Samsung ၏ Galaxy J6+ နှင့် J4+ စမတ်ဖုန်းသစ်များအား မြန်မာနိုင်ငံတွင်စတင်မိတ်ဆက်

Samsung Myanmar မှ Galaxy J Series ၏ နောက်ဆုံးပေါ်မျိုးဆက်သစ်များဖြစ်ကြသော Galaxy J6+ နှင့် Galaxy J4+ စမတ်ဖုန်းများအား မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်လိုက်သည်။ အဆိုပါ Galaxy မျိုးဆက်သစ်စမတ်ဖုန်းများသည် ယခင် J Series စမတ်ဖုန်းသစ်များကဲ့သို့ပင် ဈေးနှုန်းသင့်တင့်၍ စွမ်းဆောင်ရည်မြင့်မားပြီး စတိုင်ကျလှပသော စမတ်ဖုန်းများဖြစ်သည်။ ဖန်သားမျက်နှာပြင်ကဲ့သို့ ဖန်တီးထားသော လှပဆန်းသစ်သည့် ဖုန်းအနောက်ဘက်ဒီဇိုင်း၊ အရည်အသွေးမြင့် ကင်မရာအသုံးပြုမှုအတွေ့အကြုံ နှင့် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များပါဝင်သော Galaxy J6+ နှင့် J4+ တို့သည် Samsung ၏ ဈေးနှုန်းသင့်တင့်သောစမတ်ဖုန်းဈေးကွက်အတွင်း ဦးဆောင်မှုအား ရေရှည်တည်တံ့စေရန် စွမ်းဆောင်ပေးမည့် စမတ်ဖုန်းသစ်များဖြစ်သည်။

“ကျွန်တော်တို့ Samsung အနေနဲ့ အကောင်းဆုံးဖုန်းဒီဇိုင်းနဲ့ နည်းပညာတွေကို ဆောင်ကြဉ်းပေးနိုင်ဖို့အတွက် Galaxy ထုတ်ကုန်တွေရဲ့အမွေအနှစ်ဖြစ်တဲ့ တီထွင်ဆန်းသစ်မှုတွေကို Galaxy J6+ နဲ့ J4+ မှာထည့်သွင်းပေးထားပြီး သုံးစွဲသူတွေအနေနဲ့လည်း သင့်တင့်တဲ့ ဈေးနှုန်းနဲ့အတူ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည်ဝင်းထက်မှပြောကြားခဲ့သည်။

အဆိုပါ Galaxy အဖွဲ့ဝင်သစ် စမတ်ဖုန်းများကို ဖန်သားမျက်နှာပြင်ကဲ့သို့ လှပဆန်းသစ်သော ဖုန်းအနောက်ဘက်ဒီဇိုင်းဖြင့် ဖန်တီးထားသည်။ အဆုံးအစမဲ့မျက်နှာပြင်ပါဝင်သော Galaxy J6+ နှင့် Galaxy J4+ သည် လုပ်ဆောင်ချက်များစွာအား တစ်ပြိုင်နက်တည်းအသုံးပြုနိုင်ရန် အရည်အသွေးမြင့် စွမ်းဆောင်ရည်များအား ထည့်သွင်းပေးထားပြီး သုံးစွဲသူများအနေဖြင့် အက်ပလီကေးရှင်း နှစ်ခုအား ကြီးမားသောမျက်နှာပြင်ပေါ်တွင် တစ်ပြိုင်နက်တည်း အသုံးပြုနိုင်စေရန် Split Screen လုပ်ဆောင်ချက်အားလည်း ထည့်သွင်းပေးထားသည်။

 

