Latest post

ဝမ်းလျှောခြင်းကို သက်သာသွားစေနိုင်တဲ့ နည်းလမ်းကောင်းများ

ဝမ်းလျှောတယ်ဆိုတာဟာ အခန့်မသင့်လျှင် အသက်ပါ ပါသွားနိုင်တဲ့အထိ အန္တရာယ်များတဲ့ ရောဂါပါ။ အစားမှားတဲ့အခါ၊ ရောဂါပိုးဝင်တဲ့အခါ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဝမ်းလျှောပြီဆိုလျှင် အမြန်ဆုံး ပြန်လည်သက်သာလာအောင် ပြုလုပ်ဖို့ အရေးကြီးပါတယ်။

ဝမ်းလျှော၊ ဝမ်းပျက်ဖြစ်တဲ့အခါ အင်မတန် အားအင်ကုန်ခမ်းပြီး လူပင်ပန်းတာမို့ စောစီးစွာ ကုသမှုပြုဖို့ အရေးကြီးပါတယ်။ ဆေးရုံ၊ ဆေးခန်း သွားနိုင်တာကတော့ အကောင်းဆုံးဖြစ်ပေမယ့် တစ်ခါတလေမှာ အကြောင်းကြောင့်ကြောင့် ဆေးခန်းသွားဖို့ မဖြစ်နိုင်တဲ့အခါမျိုးမှာ မိမိအိမ်မှာရှိတဲ့ အရာတွေနဲ့ပင် ပြန်လည်သက်သာအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်း တချို့ ရှိပါတယ်။

၁။ ပုံမှန်ချိန်မှာ ဝမ်းကောင်းအောင် အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးအရွက်များကို စားသုံးပေးရသော်လည်း ဝမ်းလျှောနေတဲ့အချိန်မှာတော့ အမျှင်ဓါတ်ကြွယ်ဝတဲ့ မည်သည့် အစားအသောက်ကိုမဆို ရှောင်ဖို့ အလွန် အရေးကြီးပါတယ်။

၂။ ကော်ဖီခါးခါးတစ်ခွက် သောက်လိုက်ပါ။ ကော်ဖီမှုန့်နဲ့ ဖျော်ထားတဲ့ ကော်ဖီခါးခါး ပြင်းပြင်းတစ်ခွက်က ဝမ်းသွားနေခြင်းကို ရပ်တန့်သွားအောင် ကူညီပေးနိုင်ပါတယ်။ (ကော်ဖီမစ်ထုပ်များ မသောက်ပါနှင့်)

၃။ ဝမ်းလျှောနေချိန်မှာ ဆုံးရှုံးသွားတဲ့ သတ္တုဓါတ်၊ အားအင်များကို ပြန်လည်ရရှိစေရန် ရေ၊ သကြား၊ ဆား နှင့် သံပုယိုရည် အနည်းငယ်တို့ကို ရောစပ်ဖျော်ပြီး သောက်ပါ။ ကြက်စွပ်ပြုတ်ကဲ့သို့ ပူပူနွေးနွေး အားပြန်ပြည့်စေမယ့် စွပ်ပြုတ်ရည်မျိုးကို သောက်သုံးပေးခြင်းကလည်း ကောင်းမွန်ပါတယ်။

၎။ နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းကို ရှောင်ပါ။

၅။ ခြေဖဝါးများ အေးမနေရအောင် နွေးနွေးထွေးထွေး ထားပေးပါ။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*