Nestlé BEAR BRAND မှ မြန်မာနိုင်ငံတစ်ဝှမ်း ရှိ သံဓာတ်ချို့တဲ့နေသောသူများအတွက် သံဓာတ်ပိုမိုပါဝင်သော Nestlé BEAR BRAND မော့မစ်များအား အခမဲ့ ဖြန့်ဝေပေးခဲ့

Nestlé မှ Nestlé Bear Brand မော့မစ် ခွက်ရေ တစ်သန်းကျော်အား မြန်မာနိုင်ငံတစ်ဝှမ်းတွင်  ဖြန့်ဝေသွားမည်ဖြစ်သည်။

 

Nestlé BEAR BRAND မှ ၎င်း၏ လူမှုအကျိုးပြုလှူဒါန်းမှုအစီအစဉ်ကို စတင်ခဲ့ပြီး Nestlé BEAR BRAND မော့မစ် ခွက်ရေပေါင်း တစ်သန်းအား လာမည့် နှစ်ကုန်အထိ မြန်မာပြည်အနှံ့ရှိ မြို့ကြီးများတွင် လှူဒါန်းမှုများနှင့် သံဓာတ်အသိပညာပေးမှုများအား ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ လူမှုအကျိုးပြုလှူဒါန်းမှုအနေဖြင့် သံဓာတ်ပြည့်ဝလုံလောက်စေခြင်း၏ အကျိုးကျေးဇူးများအား နားလည်သဘောပေါက်စေပြီး သံဓာတ်ပြည့်ဝလူမှုဘ၀ကို တည်ဆောက်နိုင်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ ပြီိးခဲ့သည့်နှစ် အတွင်းတွင်လည်း သံဓာတ်ချို့တဲ့မှုမှ ကာကွယ်ရန်အတွက် “ကြံ့ခိုင်ထက်မြက်သော မိသားစုအတွက် ရပ်တည်လျက်” ပရဟိတလှုပ်ရှားမှုအား နိုင်ငံတစ်ဝှမ်းလုံး အတိုင်းအတာဖြင့် ကျင်းပ  ပြုလုပ်ခဲ့ပြီး ယခုအခါတွင်လည်း  မြန်မာပြည်အတွင်း သံဓာတ်ချို့တဲ့မှုအား ကာကွယ် တိုက်ဖျက်ရန်အတွက် Nestlé BEAR BRAND မော့မစ် ခွက်ပေါင်း တစ်သန်းအားဖြန့်ဝေသွားမည်ဖြစ်ပြီး နိုင်ငံအတွင်းတွင်ဖြစ်ပွားနေသော သံဓာတ်ချို့တဲ့မှုမှ ကာကွယ်နိုင်စေမည့် ခြေလှမ်းတစ်ရပ်ပင်ဖြစ်သည်။

 

လူမှုအသိုင်းအ၀ိုင်းအကျိုးပြုလှူဒါန်းမှုအစီအစဉ်

Nestlé BEAR BRAND မှ ကျင်းပပြုလုပ်သော အဆိုပါ လူမှုအသိုင်းအ၀ိုင်းအကျိုးပြုလှူဒါန်းမှုအစီအစဉ်အား ပုသိမ်၊မန္တလေး ၊မကွေး စသော မြို့ကြီးများတွင် ဇူလိုင် နှင့် သြဂုတ်လအတွင်း ကနဦး လုပ်ဆောင်သွားမည်ဖြစ်သည်။

 

အဆိုပါလှူဒါန်းမှုတွင် Nestlé BEAR BRAND မော့မစ် အားအခမဲ့တိုက်ကျွေးခြင်း၊  အာဟာရဆိုင်ရာပညာရှင်များမှ သံဓာတ်ချို့တဲ့မှုအကြောင်းနှင့်သံဓာတ်အသိပညာပေးဟောပြောပွဲအကြောင်းအရာအားဟောပြောဆွေးနွေးပေးခြင်း၊ ပွဲတက်ရောက်သူများအနေဖြင့် မိမိတွင် သံဓာတ်ချို့တဲ့မှု  ရှိမရှိအား ဆရာဝန်များဖြင့်အခမဲ့ စစ်ဆေးနိုင်ခြင်းအခွင့်အရေးများအပြင် စိတ်လှုပ်ရှားဖွယ်  ဂိမ်းအစီအစဉ်များ၊  သံဓာတ်ချို့တဲ့သူများအနေဖြင့် Nestlé BEAR BRAND  မော့မစ်အထုပ်ငယ်များအား  တစ်လတာ   အခမဲ့ သောက်သုံးခွင့်ရရှိမည့် အခွင့်အရေးကိုရယူနိုင်မည် ဖြစ်သည်။

 

“ပြီးခဲ့တဲ့နှစ်က မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သံဓာတ်ချို့တဲ့ခြင်းကို တိုက်ထုတ်ကာကွယ်ဖို့ လူပေါင်း ၁သန်းကျော် ပါဝင်ခဲ့တာကိုတွေ့ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ဒီနှစ်မှာဆိုရင်လည်း အရင်က ကတိပြုထားတဲ့အတိုင်း Nestlé BEAR BRAND မော့မစ် ခွက်ရေ ၁ သန်းကို  မြန်မာနိုင်ငံအနှံ့မှာဖြန့်ဝေပေးသွားပြီး  မြန်မာ့လူမှုအသိုင်းအဝိုင်းကိုပြန်လည်အ ကျိုးပြုခွင့်ရတဲ့ အတွက် ဂုဏ်ယူမိပါတယ်။’’ ဟု Nestlé Myanmar Co., Ltd မှ Senior Marketing Manager (Diary & Culinary) Ivy Tan မှ ပြောကြားခဲ့သည်။

 

သံဓာတ်ချို့တဲ့မှုရှိမရှိအား သိရှိနိုင်ရန် ဆရာဝန်များနှင့် အခမဲ့ စစ်ဆေးပေးခြင်း

လူအများတွင် သံဓာတ်ချို့တဲ့မှု ရှိမရှိကို သိရှိစေရန်အတွက် Nestlé BEAR BRAND အနေဖြင့်  ဆရာဝန်များနှင့် အခမဲ့ စစ်ဆေးခြင်းများအား ဇူလိုင်လ ၂၂ ရက်နေ့တွင် ပုသိမ်မြို့ တွင်ကျင်းပပြုလုပ်ခဲ့ပြီး၊ သြဂုတ်လတွင် မန္တလေးမြို့ နှင့် မကွေးအစရှိသည့်  မြို့ကြီးများတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကာ သံဓာတ်ပိုမိုပါဝင်ပြီး အရသာရှိသည့်  Nestlé BEAR BRAND မော့မစ်များကို တိုက်ကျွေးသွားမည်ဖြစ်သည်။ ###

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*