အစာအဆိပ်သင့်ခြင်း ဖြစ်တဲ့အခါ ကုစားနိုင်မယ့် အိမ်တွင်းနည်းလမ်းများ

အစာအဆိပ်သင့်တယ်ဆိုတာ အစားအစာမသန့်ရှင်းတဲ့အခါ၊ ဓါတ်မတည့်တဲ့အခါ စသဖြင့် အခန့်မသင့် ဖြစ်တတ်ပြီး တစ်ယောက်နဲ့တစ်ယောက် ဖြစ်ပုံခြင်းကလည်း ကွဲပြားတတ်ပါတယ်။ အချို့က အစာအဆိပ်သင့်လျှင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်း ဖြစ်သော်လည်း အချို့က ဗိုက်အောင့်ဗိုက်နာခြင်း၊ မူးဝေခြင်း နှင့် ရေဓါတ်ခမ်းခြောက်ခြင်းများ ဖြစ်တတ်ကြပါတယ်။

Image result for food poisoning

မည်သို့ပင်ဖြစ်စေ အစာအဆိပ်သင့်လာပြီဆိုရင်တော့ ပြန်လည် ကုသပေးဖို့ လိုအပ်ပါတယ်နော်။

၁) ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ဟာ အစာအိမ်လမ်းကြောင်းအတွင်း မျက်နှာပြင်ကို တည်ငြိမ်စေပါတယ်။ ရှာလကာရည်ဟာ သဘာဝ အယ်ကာလီဖြစ်ပြီး အစာအိမ်အတွင်းရှိ ကောင်းမွန်သော ဘတ်တီးရီးယားများကို ရှင်သန်နိုင်အောင် ပြုလုပ်ပေးပါတယ်။ အစာအဆိပ်သင့်မှုဖြစ်တဲ့အခါ ပန်းသီးရှာလကာရည် အနည်းငယ်ခန့် သောက်သုံးပေးခြင်းဖြင့် အကောင်းဆုံး ကုသမှုပေးနိုင်ပါလိ့မ်မယ်။

၂) ရေ

ရေသောက်ခြင်းက ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကိုလည်း ပြေလျော့စေတာ သိပါသလာ။ အစာအဆိပ်သင့်လို့ ဝမ်းလျှောတဲ့အခါမှာလည်း ခန္ဓာကိုယ်မှ ရေဓါတ်ဆုံးရှုံးမှာဖြစ်ပြီး ဒီလိုအချိန်မှာ မဖြစ်မနေ ရေသောက်ပေးဖို့ မမေ့သင့်ပါဘူး။ ကျိုချက်ထားတဲ့ ရေက ပိုပြီး ကောင်းပါလိမ့်မယ်။

၃) ငှက်ပျောသီး

ငှက်ပျောသီးဟာ ပိုတက်စီယမ်ဓါတ် ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်ပြီး အစာအဆိပ်သင့်မှု ဝေဒနာကို သက်သာစေတယ်လို့ သိရပါတယ်။

၎)သံပုယိုသီး

သံပုယိုသီးမှာ ပါဝင်တဲ့ သဘာဝအက်ဆစ်ဓါတ်က ဘက်တီးရီးယားတွေကို ချေမှုန်းပေးနိုင်ပြီး အစာအဆိပ်သင့်မှုကို အမြန်သက်သာစေပါတယ်။ သံပုယိုရည် ကို မိမိနှစ်သက်သလို ဖျော်ရည်လုပ်သောက်နိုင်သလို ရေနွေးကြမ်းထဲ ထည့်သောက်ခြင်းဖြင့်လည်း သက်သာစေနိုင်ပါတယ်။

၅) ချင်း (ဂျင်း)

ချင်းဟာလည်း အစာအိမ်ပြဿနာ အများစုကို ဖြေရှင်းပေးနိုင်တဲ့ အစွမ်းထက်ဆေးစွမ်းတစ်လက် ဖြစ်ပါတယ်။ အစာအိမ်အဆိပ်သင့်မှုဖြစ်တဲ့အခါ ချင်းတစ်တက် (သို့) ချင်းပြုတ်ရည်ဖြစ်ဖြစ် သောက်သုံးပေးနိုင်ပါတယ်။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*