“ဒီ စမတ်ဖုန်းသစ် နှစ်လုံးကို ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့သုံးစွဲသူတွေအတွက် ပိုပျော်စရာကောင်းပြီး အသုံးဝင်တဲ့ ဖုန်းအသုံးပြုမှုအတွေ့အကြုံကို ပေးစွမ်းနိုင်စေဖို့ မိတ်ဆက်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ Samsung အနေနဲ့လည်း ကျွန်တော်တို့ရဲ့ တီထွင်ဆန်းသစ်တဲ့နည်းပညာ၊ အရည်အသွေးမြင့် ထုတ်ကုန်တွေနဲ့ အဆင်ပြေလွယ်ကူတဲ့ ဝန်ဆောင်မှုတွေကို စဉ်ဆက်မပြတ်အားပေးတဲ့ သုံးစွဲသူတွေကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။” ဟု ကိုဇာနည်ဝင်းထက်မှ ဖြည့်စွက်ပြောကြားခဲ့သည်။

Galaxy J6+ နှင့် Galaxy J4+ စမတ်ဖုန်းသစ်များအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ လက်လီအရောင်းဆိုင်ကြီးများနှင့် Samsung အရောင်းဆိုင်ကြီးများတွင် အောက်တိုဘာလ ၁၂ ရက်၊ ၂၀၁၈ မှစတင်၍ ဝယ်ယူနိုင်မည်ဖြစ်သည်။ Galaxy J6+ အား လှပဆန်းသစ်သည့် အရောင် ၃ ရောင်ဖြစ်သော အနက်ရောင်၊ မီးခိုးရောင် နှင့် အနီရောင် အစရှိသဖြင့်ရရှိနိုင်ပြီး Galaxy J4+ အား  အနက်ရောင်၊ ရွှေရောင် နှင့် ပန်းရောင် အစရှိသဖြင့် ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ Galaxy J6+ အား မြန်မာငွေ ၃၀၀,၀၀၀ ကျပ်ဝန်းကျင်ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး Galaxy J4+ အား ၂၀၀,၀၀၀ ကျပ်ဝန်းကျင်ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။

အဆိုပါအသစ်ထွက်ရှိလာသော Galaxy J Series စမတ်ဖုန်းသစ်များမိတ်ဆက်ခြင်းနှင့်အတူ Samsung Myanmar သည် MyTel Myanmar နှင့်ပူးပေါင်း၍ Galaxy J6+ သို့မဟုတ် Galaxy J4+ ဝယ်ယူသူများအား လစဉ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အနည်းဆုံး ၃၀၀၀ ကျပ်ဖြည့်သွင်းသည့်အချိန်တိုင်း ဒေတာလက်ဆောင် 1GB၊ SMS အစောင်ရေ ၁၀၀ နှင့် MyTel ဖုန်းအချင်းချင်းခေါ်ဆိုခွင့် မိနစ် ၅၀၀ အား ၁၂ လဆက်တိုက် အထူးလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။

Galaxy J6+ နှင့် Galaxy J4+ ၏ အသေးစိတ်အချက်အလက်များ

လှပဆန်းသစ်သော ဒီဇိုင်းနှင့်မျက်နှာပြင်

Galaxy J6+ နှင့် J4+ တွင် Galaxy J series ၏ ဒီဇိုင်းဆန်းသစ်မှုများအပြင် ထပ်မံဖန်တီး တီထွင်ထားသည့် ဖန်သားကဲ့သို့ ဖုန်းနောက်ဘက်မျက်နှာပြင်ပါဝင်သည်။ ၄င်း၏ ကြီးမားသည့် အခုံးဒီဇို်င်းကြောင့် အရည်အသွေးမြင့် စမတ်ဖုန်းကဲ့သို့သော ဒီဇိုင်းနှင့် အသုံးပြုမှုအတွေ့အကြုံအား ရရှိခံစားနိုင်ပြီး သုံးစွဲသူများ၏ လက်ထဲတွင်လည်း မြဲမြံစွာကိုင်တွယ်အသုံးပြုနိုင်သည်။

ကျဉ်းမြောင်းသည့် ဘေးဘောင်နှင့် ကြီးမားသည့် ၆လက်မ အရွယ်အစား HDအရည်အသွေးရှိ အဆုံးအစမဲ့ မျက်နှာပြင်အားထည့်သွင်းပေးထားသောကြောင့် အကောင်းဆုံး ဂိမ်းကစားသည့်အတွေ့အကြုံ အပြင် ဖျော်ဖြေရေးဆိုင်ရာအတွေ့အကြုံများကိုလည်း ပေးစွမ်းနိုင်မည်ဖြစ်သည်။ အဆုံးအစမဲ့ မျက်နှာပြင်ဖြင့် Split Screen လုပ်ဆောင်ချက်အား အသုံးပြုကာ တစ်ချိန်တည်းတွင် application နှစ်ခုအား တစ်ပြိုင်နက်တည်းအသုံးပြုနိုင်မည်ဖြစ်သည်။

