Latest post

သရဲ အကောင် ၂၀ နှင့် လိင်ဆက်ဆံခဲ့ပြီး ကိုယ်ဝန်ရနေပြီဖြစ်သော အမျိုးသမီး

အင်္ဂလန်အနောက်တောင်ပိုင်း၊ ဘရစ္စတိုးမြို့ တွင် နေထိုင်ေ သာ  အေမီသစ် ရမ်းအမည်ရှိ အမျိုးသမီးတစ်ဦးသည် တစ္ဆေသရဲပေါင်း အကောင် ၂၀ နှင့် လိင်ဆက်ဆံခဲ့ပြီး ယခုအခါ ကိုယ်ဝန်ရနေပြီဟု ဆိုသည်။

(ဗွီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ)

အေမီသည် လွန်ခဲ့သော ဆယ်စုနှစ်ခန့်ကစတင်ပြီး လူသားယောက်ျားတို့ကို စိတ်မဝင်စားတော့ဘဲ တစ္ဆေများကိုသာ စိတ်ဝင်စားလာခဲ့သည်။

သြစတေးလျနိုင်ငံသို့ အလည်အပတ်ခရီးထွက်ခဲ့စဉ် သူရဲတစ်ကောင်နှင့် ချစ်ကြိုက်ခဲ့ပြီး အဆိုပါသရဲနှင့် ကလေးရလိုစိတ် ဖြစ်ပေါ်ခဲ့သည်။

(အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်ရှိ နေအိမ်တစ်လုံးရှေ့ တွင် ကလေးတစ္ဆေကို တွေ့ရပုံ)

သြစတေးလျ သတင်းမီဒီယာများသို့ အေမီသစ်က ပြောကြားရာတွင် “တနေ့မှာ ကျွန်မဟာ ခြုံတောတွေကို ဖြတ်လျှောက်ရင်း သဘာဝအလှတွေကို ခံစားနေတုန်း ထူးဆန်းတဲ့အားတစ်မျိုးကို ရုတ်တရက် ခံစားလိုက်ရပါတယ်။ ဒါကျွန်မအတွက် ချစ်သူသစ် ရောက်လာတာပဲဆိုတာ သိလိုက်ပါတယ်” ဟု ပြောကြားသည်။

(ယူတားပြည်နယ်၊ ဆော့လိတ်စီးတီးရှိ အရက်ဘားတစ်ခုတွင် မည်းမည်းအရိပ်ကြီးတစ်ခု ထူးဆန်းစွာ တွေ့ခဲ့ရပုံ)

A small dark figure is seen looming by the bar in Salt Lake City, Utah

၎င်းတို့နှစ်ဦးအကြား မည်သို့မည်ပုံ အချစ်ရေး စခန်းသွားခဲ့ပုံ ကို မေးမြန်းရာ ၌ အေမီသစ်က ပြောကြားရာတွင် သူ၏ချစ်သူကို မမြင်ရသော်လည်း ကိုင်တွယ်ထိတွေ့နိုင်၊ လိင်ဆက်ဆံနိုင်ကြောင်း ဖြေကြားခဲ့၏။

(ပြင်သစ်နိုင်ငံရှိ နေအိမ်တစ်ခု၏ လသာဆောင်တွင် တစ္ဆေတွေ့ခဲ့ရပုံ)

A scraggly-haired, demonic-looking shadow stands on a balcony in France

အဆိုပါ တစ္တေသည် သြစတေးလျမှ ဗြိတိန်သို့ အေမီသစ်နှင့်အတူ လိုက်ပါနေထိုင်ခဲ့သည်ဟု ဆိုသည်။

(အင်္ဂလန်နိုင်ငံ၊ လီဗာပူးမြို့ ရှိ stuart ဟိုတယ်ပြတင်းတွင် ကြောက်မက်ဖွယ် မျက်နှာကြီး ချောင်းကြည့်နေသည်ကို တွေ့ခဲ့ကြရ)

