Latest post

အင်္ဂလန်နိုင်ငံသားတစ်ဦးက ချစ်သူမိန်းကလေးကို eBay တွင် လေလံတင်ရောင်းချ

သင်၏ အဝတ်အစားဟောင်းများ၊ ပရိဘောဂများ (သို့မဟုတ်) ရှေးဟောင်းပစ္စည်းများကို ရောင်းချမည်ဆိုလျှင် eBay သည် အကောင်းဆုံးနေရာဖြစ်ပြီး လေလံတင်ရောင်းချခြင်းဖြင့် မူလခန့်မှန်းထားသည်ထက် များပြားသည့်ငွေကို ရရှိနိုင်သည်။

အင်္ဂလန်ရှိ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးကမူ သူ၏ ချစ်သူမိန်းကလေးကို eBay တွင် လေလံတင်ထားရာ ယခုအခါ ပေါင် ၇၀၀၀၀ အထိ ဈေးပေးသူရှိနေပြီ ဖြစ်သည်။

အင်္ဂလန်နိုင်ငံ၊ အက်ဆက်စ်ပြည်နယ်တွင် နေထိုင်သော ဒေးလ်လိခ်စ် အမည်ရှိ အမျိုးသားက သူ၏ချစ်သူ၊ အသက် ၃၇ နှစ်အရွယ်ရှိ ကယ်လီ ဂရိဗ်စ်အား နောက်ပြောင်သောအားဖြင့် eBay တွင် လေလံတင်ရောင်းချရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

ဒေးလ်က လေလံဆွဲမည့်သူများကို ကြိုတင်သတိပေးထားချက်တစ်ခုရှိသည်။

“သူက ကားဟောင်းတစ်စီးလိုပဲ။ စထွက်ဖို့ကတော့ အဆင်ပြေတယ်။ ဒါပေမယ့် နည်းနည်းကြာလာရင် အသံဗလံတွေ ဆူညံလာတယ်။ အဲဒါကလည်း ဘယ်တော့မှ ရပ်မယ်လို့ ကျွန်တော်မထင်ဘူး။ ဘော်ဒီကတော့ တော်တော်လေး သပ်ရပ်ပါတယ်။ဒါပေမယ့် ဆေးတော့ နည်းနည်းဖို့ထားတဲ့ လက္ခဏာတွေ တွေ့ရတယ်။ ကြီးကြီးမားမား ထိထားတာမျိုးမရှိပေမယ့် အသုံးပြုပြီးသားဆိုတာကတော့ ကျိန်းသေပြောလို့ရတယ်။ မော်ဒယ်အသစ်တစ်ခုခုနဲ့ အလဲအထပ် ပိုပြီးလုပ်ချင်ပါတယ်”

အန္တရာယ်မရှိသော နောက်ပြောင်မှုတစ်ခုအဖြစ်ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ၂၄ နာရီအတွင်း သူ၏ ကြော်ငြာကို ဝင်ရောက်ကြည့်ရှုမှု အကြိမ်ရေ ၈၀၀၀ ကျော်ရှိခဲ့ပြီး အမြင့်ဆုံးလေလံဈေးအဖြစ် ပေါင် ၇၀၀၀၀ ပေးသူရှိနေပြီ ဖြစ်သည်။

မြေယာအလှပြင်ဆင်သူ ဥယျာဉ်မှူးတစ်ဦးဖြစ်သူ ဒေးလ်က ပြောကြားရာတွင် “eBay မှာ အဲဒီကြော်ငြာတင်ပြီး ကျွန်တော် တောက်လျှောက်ရယ်နေမိတယ်။ သူကကျွန်တော့်ကိုမေးတယ် ..ဘာတွေ ဒီလောက်ရယ်နေတာလဲ..တဲ့”

“ကျွန်တော်ကလည်း သူ့ကို eBay မှာ လေလံတင်ရောင်းထားတယ်လို့ အရွှန်းဖောက်ပြောခဲ့ပါတယ်”

“အဲဒီညနေခင်း ညစာစားထွက်ချိန်မှာတော့ ကျွန်တော့်ဆီကို ဥရောပတစ်တိုက်လုံးကအပြင် အမေရိကန်နဲ့ သြစတေးလျတို့လို သိပ်ဝေးကွာတဲ့နေရာတွေက မက်ဆေ့တွေ ဗုံးကြဲသလို ဝင်လာပါတော့တယ်။ လက်ရှိဖြစ်နေတဲ့ အတိုင်းအတာကို သူ့ကိုထုတ်မပြောခဲ့ပါဘူး။ ”

“အခြေအနေက ပြန်ထိန်းလို့ မရတော့ပါဘူး။ လေလံတွေလည်း စဆွဲနေကုန်ပြီ။ တချို့လေလံဆွဲတဲ့သူတွေက သူ့ရဲ့ အရင်ပိုင်ရှင်ကို မေးကြပါတယ်” ဟု ဒေးလ်က ပြောကြားသည်။

နောက်ပိုင်းတွင် အဆိုပါကြော်ငြာကို eBay က ဖြုတ်ချလိုက်သည်ဟုဆိုသည်။

“ကယ်လီက ကျွန်တော့်ကို မေးပါတယ်။ ဘယ်လောက်ဈေးရရင် သူ့ကို တကယ်ရောင်းမလဲ၊ တစ်ယောက်ယောက်က တကယ်ဝယ်သွားရင် ကျွန်တော်ဝမ်းနည်းနေမလားလို့ မေးပါတယ်။ ကျွန်တော်ဖြေခဲ့တာက တစ်ယောက်ယောက် တကယ်ဝယ်သွားရင် ဝမ်းနည်းကြေကွဲနေလိမ့်မယ်၊ ဒါပေမယ့် Lamborghini (ဒါမှမဟုတ်)Ferrari ကားပေါ်မှာ ငိုကြွေးနေတာမျိုး ဖြစ်နိုင်ချေရှိတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ ”

cherie (shweinnlay)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*