Galaxy J6+ နှင့် J4+ တို့တွင် face recognition ပါဝင်သောကြောင့် ဖုန်းအား လွယ်ကူစွာဖွင့်နိုင်ပြီး Galaxy J6+ ၏ ဘေးဘောင်တွင်ပါဝင်သော Fingerprint scanner ဖြင့် ဖုန်း၏ ဒီဇိုင်းအား ပြောင်းလဲသွားစေခြင်းမရှိဘဲ ထပ်ဆောင်း လုံခြုံစိတ်ချရမှုနှင့် လွယ်ကူအဆင်ပြေမှုတို့ကိုဖန်တီးပေးမည်ဖြစ်သည်။

အရည်အသွေးမြင့်ကင်မရာ

သုံးစွဲသူများအနေဖြင့် ကင်မရာသည် မရှိမဖြစ်အရေးကြီးသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည့်အတွက် ကင်မရာအသုံးပြုမှု အတွေ့အကြုံအား ထုတ်ကုန်နှစ်မျိုးစလုံးတွင် အဆင့်မြှင့်တင်ဖန်တီးထားသည်။ Galaxy J6+ တွင် သုံးစွဲသူများအနေဖြင့် Bokeh effect ကိုအသုံးပြု၍ လှပသောဓာတ်ပုံများရိုက်ယူနိုင်ရန်အတွက် 13 MP နှင့် 5MP အရည်အသွေးရှိ Dual Camera အား ထည့်သွင်းပေးထားသည်။ Galaxy J6+ ၏ Dual Camera တွင် ပါဝင်သော Live Focus လုပ်ဆောင်ချက်ကိုအသုံးပြု၍ အလှပဆုံးရိုက်ချက်များအား ရယူနိုင်ရန်အတွက်  ဓာတ်ပုံမရိုက်ယူခင်ဖြစ်စေ၊ ရိုက်ယူပြီးဖြစ်စေ depth of field အား လိုအပ်သလို ချိန်ညှိနိုင်မည်ဖြစ်သည်။

အဆိုပါ ဖုန်းနှစ်လုံးစလုံးတွင် ကျယ်ပြန့်သော F1.9 aperture lens (13MP) ပါဝင်သောကြောင့် အလင်းရောင်ပိုမိုဝင်ရောက်နိုင်မည်ဖြစ်ပြီး အလင်းရောင်အားနည်းသည့် အခြေအနေများတွင်ပင် ကြည်လင်ပြတ်သား၍ တောက်ပသော ဓာတ်ပုံများအားရိုက်ယူနိုင်မည်ဖြစ်သည်။ ထို့ပြင် ကင်မရာတွင် floating Shutter ခလုတ်ပါဝင်သောကြောင့် လက်တစ်ဖက်တည်း အသုံးပြု၍ ဓာတ်ပုံများအား အလွယ်တကူရိုက်ယူနိုင်မည်ဖြစ်သည်။

 

အရည်အသွေးမြင့်စွမ်းဆောင်ရည်

Galaxy J6+ နှင့် J4+ တွင် ၄င်း၏ အဆင့်မြင့် ဒီဇိုင်း အသွင်အပြင်နှင့် အထိအတွေ့တို့အပြင် အသံပိုင်းစနစ်၊ ဘက်ထရီကြာရှည်မှုစနစ် နှင့် ဖုန်းတွင်းမှတ်ဥာဏ်တို့အား အကောင်းဆုံးဖြစ်စေရန် ဖန်တီးထားသည်။

