အထက်တန်းကျောင်း မပြီးခဲ့ကြတဲ့ ဟောလိဝုဒ် ကမ္ဘာကျော် ဆယ်လီများ

ပညာရေးမှာ မထူးချွန်၊ အကြောင်းကြောင့်ကြောင့် ဆုံးခန်းမတိုင်ခဲ့ကြပေမယ့် တခြားနယ်ပယ်မှာ အောင်မြင်နေကြတဲ့ အကျော်အမော်တွေ အများကြီးရှိပါတယ်။ ဒီတစ်ခါမှာလည်း ဟောလိဝုဒ်လောကမှာ အထက်တန်းကျောင်းပင် မပြီးဆုံးခဲ့ပေမယ့်လည်း အောင်မြင်ကျော်ကြားနေတဲ့ ကမ္ဘာကျော်တွေကို ဖော်ပြပေးချင်ပါတယ်။

Jim Carrey

Related image

လူတိုင်းသိကြမယ်ထင်ပါတယ်။ Jim Carrey ရဲ့ ဇာတ်လမ်းပေါင်းများစွာရှိတဲ့အထဲက The Mask ကတော့ ယခုထိတိုင် ပရိသတ်တွေ ကြည့်ဆဲ၊ ကြိုက်ဆဲ ဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ဟာသဇာတ်ကားတွေမှာ ပီပြင်တဲ့ သူ့ရဲ့သရုပ်ဆောင်ချက်တွေကြောင့် လူကြိုက်များရတဲ့ သရုပ်ဆောင်ကြီး တစ်ဦးပါ။ Jim Carrey ရဲ့ ငယ်ဘဝဟာ အင်မတန်ကြမ်းတမ်းခဲ့ပြီး သူတို့မိသားစုဟာ ငွေကြေးအဆင်မပြေခဲ့ကြပါဘူး။ တစ်ခါတလေ van ကားကြီးထဲမှာ သူတို့မိသားစုဟာ နေခဲ့ရပါတယ်။ Jim ဟာ မိခင် နားမကျန်း မဖြစ်ချိန်အထိ ညနေပိုင်းတွေမှာ သန့်ရှင်းရေးအဖြစ် အလုပ်တွေလုပ်ခဲ့ပါတယ်။ သို့သော် နောက်ပိုင်းမှာ နာမကျန်းဖြစ်နေတဲ့ မိခင်ကို စောင့်ရှောက်ဖို့အတွက် ကျောင်းထွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သူတို့မိသားစု Toronto သို့ ပြောင်းရွှေ့ပြီးနောက် Jim အသက် ၁၈ နှစ်အရွယ်မှာ TV မှာ သရုပ်ဆောင်ဖို့ အခွင့်အရေးဖန်လာခဲ့ပြီး အဲ့ဒိမှစကာ သူ့ရဲ့ ဟောလိဝုဒ်ခရီးက စတင်ပါတော့တယ်။

Ryan Gosling

Image result for Ryan Gosling

နောက်တစ်ယောက်ကတော့ သရုပ်ဆောင် အပြင် ဂီတပညာရှင်တဖြစ်လဲ နာမည်ကျော်တဲ့ Ryan Gosling ပဲဖြစ်ပါတယ်။ သူကတော့ ငယ်စဉ်တုန်းက ပုံမှန်ကျောင်းသားတစ်ဦး ပုံစံ ဖြစ်ခဲ့ပေမယ် စတားလုံး နဲ့ ရမ်ဘို ပုံစံလည်း ဖြစ်ခဲ့ပါသေးတယ်။ သူ့အဖြစ်က အနည်းငယ်တော့ ရယ်စရာကောင်းပါတယ်။ တစ်ရက်မှာ သူဟာ ကျောင်းကို အရမ်းထက်တဲ့ဓါးတွေကို ယူသွားပါတယ်။ ထို့နောက် သူ့ကိုယ်သူ ရုပ်ရှင်ထဲမှာလို့ ခံစားပစ်ပြီး  ကျောင်းလွှတ်ချိန်မှာ နေရာအနှံ့ ပစ်လွှတ်ပလိုက်ပါတယ်။ သူု့လုပ်ရပ်က အနည်းငယ် အန္တရာယ်များသော်လည်း ကျောင်းမှ ထုတ်ပယ်ခြင်း မပြုခဲ့ပါဘူး။ သို့သော်လည်း သူဟာ နှစ်အနည်းငယ်ကြာတဲ့အခါမှာ ကျောင်းထွက်လိုက်ပြီး အသက်၁၇ နှစ်အရွယ်မှစကာ သရုပ်ဆောင်ခြင်းကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

