မင်္ဂလာဦးညရောက်မှ လိင်ဆက်ဆံမယ်ဆိုတဲ့ မိန်းကလေး နာမည်ကြီးနေ

YouTube ဘလော့ဂါတစ်ဦးအဖြစ် နာမည်ကြီးပြီး follower ထောင်နှင့်ချီ၍ ရှိသော ကော့တနေး ရိုင်းဟူသည့် မိန်းကလေးက ၎င်းသည် မင်္ဂလာဦးညမတိုင်မီ လိင်ဆက်ဆံမှု ပြုလုပ်လိမ့်မည်မဟုတ်ကြောင်းနှင့် အခြားမိန်းကလေးများကိုလည်း မိမိကဲ့သို့ နေထိုင်လုပ်ဆောင် သင့်ကြောင်း အကြံပေးတိုက်တွန်းခဲ့သည့် ဗွီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင် နာမည်ကြီးနေသည်။

အသက်၂၁ နှစ်ရှိပြီဖြစ်သော ကော့တနေးရိုင်းသည် မော်ဒယ်လ်တစ်ဦးဖြစ်သည့်အပြင် ဘလော့ဂါတစ်ဦးလည်း ဖြစ်သည်။

ကော့တနေးရိုင်းက သူ၏ YouTube စာမျက်နှာတွင် မိမိ လိင်ဆက်ဆံရန်အတွက် မင်္ဂလာဦးအထိ စောင့်ဆိုင်းနေသည့် အကြောင်းကို ရှင်းပြခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁ ရက်၊ ညနေ ၆ နာရီ ၃၀ အချိန်အထိ ကြည့်ရှုသည့်အကြိမ်ရေ ၂၅၀၄၂၆ ရှိနေပြီ ဖြစ်သည်။

ဗွီဒီယိုဖိုင်အတွင်း ကော့တနေးရိုင်းက ပြောကြားရာတွင် လက်ထပ်ချိန်အထိ လိင်ဆက်ဆံမှုကို စောင့်ဆိုင်းထားလိုကြသော မိန်းကလေး များကို ရည်ရွယ်ပြောလိုခြင်းသာဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် လူမှုကွန်ရက်၌ အရာရာကို ကြည့်မြင်ခွင့်ရနေကြကြောင်း၊ စိတ်စေစားရာ အတိုင်း လိုက်လံမလုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

မင်္ဂလာဦးညမတိုင်မီ လိင်ဆက်ဆံခြင်းမပြုရန် ဆုံးဖြတ်ချက်ကို ငယ်စဉ်ကတည်းက ချမှတ်ခဲ့ခြင်းဖြစ်ပြီး အပျိုဘဝတွင် သန့်စင်စွာသာ နေထိုင်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း ကော့တနေးရိုင်းက ဆက်လက်ပြောကြားသည်။

ဘာသာတရားကိုင်းရှိုင်းသူ၊ ကက်သလစ်တစ်ဦးအဖြစ် ကြီးပြင်းခဲ့သော ရိုင်းက ပြောကြားရာတွင် ယခုရွေးချယ်မှုမှာ ဖြစ်လေ့ဖြစ်ထမရှိသည့် ဆုံးဖြတ်ချက်မျိုးဖြစ်သော်လည်း မိမိ၏ ကိုယ်ပိုင်ရွေးချယ်မှုသာဖြစ်ကြောင်းလည်း ရိုင်းက ဆိုသည်။

ကော့တနေးရိုင်းသည် အလှအပနှင့် ဖက်ရှင်အကြောင်းများ ရေးသားနေသူတစ်ဦးလည်း ဖြစ်သည်။

ရိုင်း၏ အဆိုအရ ဘဝလက်တွဲဖော်ကို တွေ့ချိန်အထိ လိင်မဆက်ဆံဘဲ စောင့်ဆိုင်းနေခြင်းတွင် အကြီးမားဆုံး အကျိုးကျေးဇူးများရှိသည် ဟု ဆိုသည်။

မင်္ဂလာဦးညမတိုင်မီ လိင်ဆက်ဆံမှုကို ချုပ်တည်းထားခြင်းသည် စိတ်ပိုင်း၊ ရုပ်ပိုင်းအရ ကောင်းကျိုးများရှိကြောင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်ရခြင်း၊ ရောဂါဘယရရှိခြင်းတို့ ရှောင်လွှဲနိုင်မည်ဖြစ်သည့်အပြင် မိမိ၏ ခင်ပွန်းအပြင် အခြားယောက်ျားများနှင့် ဆက်ဆံခဲ့သည့် အမည်းစက် ပုံရိပ်ဟောင်း ထင်ကျန်ရစ်ခြင်းများ မရှိစေနိုင်ကြောင်း ကော့တနေးရိုင်းက ယုံကြည်သည်။

ရိုင်းက အခြားမိန်းကလေးအချို့ နှင့် ဆွေးနွေးခဲ့ဖူးရာတွင် အဆိုပါမိန်းကလေးတို့က ပြန်လည်ပြောပြဖူးသည်မှာ မင်္ဂလာဦးညမတိုင်မီ လိင်ဆက်ဆံခဲ့ခြင်းများကို နောင်တရနေကြောင်း ပြောကြားကြသည်ဟု ဆိုသည်။

ကော့တနေးရိုင်းက သူ၏ ဗွီဒီယိုကို နိဂုံးချုပ်ရာတွင် သွေးဆောင်မှုများကို ရှောင်ရှားရန် အကြံပေးကြောင်းနှင့် အဝတ်အစားဝတ်ဆင်မှုကိုလည်း သတိပြုသင့်ကြောင်း အကြံပြုသွားသည်။

ကော့တနေးရိုင်း၏ ဗွီဒီယိုဖိုင်ကို ထောက်ခံသူများရှိသလို ကန့်ကွက်သူများလည်း ရှိနေသည်။

(ဗွီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ)

မိန်းကလေးတစ်ဦးက မှတ်ချက်ပြုရာတွင် “လက်ထပ်တဲ့အချိန်အထိ လိင်ဆက်ဆံတာ စောင့်ဖို့ ကျွန်မမှာ ပြဿနာမရှိပါဘူး။ ဒါပေမယ့် သန့်စင်စွာ နေတယ်ဆိုတဲ့ စကားလုံးသုံးတာကိုတော့ မကြိုက်ဘူး။ သန့်စင်တယ်ဆိုတဲ့ စကားဟာ လိင်ဆက်ဆံမှုရှောင်တာလောက် မဟုတ်ပါဘူး။ တခြားလူတွေအပေါ်အပြုအမူ၊ အကောင်းမြင်နေထိုင်မှု အစရှိသဖြင့် အများကြီးရှိပါတယ်” ဟု မှတ်ချက်ပြုသည်။

ကော့တနေးရိုင်း၏ ဗွီဒီယိုကို မနှစ်မြို့ ကြောင်း dislike ပေးသူ ၃၃၇ ဦးရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*