Krispy Kreme Myanmar ၏ ပထမဦးဆုံး အရောင်းဆိုင်ကို ရန်ကုန်မြို့ Times Link Mall တွင် စက်တင်ဘာလ ၁၆ ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်

Krispy Kreme Myanmar ၏ မြန်မာနိုင်ငံတွင်း ပထမဦးဆုံးဆိုင်ဖွင့်ပွဲကြီးကို စက်တင်ဘာ ၁၆ ရက်(တနင်္ဂနွေနေ့) နံနက် ၈ နာရီ တွင် ဆိုင်တည်ရှိရာ Times Link Mall ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အားပေး စောင့်မျှော်ကြမည့် စားသုံးသူ ဖောက်သည်များ အနက် ပထမဦးဆုံး တန်းစီအားပေးသူ အယောက် ၃၀၀ အတွက် စိတ်လှုပ်ရှားဖွယ်ရာ ဆု လက်ဆောင်များ   ပေးအပ်သွားမည်ဖြစ်သည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်းနှင့် လင့်ခ်လမ်းထောင့်တွင်တည်ရှိသော Krispy Kreme Myanmar ၏ ပထမဦးဆုံး အရောင်းဆိုင်တွင် Krispy Kreme ၏ မူရင်းအမှတ်အသား ဖြစ်သည့် Original Glazed® ဒိုးနပ်အပါအ၀င် စုစုပေါင်း ဒိုးနပ် အမျိုးအစား ၁၆ မျိုးကို ရောင်းချသွားမည် ဖြစ်ပါသည်။ အရည်အသွေး အကောင်းဆုံး အရသာအရှိဆုံး Krispy Kreme ဒိုးနပ်များနှင့် တွဲဖက်စားသုံးရန်အတွက် လတ်လတ်ဆတ်ဆတ် လှော်ထားသည့် Single Origin, 100% မြန်မာအာရေဘီက ကော်ဖီကိုပါ ရောင်းချပေးသွားမည် ဖြစ်ပါသည်။ ရန်ကုန်မြို့ရှိ Krispy Kreme Myanmar ဆိုင်တွင် နေ့စဉ်နေ့တိုင်း လတ်လတ်ဆတ်ဆတ် ပြုလုပ်သွားမည့် ကမ္ဘာကျော် Original Glazed® ဒိုးနပ်ကို Hot Light မီးနီလင်းလာသည်နှင့် ပူပူနွေးနွေး လတ်လတ် ဆတ်ဆတ် ခံစားသုံးဆောင်နိုင်မည် ဖြစ်ပါသည်။ ၁၉၃၀ ခုနှစ် Krispy Kreme စတင်ထူထောင်သည့် အချိန် ကတည်းက ဒိုးနပ်ပြုလုပ်နည်းကိုပဲ မပြောင်းလဲဘဲ လက်စွဲအသုံးပြုလာခဲ့ခြင်းက Krispy Kreme ၏ ထူးခြားချက် ပင်ဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ Krispy Kreme ဆိုင်များတွင်  အသုံးပြုလျက်ရှိသည့် ပါဝင်ပစ္စည်းများကိုပင်  မြန်မာ နိုင်ငံတွင်လည်း အသုံးပြုသွားမည် ဖြစ်ပါသည်။

 “ အံ့သြမှင်သက်စရာ အကောင်းဆုံး ဒိုးနပ်အရသာတွေကို စားသုံးသူတွေကို ပေးစွမ်းချင်တာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ။ အခုလို မြန်မာနိုင်ငံမှာ ပထမဦးဆုံး Krispy Kreme အရောင်းဆိုင်ကို ဖွင့်လှစ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အရမ်းဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံဈေးကွက်ကို ချဲ့ထွင်ဖို့ ကျွန်တော်တို့  လွန်ခဲ့တဲ့ နှစ် တွေကတည်းက ကြိုးစားနေခဲ့တာပါ။ အခုချိန်က အချိန်ကောင်းလို့ယုံကြည်ပါတယ်။ မြန်မာနိုင်ငံ ဒေသခံ လူထု အသိုက်အဝန်းရဲ့ တစိတ်တပိုင်းဖြစ်လာဖို့က သိပ်စိတ်လှုပ်ရှားစရာပါပဲ။ Krispy Kreme ဆိုတာ လူကြီးလူ ငယ်မရွေး၊ အဆင့်အတန်းမရွေး၊ လူနေမှုပုံစံ အမျိုးမျိုး၊ အလွှာအစုံစုံက စားသုံးသူတွေ အားလုံးအတွက်  ဖြစ်ပါ တယ်။ ရန်ကုန်အပြင် မြန်မာနိုင်ငံအနှံ့က စာသုံးသူတွေကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ် ’’ဟု Krispy Kreme Doughnut Corporation  နိုင်ငံတကာ အရောင်းမြှင့်တင်ရေးဒါရိုက်တာဖြစ်သူ Mr. James Phillips မှပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဦးစွာဖွင့်လှစ်လိုက်သည့် Krispy Kreme Myanmar ဆိုင်ခွဲသည် ကမ္ဘာအနှံ့ရှိ Krispy Kreme ဆိုင်များ၏ အရည်အသွေး၊ စံညွှန်း၊ အဆင့်အတန်းကို ထင်ဟပ်နေစေရန် ဖန်တီးပြင်ဆင်ထား ခြင်း ဖြစ်သည်။ ယခုဖွင့်လှစ်သွားမည့် Times Link Mall ရှိ အရောင်းဆိုင်တွင် ပူပူနွေးနွေး ဒိုးနပ်များကို စားသုံး သူများ မျက်စိရှေ့မှောက်တွင် လတ်လတ်ဆတ်ဆတ် ပြင်ဆင်ပြုလုပ်သွားပုံကို ကြည့်ရှုခံစားနိုင်မည်လည်း ဖြစ်ပါသည်။

