ကမ္ဘာကျော် အမေရိကန် ကော်ဖီဆိုင် The Coffee Bean & Tea Leaf® ၏ မြန်မာပလာဇာ ဆိုင်ခွဲကို မကြာမီ ဖွင့်လှစ်မည်

၁၉၆၃ ခုနှစ်အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ပထမဆုံး ဆိုင်ခွဲကို စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်တွင် ကမ္ဘာ့ထိပ်တန်းကော်ဖီ ထုတ်လုပ်သူနှင့် ရောင်းချသူအဖြစ် ရပ်တည်နေကာ အမေရိကန်နိုင်ငံနှင့် ကမ္ဘာ့တစ်ဝန်းတွင် ဆိုင်ခွဲပေါင်း ၁၂၀၀ ကျော်ကို အောင်မြင်စွာ ဖွင့်လှစ် ရောင်းချနေသည့် The Coffee Bean & Tea Leaf (CBTL) သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဆိုင်ခွဲ (၂) ဆိုင်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (Terminal 1) တွင်လည်းကောင်း၊ တတိယမြောက်ဆိုင်ခွဲကို ၂၀၁၇ ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal (3) တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် The Coffee Bean & Tea Leaf (CBTL) ဆိုင်ခွဲများအား Singapore Myanmar Investco Limited (SMI) Group ၏ အဓိက စားသောက်ကုန် အမှတ်တံဆိပ်အဖြစ် မြန်မာနိုင်ငံတွင် ဂုဏ်ယူစွာဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ယခုအခါတွင် သန့်ရှင်းလတ်ဆတ်ပြီး စစ်မှန်သည့် ကမ္ဘာ့အနှံ့မှ ကုန်ကြမ်းပစ္စည်းများ အသုံးပြုပြီး စွဲမက်ဖွယ်ရာ ဖန်တီးထားသည့် Coffee နှင့် Tea Drinks များကို မြန်မာစားသုံးသူများ လွယ်ကူအဆင်ပြေစွာဖြင့် အချိန်မရွေး မြည်းစမ်းခံစားနိုင်စေရန် ရန်ကုန်မြို့၏ အချက်အခြာအကျဆုံး နေရာတစ်ခုဖြစ်သည့် မြန်မာပလာဇာ (The Myanmar Plaza) ၌ (၄) ဆိုင်မြောက် CBTL ဆိုင်ခွဲကို စက်တင်ဘာလအတွင်း ဖွင့်လှစ်သွားမည် ဖြစ်သည်။

ကမ္ဘာပေါ်ရှိ အကောင်းဆုံး စိုက်ခင်းများမှ ရယူထားသော ကော်ဖီစေ့နှင့် လက်ဖက်ရွက်တို့ကို အသုံးပြုပြီး အမေရိကန်နိုင်ငံမှ ကျွမ်းကျင် Roasting Master များ ထုတ်လုပ်ထားသည့် ကော်ဖီစေ့နှင့် လက်ဖက်ခြောက်များကို မလေးရှားနိုင်ငံတွင် သင်တန်းပို့လွှတ် သင်ကြားထားသည့် ကျွမ်းကျင် Coffee Master/Barista များ ကိုယ်တိုင် ဖန်တီးဖျော်စပ်ထားသည့် CBTL Coffee နှင့် Tea အမျိုးမျိုးအား မြန်မာ့ စားသုံးသူများအနေဖြင့် စိတ်ကြိုက်ရွေးချယ် သောက်သုံးနိုင်မည်ဖြစ်သည်။ CBTL ၏ ကမ္ဘာကျော် The Original Ice Blended သည် ထူးခြားကောင်းမွန်သော အရသာကြောင့် နှစ်ပေါင်း (၃၀) ကျော် ပရိသတ် အခိုင်အမာဖြင့် ယနေ့တိုင်အောင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

CBTL အမှတ်တံဆိပ်သည် ကမ္ဘာ့ရုပ်ရှင်မြို့တော် ဟော်လိဝုဒ် (Hollywood) တွင် ထင်ရှားကျော်ကြားပြီး ကမ္ဘာကျော် မင်းသား၊ မင်းသမီးနှင့် Celebrity များ နှစ်ခြိုက်စွာ သောက်သုံး လျက်ရှိသည်။ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနေသည့် မြန်မာနိုင်ငံတွင် စားသုံးသူများ၏ လူနေမှုပုံစံနှင့် လူနေမှုအဆင့်အတန်းများ အရှိန်အဟုန်ဖြင့် ပြောင်းလဲလျက် ရှိနေသည့် အားလျော်စွာ CBTL အနေဖြင့်လည်း အကောင်းဆုံးသော ကုန်ကြမ်းပစ္စည်းများ အသုံးပြုထားသည့် Coffee နှင့် Tea Drinks များကို သန့်ရပ်သန့်ရှင်းပြီး စွဲဆောင်မှုရှိသည့် အမေရိကန်နိုင်ငံ၊ တောင်ပိုင်း ကယ်လီဖိုးနီးယား (Souther Californial) ဒေသ၏ ပျော်ရွှင်ကြည်နူးဖွယ် လူနေမှုပုံစုံ ဆိုင်အခင်းအကျင်းတွင် နွေးထွေးသော ၀န်ဆောင်မှုများ ပေးအပ်သွားမည်ဖြစ်သည်။

မြန်မာပလာဇာဆိုင်ခွဲ ဖွင့်လှစ်သည့် အထိမ်းအမှတ်အနေဖြင့် CBTL ချစ်သူများအတွက် “Let’s find the Big Cup and Get the Best Shot” ဆိုသည့် Facebook ဓာတ်ပုံပြိုင်ပွဲကိုလည်း ပြုလုပ်လျက်ရှိသည်။ ရန်ကုန်မြို့တွင်း အဓိက Shopping Mall များတွင် ထားရှိထားသည့် CBTL ၏ Big Coffee Cup ခွက်ကြီးများကို   ရှာဖွေပြီး Selfie (သို့) ဓာတ်ပုံရိုက်ကာ The Coffee Bean & Tea Leaf Myanmar ၏ Facebook ပေါ်တွင် ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

ထို့အပြင့် မြန်မာပလာဇာ ဆိုင်ခွဲဖွင့်ပွဲ နေ့တွင်လည်း မြန်မာပလာဇာသို့ ရောက်ရှိလာသည့် CBTL ချစ်သူများအား CBTL ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် Free Drinks (အခမဲ့) များကို မြည်းစမ်းပြီး သုံးဆောင်နိုင်ရန် စီစဉ်ထားပါသည်။

ထူးခြားကောင်းမွန်ပြီး အဆင့်အတန်း မြင့်မားသည့် Coffee နှင့် Tea အရသာ အစစ်အမှန်ကို နှစ်သက်သူများ အနေနဲ့ ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ် The Coffee Bean & Tea Leaf (CBTL) ဆိုင်ခွဲသစ်သို့ ကြွရောက်အားပေး သုံးဆောင်နိုင်တော့မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*