သမီးဖြစ်သူရဲ့ရုပ်အလောင်းနဲ့ မင်္ဂလာဝတ်စုံဝတ်ဆင်ပြထားတဲ့ မက္ကဆီကိုကသတို့သမီးဝတ်စုံဆိုင်

မက္ကဆီကို သတို့သမီးဝတ်စုံအငှားဆိုင်တစ်ဆိုင်ဟာ ထူးခြားပါတယ်။ La Popular လို့ အမည်ပေးထားတဲ့ ဆိုင်ဟာ သာမန်ထူးခြား တာထက်ကိုပိုပြီး ထူးခြားပြီး စိတ်ဝင်စားဖို့ပါတယ်။ အဲ့ဒီဆိုင်ကို လူအများစိတ်ဝင်စား နေကြတဲ့အရာဟာ လှပလွန်းတဲ့ သတို့သမီးဝတ် စုံတွေကြောင့်မဟုတ်ပဲ မင်္ဂလာဆောင် သတို့သမီးဝတ်စုံ ဝတ် ဆင်ပြသထားတဲ့ဝတ်စုံမှာ သက်မဲ့ အရုပ်တစ်ခုမဟုတ်ပဲနဲ့ တကယ့်လူ သားအစစ် သေပြီးသားလူတစ်ယောက်နဲ့ ပြင်ဆင်ပေးထားတာဖြစ်ပါတယ်။

နှစ်ပေါင်း ၈၀ နီးပါးကြာ ဖွင့်လှစ်ပေးထားတဲ့ ဒီသတို့သမီးဝတ်စုံဆိုင်မှာဆိုရင် အဝတ်ဝတ်ဆင်ပြသပေး ထားတဲ့ ဝတ်စုံတစ်စုံကို တကယ့်လူအစစ်မှာ ဝတ်ဆင်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ နီးစပ်ရာသတင်းတွေရဲ့ ပြောချက်အရတော့ ဒီ La Popular လို့ခေါ်တဲ့ သတို့သမီးဝတ်စုံဆိုင်မှာ ထားရှိပြသထားတဲ့ လူသေအလောင်းနဲ့ မင်္ဂလာဝတ်စုံက ဆိုင်ပိုင်ရှင်အမျိုးသမီးရဲ့ သေဆုံးသွားခဲ့တဲ့ သမီးငယ်ဖြစ်တယ်လို့ ဆိုပါတယ်။

La Pascualita လို့ခေါ်တဲ့ ဒီလူအရုပ် အမျိုးသမီး လူသေအလောင်းကို ၁၉၃၀ ခုနှစ်ကတည်းက ဆိုင်မှာ စတင်ပြီး ပြသပြင်ဆင်ပေးထားခဲ့ တာဖြစ်ပါတယ်။ ဆိုင်ရှင် Pascuala ရဲ့ သမီးဖြစ်သူ La Pascualita က မင်္ဂလာ ဆောင်ပြီး နောက်တစ်ရက်မှာပဲ အဆိပ်ရှိ ပင့်ကူကိုက်ခံ ရပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆိုင်ပိုင်ရှင် Pascuala ကတော့ သူမရဲ့ဆိုင်မှာ ဒီလို လူအစစ်၊ လူသေအလောင်းနဲ့ ဝတ်စုံဆင်ပြီးပြသထားတယ် ဆိုတဲ့အကြောင်းကို ငြင်းဆိုထားပေမယ့်လည်း တခြားသူတွေရဲ့ အမြင်မှာတော့ ဒါဟာ သူမရဲ့ သမီးရုပ်အ လောင်းဖြစ်ကြောင်းနဲ့ သေဆုံးသွားတဲ့ သမီးဖြစ်သူနဲ့ တစ်ထေရာတည်းတူတယ်လို့ သံသယရှိကြောင်း ပြော ကြားထားကြပါတယ်။

မပုတ်မသိုးဆေးရည်တွေနဲ့ ဆေးရည်စိမ် စီမံထားပြီး လူသေအလောင်းကို အေးခဲထားတယ်လို့ ထင်ရပြီးတော့ အရုပ်မတစ်ရုပ်လို ပြင်ဆင်ပေးထားတဲ့ သတို့သမီးမှာ တကယ့်လူသားအစစ်လို အရေပြား၊ ခြေလက်နဲ့ မွှေး ညှင်း၊ လက်သည်းခြေသည်း အစရှိသဖြင့်တွေ က လူသားစစ်စစ်လို့ ထင်ရစေတာဖြစ်ပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*