အလိုမတူပဲသားမယားပြုကျင့်လို့ ခင်ပွန်းကို ဓါးနဲ့ထိုးသတ်ခဲ့တဲ့ ဇနီးသည်မိန်းကလေး သေဒဏ်ကျခံရ

အလိုမတူပဲ သားမယားပြုကျင့်ဖို့ ကြိုးစားတဲ့ ခင်ပွန်းဖြစ်သူကို ဓါးနဲ့ ထိုးသတ်ခဲ့မှုနဲ့ အသက် ၁၉ နှစ်အရွယ် ဇနီးသည်မိန်းကလေးကို သေဒဏ်အပြစ်ပေးကျခံရဖို့ အမိန့်ချမှတ်ခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။ ဆူဒန်နိုင်ငံ က အသက် ၁၉ နှစ်အရွယ် မိန်းကလေး နိုရူရာဟက်ဆန်ဆိုသူဟာ ပြီးခဲ့တဲ့ မေလတုန်းက ခင်ပွန်းဖြစ်သူကို ဓါး ထိုးသတ်မှုကျူးလွန်ခဲ့ခြင်းအတွက် သေဒဏ်ချမှတ်ခြင်းခံခဲ့ရ ပါတယ်။

ကနဦးမှာ လူသတ်မှုပြစ်ဒဏ်နဲ့ မိန်းကလေးငယ်ကို ထောင်ဒဏ်ငါးနှစ်ကျခံရဖို့ တရားရုံးတော်က အမိန့်ချမှတ် လိုက်ပြီးနောက်မှာ တရားရုံးတော်ကနေ ဥပဒေအသစ်ပြန်လည်ပြင်ဆင်ခြင်းနဲ့ ထောင်ဒဏ်ငါးနှစ်အစား သေဒဏ်ကျခံရဖို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

တန်းတူညီမျှခြင်းနဲ့ လူ့အခွင့်အရေးရှေ့နေ ဂျူတီဂီတာယူက “ ကျွန်တော်တို့အနေနဲ့တော့ ဆူဒန်အာဏာပိုင် တွေကို ဥပဒေပြစ်မှုအတွက် အကြိမ်ကြိမ်ပြောဆိုပြီးပါပြီ။ ဥပဒေအသစ်ချမှတ်ခြင်း သေချာရေရာမှုရှိမရှိ လုပ် ဆောင်ခြင်းတွေအတွက်ပါ။ ဆူဒန်အစိုးရက အမျိုးသမီးတွေအတွက် အကောင်းဘက်ဆောင်တဲ့ ခြေလှမ်းတွေ ရှိခဲ့ဖူးပါပြီ။ ဒါပေမယ့် နိုရူရာရဲ့ သေဒဏ်အမိန့်ပေးခြင်းခံရတာကျတော့ အမျိုးသမီးတွေပေါ် ဖိနှိပ်ခွဲခြားဆက်ဆံ ခြင်းတွေ ရှိလာပါတယ်။  ဒီဥပဒေအမိန့်အတွက် ဘယ်လိုမှားယွင်းတာတွေ၊ နောင်တရတာ မျိုးတွေ လုံးဝမဖြစ်သင့်ပါဘူး” လို့ ဂါးဒီးယန်းသတင်းစာကို ပြောခဲ့ပါတယ်။

မေ(ရွှေအင်းလေး)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*