ဖုန်းနှစ်လုံးစလုံးတွင် Dolby Atmos ပါဝင်သောကြောင့် ဗွီဒီယိုကြည့်ရှုနေစဉ်သော်လည်းကောင်း၊ မိမိအကြိုက်ဆုံး သီချင်းနားထောင်နေစဉ်သော်လည်းကောင်း အကောင်းဆုံးဖျော်ဖြေမှုအတွေ့အကြုံကို ပေးစွမ်းမည်ဖြစ်သည်။

Galaxy J6+ နှင့် J4+ တွင် ယခင် Galaxy J မော်ဒယ်များထက် ဘက်ထရီအား ၁၀ ရာခိုင်နှုန်းပိုသော 3,300 mAh ဘက်ထရီပါဝင်သောကြောင့် သုံးစွဲသူများအနေဖြင့် ဖုန်းအား ကြာရှည်စွာအသုံးပြုနိုင်မည် ဖြစ်သည်။ ဖုန်းနှစ်လုံးစလုံးတွင် Power Saving Mode ပါဝင်သောကြောင့် အသုံးမပြုသော App များအား ပိတ်ပေးခြင်းအားဖြင့် Home Screen အား ရိုးရှင်းစေကာ ဘက်ထရီသက်တမ်းအား ပိုမို ကြာရှည်စေသည်။ ထို့ပြင် Quad-core 1.4Hz processor ပါဝင်သောကြောင့် ပိုမို အဆင့်မြင့်သော လုပ်ဆောင်ချက်များ (ဥပမာ ကွာလတီမြင့် ဗွီဒီယိုကြည့်ရှုခြင်း) အား ဘက်ထရီ အရမ်းမကုန်ဘဲ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

Galaxy J6+ တွင် 3GB RAM နှင့်အတူ ဖုန်းတွင်းမှတ်ဥာဏ် 32GB ပါဝင်ပြီး Galaxy J4+ တွင် 2GB RAM နှင့်အတူ ဖုန်းတွင်းမှတ်ဥာဏ် 16GB ထည့်သွင်းပေးထားသည်။ အဆိုပါ ဖုန်းနှစ်လုံးစလုံးတွင် SD ကဒ်ထပ်မံထည့်သွင်း၍ ဖုန်းတွင်းမှတ်ဥာဏ်အား 512 GB အထိ တိုးမြှင့်အသုံးပြုနိုင်သဖြင့် သုံးစွဲသူများအနေဖြင့် စွမ်းဆောင်ရည်နှင့် လွယ်ကူအဆင်ပြေမှုများအား အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်သည်။

 Samsung Galaxy J6+ Product Specifications

 

  Galaxy J6+
Dimension 76.9 x 161.4 x 7.9mm (178g)
Display 6.0”, HD+, 18.5:9, Infinity Display
Camera Rear: 13MP AF (F1.9) + 5MP FF (F2.2)

Front: 8MP FF (F1.9)

Processor Qualcomm Snap Dragon 425, Quad-core 1.4 GHz
Network LTE Cat.4
Connectivity 802.11 b/g/n 2.4G, Bluetooth® v 4.2,ANT+, USB 2.0
Memory RAM: 3GB

Internal memory: 32GB

External memory: Up to 512GB with a microSD™ card

Battery 3,300 mAh
Sensors Accelerometer, Gyro Sensor, Geomagnetic Sensor, Proximity Sensor, Light Sensor, GPS, Glonass
Security Face Recognition, Fingerprint Scanner (Side)

 

Samsung Galaxy J4+ Product Specifications

  Galaxy J4+
Dimension 76.9 x 161.4 x 7.9mm (178g)
Display 6.0”, HD+, 18.5:9
Camera Rear: 13MP AF (F1.9)

Front: 5MP FF (F2.2)

Processor Qualcomm Snap Dragon 425, Quad-core 1.4 GHz
Network LTE Cat.4
Connectivity 802.11 b/g/n 2.4G, Bluetooth® v 4.2,ANT+, USB 2.0
Memory RAM: 2GB

Internal memory: 16GB

External memory: Up to 512GB with a microSD™ card

Battery 3,300 mAh
Sensors Accelerometer, Proximity Sensor, Light Sensor, GPS, Glonass
Security Face Recognition

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*