Mark Wahlberg

Image result for Mark Wahlberg

အမေရိကန်သရုပ်ဆောင်ကြီး Mark Wahlberg ဟာ ငယ်စဉ်က Rapper တစ်ယောက် ဖြစ်ချင်ခဲ့တာပါတဲ့။ ဒါကြောင့်ပဲ သူဟာ ကျောင်းမှထွက်ခဲ့ပေမယ့် ဒါဟာ သူ့အတွက် အကောင်းဆုံးစိတ်ကူး မဟုတ်ခဲ့တဲ့အကြောင်း နောက်ပိုင်းမှာ ဖွင့်ဟဝန်ခံခဲ့ပါတယ်။ နောက်ပိုင်း ၂၅နှစ်ကြာပြီးနောက်မှာတော့ ဒီပလိုမာ ရရှိခဲ့ပါတယ်။

Charlie Sheen

Image result for Charlie Sheen

သရုပ်ဆောင်လောကမှာ နှစ်အတော်ကြာသည်အထိ နေရာအခိုင်အမာရထားတဲ့ မင်းသားကြီး Charlie Sheen ကလည်း အထက်တန်းကျောင်းမပြီးခဲ့ပါဘူး။ သူကတော့ ရှင်းပါတယ်။ ငယ်စဉ်ကတည်းက ကျောင်းမှန်မှန်မတက်သလို အမှတ်ကောင်းကောင်းလည်း မရခဲ့လို့ အထက်တန်းကျောင်းမပြီးဆုံးခဲ့တာပါ။ အဲ့ဒါကပဲ သူ့ကို အနုပညာလမ်းကြောင်းထဲ ရောက်သွားစေတာပါပဲ။

Nicolas Cage

Image result for nicolas cage

အက်ရှင်မင်းသားကြီး Nicolas Cage ကလည်း မင်းသားဖြစ်ချင်တဲ့ အိပ်မက်အတွက် ကျောင်းမှ စောစော ထွက်ခဲ့သူတစ်ယောက်ပါပဲတဲ့။ ကျောင်းထွက်ပြီး တစ်နှစ်အကြာမှာပဲ Best of Times ဆိုတဲ့ TV show မှာ နေရာတစ်ခု ရခဲ့ပါတယ်။ ကဲ ကျောင်းထွက်လိုက်ပေမယ့် သူဖြစ်ချင်တာကို ဖြစ်ခွင့်ရခဲ့တာ မကောင်းဘူးလား။

Johnny Depp

Image result for hollywood celebrities who never finished high school

Jasparrow မင်းသားကြီး Johnny Depp ကတော့ သူဝါသနာပါရာ Rock ဂီတကို ရူးသွပ်ပြီး ဂီတလမ်းကြောင်းပေါ် ရပ်တည်နိုင်ရန် အသက် ၁၅နှစ်အရွယ်မှာ ကျောင်းထွက်ခဲ့ပါတယ်။ သို့သော်လည်း Johnny Depp ရဲ့ ကိုယ်ပိုင် band ဟာ ထင်သလောက် အောင်မြင်မှု မရခဲ့ပါဘူး။ ဒါပေမယ့် ကံကောင်းစွာပဲ Depp ဟာ သရုပ်ဆောင်ပိုင်းမှာ တမူထူးခြားစွာ ပါရမီပါနေခဲ့ပြန်တာကြောင့် အောင်မြင်တဲ့ သရုပ်ဆောင်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*