောင်ကိုက်ခံရတဲ့အခိုက်အတန့်မျိုးမှာလည်း အရေပြားပေါ် သုတ်လိမ်းပေးလို့ ရပါတယ်။ သတိထားရမှာကတော့ သုတ်လိမ်းပြီး နေရောင်ခြည်နဲ့ မထိတွေ့မိဖို့ပါပဲ။
နေရောင်နဲ့ သံပုယိုရည်ထိလိုက်တဲ့အခါ အသားအရေလောင်တာတွေ ဖြစ်လာနိင်တဲ့အတွက် ဒီနည်းလမ်းကိုရွေးချယ်ရင်တော့ အိမ်ထဲမှာသာ နေသင့်ပါတယ်။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*