A creepy face and headless body peeks from the window of Liverpool's Stuart Hotel

ယခုဖြစ်ရပ်မှာ ရူးနှမ်းသည်ဟု ထင်နိုင်ဖွယ်ရာရှိသော်လည်း လူသားတို့၏ ခန္ဓာကိုယ်အတွင်း ပိတ်မိကြသော ကလေးတစ္ဆေများကြောင့် တစ္ဆေကိုယ်ဝန်ရခြင်းမျိုးဖြစ်ပေါ်ခြင်းဖြစ်သည်ဟူသော သီအိုရီကိုလည်း အေမီသစ်က ပြောပြခဲ့၏။

(မက္ကဆီကိုနိုင်ငံ၊ chlhuahua မြို့ တွင် မကောင်းဆိုးရွား၏ ပုံရိပ် အမှတ်မထင် တွေ့ခဲ့ကြ)

A 'ghoul' is spotted in the Mexican state of Chihuahua

ပြီးခဲ့သော ၁၀ နှစ်ခန့်က ခင်ပွန်းလောင်းဖြစ်သူနှင့် လမ်းခွဲခဲ့ပြီးနောက် တစ္ဆေများရှိနေသည်ကို ပထမဆုံးစတင်ခံစားသိရှိခဲ့ခြင်းဖြစ်ကြောင်း အေမီသစ်က ပြောကြားသည်။

သို့နှင့် လက်တွေ့စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး တစ္ဆေများကို ညှို့ ယူဆွဲဆောင်ဖမ်းစားနိုင်ရန်အတွက် ပါးလွှာသည့် အတွင်းခံဘောင်းဘီသာ ဝတ်ဆင်ပြီး စောင့်ဆိုင်းနေရာ တစ္ဆေတစ်ကောင်ရောက်ရှိလာပြီး လိင်ဆက်ဆံခဲ့သည်ဟု ဆိုသည်။

 

ထိုစဉ်က အတွေ့အကြုံကို အေမီသစ်က ပြန်ပြောင်းပြောပြရာတွင် “အလေးချိန်တစ်ခုခု ခံစားလိုက်ရသလိုမျိုးပါပဲ။ ပေါင်ပေါ်ကို လာဖိတာ ခံစားလိုက်ရတယ်။ တချိန်တည်းမှာပဲ အသက်ရှုတာ၊ လိင်ဆက်ဆံတာတွေ ခံစားရပါတယ်” ဟု ပြောပြသည်။

တစ္ဆေနှင့် လိင်ဆက်ဆံရသည်မှာ လူသားများနှင့် လိင်ဆက်ဆံရသည်ထက် ပိုမိုကောင်းမွန်သည့် ခံစားရမှုရှိကြောင်းလည်း အေမီသစ်က ဆိုသည်။

ထိုသို့ လိင်ဆက်ဆံခဲ့ရာတွင် ကျေနပ်မှုအထွတ်အထိပ်သို့ ရောက်ရှိခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းရာတွင် အေမီသစ်က အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြောင်း ဖြေကြားခဲ့၏။

အခြားသတင်းများအရ ဗြိတိန်တွင် အပူချိန်များ မြင့်တက်လာမှုနှင့်အတူ တစ္ဆေသရဲ တွေ့မြင်ရမှုများလည်း များပြားလာသည်ဟု ဆိုသည်။

ယခု ရက်သတ္တပတ်အတွင်းတွင်ပင်လျှင် စောင့်ကြည့်ကင်မရာမှတစ်ဆင့် သရဲမြင်ခဲ့ရသည့် ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့သည်။

ပရလောက သုတေသီတို့က ပြောကြားရာတွင် အဆိုပါသရဲမှာ ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ် ပရက်စလေဖြစ်ပြီး မကျွတ်မလွတ်ဖြစ်နေခြင်းဖြစ်ကြောင်း ပြောကြားကြသည်။

Cherie (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*