ဒုတိယမြောက် သားလေးကို ပိုင်ဆိုင်ရပြီဖြစ်တဲ့ မင်းသားကြီး Oh Ji Ho

အတည်ပေါက်နဲ့ သရုပ်ဆာင်တတ်တဲ့ မင်းသား Oh Ji Ho ရဲ့ပရိသတ်တွေ ရှိလား။

မင်းသားကတော့ သူ့ရဲ့ ဒုတိယမြောက် ရင်သွေး မွေးဖွားမှု သတင်းနဲ့ ပရိသတ်တွေကို အံ့သြသွားအောင် လုပ်လိုက်ပါပြီ။

Image result for actor oh ji ho update and wife

ဒီသတင်းကို သြဂုတ်လ ၁၈ ရက်နေ့မှာ Bingo Star Entertainment မှ တရားဝင်ကြေငြာလိုက်တာပဲ ဖြစ်ပါတယ်။ အေဂျင်စီဘက်မှရော မင်းသား Oh Ji Ho ဘက်မှပါ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာရော သတင်းများမထွက်အောင် လျှို့ဝှက်ထားခဲ့တာဖြစ်ပြီး ယခု ဖွားမြင်တော့မှသာ ပရိသတ်တွေကို အံ့သြဝမ်းသာသွားအောင် ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။

Oh Ji Ho တို့ ဇနီးမောင်နှံဟာ ၂၀၁၅ ခုနှစ်မှာ သမီးဦးလေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ယခုအခါ ဒုတိယမြောက် ရင်သွေးဖြစ်တဲ့ သားရတနာလေးကိုပါ ပိုင်ဆိုင်သွားပါပြီ။ သားတစ်ယောက်၊ သမီးတစ်ယောက် နဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေး ဖြစ်သွားခဲ့ပါပြီနော်။

Related image

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*