ဒီလို ဆီးပြဿနာတွေနှင့် ရင်ဆိုင်နေရလျှင် သင့်ကျောက်ကပ် ပျက်စီးနေပြီ..

ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်က ခန္ဓာကိုယ်အတွက် အလွန်အရေးပါလှပါတယ်။ ကိုယ်တွင်းရှိ သွေးတွေကို ၁၁၀ လီတာ မှ ၁၄၀ လီတာအထိ စစ်ထုတ်ပေးနေရတဲ့ ကျောက်ကပ်ဟာ ကျန်းမာနေဖို့ လိုအပ်ပါတယ် ။ ကျောက်ကပ်မကောင်းတဲ့အခါ သင့်ခန္ဓာကိုယ်မှာ လက္ခဏာရပ်တွေ စောစီးစွာ ပြလေ့ရှိပါတယ် ။

ကျောက်ကပ် လုပ်ဆောင်ချက်တွေ ပုံမှန်မဟုတ်တဲ့အခါ အများအားဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းနေရာတွေ ယောင်ရမ်းနာကြင်လာပါလိမ့်မယ် ။ ဥပမာ ခြေထောက် ၊ ခြေကျင်းဝတ် ၊ လက် ၊ မျက်နှာ နှင့် ခြေဖဝါးတဝိုက် နေရာတွေ နာကြင်နေတတ်ပါတယ် ။  အရေပြား ယားယံပြီး အလိုလိုနေရင်းလည်း မောပန်းနေတတ်ပါတယ် ။

Image result for urine and kidney

ကျောက်ကပ်ပျက်စီး၊ မပျက်စီးကို သိနိုင်ဖို့အတွက်ဆိုလျှင်တော့ ဆီးသွားတဲ့အခါ ဒါတွေကို စောင့်ကြည့်ပေးပါ။ ဒီအချက်တွေ ရှိနေလျှင်တော့ သင့်ကျောက်ကပ် ပျက်စီးနေပြီဆိုတဲ့ လက္ခဏာတွေပါပဲ။

၁ ။ ပုံမှန်မဟုတ်တော့ဘဲ ဆီးနည်းနည်းသာသွားခြင်း

၂။ ဆီးအရောင် ဖျော့တော့လာခြင်း ၊ မကြာခဏ ဆီးအရောင်ဖျော့များ များများသွားခြင်း

၃။ဆီးသွားလျှင် အမြှုပ်ထခြင်း

၎။ ဆီးအရောင် နက်မှောင်ပြီး နည်းနည်းလေးသာသွားခြင်း ၊ ဆီးသွားကြိမ်လည်း အလွန့်အလွန်နည်းသွားခြင်း

၅။ ဆီးသွားတဲ့အခါ ခက်ခဲခြင်း ၊အားစိုက်နေရခြင်း

၆။ ညဘက်တွင် မကြာခဏ ဆီးသွားချင်စိတ် ပိုဖြစ်ခြင်း

၇။ အခြား ဆီးနှင့်ပတ်သက်သော ပြဿနာများ ကြုံတွေ့ရခြင်း

အထက်ပါ လက္ခဏာရပ်တွေ ဖြစ်နေပြီဆိုလျှင်တော့ အခြေအနေအရမ်းမဆိုးခင်မှာ ဆရာဝန်နှင့် ကုသပေးဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။

CHAN (ရွှေအင်းလေး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*