ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကွယ်လွန်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ရုတ်တရက် ကွယ်လွန်သွားကြောင်း ကိုဖီအာနန်ဖောင်ဒေးရှင်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြသည်။

(ကိုဖီအာနန်၏ တွစ်တာစာမျက်နှာတွင် ဖော်ပြထားပုံ)

ကိုဖီအာနန်သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၉၇ မှ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိခဲ့သည်။

ကုလသမဂ္ဂ၏ သတ္တမမြောက် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၀ နှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့သော ကိုဖီအာနန်သည် ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းစ်မြို့ တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ကိုဖီအာနန်၏ တွစ်တာစာမျက်နှာတွင်လည်း “ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ကိုဖီအာနန်သည် ခေတ္တမျှ နာမကျန်းဖြစ်ခဲ့ပြီးနောက်ပိုင်း သြဂုတ်လ ၁၈ ရက်၊ စနေနေ့တွင် ငြိမ်းချမ်းစွာ ကွယ်လွန်သွားကြောင့် သူ၏ မိသားစုနှင့် ဖောင်ဒေးရှင်းတို့က ကြေငြာခဲ့မှုမှာ အလွန်ဝမ်းနည်းဖွယ်ရာပင် ဖြစ်ပါသည်” ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

Cherie (shweinnlay)

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*