Krispy Kreme Original Glazed® ဒိုးနပ်များကို တစ်ခုလျှင် ၉၅၀ ကျပ်၊ တစ်ဒါဇင်လျှင် ၇၆၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည့်အတွက် မိသားစုများ၊ သူငယ်ချင်းများနှင့် မျှဝေသုံးဆောင်ဖို့ အသင့်တော်ဆုံး ဖြစ်ပါသည်။ Krispy Kreme ကိုမြန်မာနိုင်ငံရှိ လူတိုင်းငွေကြေးတတ်နိုင်သော ဇိမ်ခံသရေစာမုန့်တစ်မျိုး အဖြစ် ပုံဖော်သွားရန်Krispy Kreme မှရည်ရွယ်ထားပါသည်။

Doughnut Group Company Ltd ၏ General Manager ဖြစ်သူ Mr. Arjuna Yoganandan  မှ လည်း “ ကျွန်တော်တို့ရဲ့ စားသုံးသူတွေကို အဆင့်အတန်းမြင့်တဲ့ ဝန်ဆောင်မှုတွေနဲ့ ကြည်နူးဖွယ် ဒိုးနပ်အတွေ့ အကြုံတွေ ပေးစွမ်းနိုင်ဖို့ နိုင်ငံတွင်းက ဝန်ထမ်း အယောက် ၈၀ ကို နိုင်ငံတကာအဆင့်မီ သေချာလေ့ကျင့်ပေး ထားပါတယ်။ ကျွန်တော်တို့ ရန်ကုန်မှာရှိတဲ့ မုန့်လုပ်ရုံက တစ်နာရီကို ဒိုးနပ်ဇင်ပေါင်း ၁၀၀ ခန့်ထုတ်လုပ်နိင်ပြီး စားသုံးသူတွေကို ဝန်ဆောင်မှု ပေးနိုင်ဖို့ အသင့်ရှိနေပါပြီ။ ဘဝရဲ့ပျော်စရာ အခိုက်အတန့်တွေတိုင်းကို ဆင်နွှဲဖို့ Krispy Kreme ဒိုးနပ်တွေက အကောင်းဆုံး အဖော်မွန်ပါပဲ။ နှစ်ပေါင်း ၈၁ နှစ်ကြာမြင့်ပြီဖြစ်တဲ့ မုန့်လုပ်နည်းနဲ့ လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားပြီး စားလိုက် တာနဲ့ ပါးစပ်ထဲ ပျော်ဝင်သွားစေမယ့် ကြည်နူးစရာ အရသာကို ပေးစွမ်းနိုင်တဲ့ ကျွန်တော်တို့ရဲ့ Original Glazed® အပါအဝင် တခြားဒိုးနပ်တွေကို မြန်မာပြည်က စားသုံးသူ တွေဆီ မိတ်ဆက်ပေးဖို့ကို စောင့်မျှော်နေပါတယ်” ဟုပြောကြားခဲ့သည်။

ပထမဦးဆုံးအကြိမ်အဖြစ် Krispy Kreme ကိုမြန်မာနိုင်ငံသို့ ခေါ်ဆောင်လာသည့် မှတ်တိုင်တစ်ခုဖြစ်သည့် ဖွင့်ပွဲနေ့တွင် စားသုံးသူများကို နွေးထွေးစွာ ကြိုဆိုပြီး Krispy Kreme ၏ အတွေ့အကြုံကို အတူဆင်နွှဲသွားမည် ဖြစ်သည်။

Krispy Kreme Myanmar ၏ စိတ်လှုပ်ရှားဖွယ်ကောင်းသော အစီအစဉ်များအကြောင်းများအား အသေးစိတ် သိရှိလိုပါက https://www.facebook.com/KrispyKremeMyanmar/  တွင်လေ့လာနိုင်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*