မတ်တပ်ရပ်နေခြင်းကလည်း အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်ကြောင်း လေ့လာသိရှိရ

လမ်းလျှောက်ခြင်းကပဲ အကောင်းဆုံးလေ့ကျင့်ခန်းမဟုတ်ဘူးနော်။ မတ်တပ်ရပ်နေခြင်းကလည်း သင့်အတွက် ကောင်းကျိုးများတဲ့ exercise တစ်ခုဆိုတာကို သိထားဖို့ လိုနေပြီ။

ပုံမှန်အားဖြင့် ကျွန်ုပ်တို့တွေက ချွေးထွက်ပြီး လှုပ်ရှားနေရတဲ့ လေ့ကျင့်ခန်းမျိုးတွေကိုမှ ကောင်းကျိုးများတယ်၊ ထိရောက်တယ်လို့ သိမှတ်ထားခဲ့ကြတယ်။ အခုနောက်ထပ် သိရှိခဲ့ရတာကတော့ အထူးတလည် လေ့ကျ့င့်ခန်းတွေ မလုပ်ဘဲ မတ်တပ်ရပ်နေခြင်းမှာပင် သင်မထင်ထားတဲ့ ကောင်းကျိုးတွေ ရှိနေတယ်ဆိုတာပါပဲ…

Image result for standing is good for you

အဆီတွေလောင်ကျွမ်းစေတယ်

ဟုတ်ပါတယ်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်တွင်းရှိ ဇီဝဖြစ်စဉ်တွေဟာ ထိုင်နေစဉ်အတွင်းမှာ အနည်ထိုင်နေသကဲ့သို့ အဆီတွေကို စုပြုံနေစေပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် မတ်တပ်ရပ်လိုက်တဲ့အခါ စားပွဲခုံကို ပြောင်းပြန်လှန်လိုက်သလို ထိုင်နေတုန်းမှာ စုနေခဲ့တဲ့ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ ကြွက်သားများရဲ့ သွေးကြောတွင်းရှိ အင်ဇိုင်းတွေဟာ နာရီအနည်းငယ်ကြာ မတ်တပ်ရပ်မှုမရှိလျှင် အဆီတွေကို လောင်ကျွမ်းမှု မပေးနိုင်ဘူးလို့ ကျွမ်းကျင်ပညာရှင်များက ဆိုထားပါတယ်။

ရောဂါများမှကာကွယ်ပေးတယ်

နောက်ထပ်လေ့လာမှုများအရ မတ်တပ်ရပ်နေခြင်းဟာ သွေးတွင်းသကြားဓါတ် နှင့် အဆီများကို ထိန်းချုပ်ပေးနိုင်ပြီး ကောင်းမွန်သော ကိုလက်စထရောများကိုလည်း တိုးတက်စေပါတယ်။ ဒီလေ့လာမှုတွင် လူ၈၀၀ ကို စမ်းသပ်ပါဝင်စေခဲ့ပြီး တစ်နေ့လျှင် အနည်းဆုံး ၂နာရီခန့် မတ်တပ်ရပ်နေလေ့ရှိတဲ့ သူတွေရဲ့ သွေးတွင်းသကြားဓါတ်မှာ ၂ ရာခိုင်နှုန်းအထိ လျော့ကျပြီး အဆီတွေဟာ ၁၁ ရာခိုင်နှုန်းအထိ လျော့ကျတာကို တွေ့ရှိခဲ့ရပါတယ်။

သင့်အနေနဲ့ မတ်တပ်ရပ်ရုံဖြင့် ကယ်လိုရီတွေ လောင်ကျွမ်းတယ်ဆိုတဲ့ ကိစ္စကို အံ့သြကောင်း အံ့သြနိုင်ပါတယ်။ ဘာကြောင့်လဲလို့ဆိုရရင် မတ်တပ်ရပ်လိုက်တဲ့အခါ ခြေထောက်၊ တင်ပါး၊ ဝမ်းဗိုက်ကြွက်သားတွေဟာ လှုပ်ရှားရပြီး လေ့ကျင့်ခန်းသဖွယ်ဖြစ်နေတာကြောင့်ပါ။ ဒါ့ကြောင့် ထိုင်နေချိန်ထက် ပိုပြီး အားထုတ်သုံးစွဲရပြီး အဆီတွေကို လောင်ကျွမ်းစေတာပဲဖြစ်ပါတယ်။

Image result for standing burns calories

အကယ်၍ သင်ဟာ ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတစ်ယောက် ဆိုလျှင် နာရီဝက်ခြားတစ်ခါ (သို့) တစ်နာရီခြား တစ်ခါ မတ်တပ်ရပ်ပေးတဲ့ အကျင့်ကို ပြုလုပ်ပေးပါ။ မတ်တပ်ရပ်ရင်း စကားပြောပါ၊ မတ်တပ်ရပ်ပြီး အလုပ်လုပ်ရတဲ့ စားပွဲမျိုးမှာ အချိန်အနည်းငယ်ကြာ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ပါ၊ မတ်တပ်ရပ်ပြီး တီဗွီကြည့်ပါ၊

ဒီလိုမျိုးလုပ်ပေးခြင်းအားဖြင့် မတ်တပ်ရပ်တဲ့အကျင့်ကို တသီးတသန့်လုပ်စရာမလိုဘဲ တဖြေးဖြေးနှင့် အကျင့်ဖြစ်လာမှာ ဖြစ်ပါတယ်။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*