ချစ်သူမိန်းကလေးက ကောင်လေးရဲ့ နားကိုကြမ်းကြမ်းရမ်းရမ်း နမ်းလိုက်လို့ နားစည်ပေါက်ကွဲသွားခဲ့

တရုတ်အမျိုးသမီးတစ်ဦးဟာ ချစ်သူကောင်လေးရဲ့ နားပေါက်ထဲကို အနမ်းချွေခဲ့ရာကနေ နားစည်ကို ထိခိုက်မိသွားပြီး နားစည်ပေါက် ကွဲသွားခဲ့ပါတယ်။ ဒါဟာ ကြားဖူးသမျှထဲမှာတော့ အထူးဆန်းဆုံးနဲ့ အံ့အား သင့်စရာအကောင်းဆုံးဖြစ်ပါတယ်။ ရှန်ဟိုင်းနဲ့ နက်ဝက်သတင်းစာတွေရဲ့ ဖော်ပြချက်အရတော့ အဆိုပါ အမျိုးသမီးဟာ ချစ်သူကောင်လေးရဲ့ နားကိုကြမ်းကြမ်းရမ်းရမ်း စုပ်နမ်း ခဲ့ရာကနေမှာ နားစည်ကိုခိုက်မိသွားခဲ့ကာ နားစည်ပေါက်ကွဲသွားခဲ့တာဖြစ်ပါတယ်။

ဒီ့အတွက်ကြောင့်မို့လို့ နားစည်ထိခိုက်မိသွားပြီး ပြင်းထန်တဲ့ နား နာကျင်မှုကို ခံစားခဲ့ရတဲ့ အမျိုးသား ကောင်လေးကို ဟနနမ်ပြည်နယ်၊ ရှန်ရှာက ဆေးရုံသို့ ပို့ဆောင်ဆေးကုသစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နာနာကျင်မှုနဲ့ စစ်ဆေးမှုတွေမှာ ကနဦးဆရာဝန်ရဲ့ ရှင်းလင်းပြောပြချက်ကို ရှင်းရှင်းလင်းလင်းမသိရှိခဲ့ရသေး ပေမယ့် နောက်ပိုင်းတော့ ဒါဟာ ပြင်းထန်တဲ့ လေသွင်းထုတ်မှုနဲ့ စုပ်အားကြောင့် နားစည်ကို ထိခိုက်မိပြီး အမျိုး သားကောင်လေးရဲ့ နားစည်ကို ပေါက် ကွဲသွားခဲ့တာဖြစ်နိုင်တယ်လို့ ဆရာဝန်က ရှင်းလင်းပြောပြခဲ့ပါတယ်။

နားစည်မှာ ပါးလွှာလွန်းတဲ့အရေပြားအပိုင်းအစတစ်ခုလို ၀.၁ မီလီမီတာ အထူသာရှိတာကြောင့် ကြမ်းရမ်းတဲ့ ခိုက်မိမှုတွေနဲ့ ပြင်းပြင်းထန်ထန် ထိခိုက်မှုတွေ ရှောင်ရှားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

မေ(ရွှေအင်းလေး)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*