နက်စလေမြန်မာက ကမ္ဘာ့စားနပ်ရိက္ခာနေ့ ကို ကြိုဆိုချိတ်ဆက်ဂုဏ်ပြုသောအားဖြင့် “ပျိုးထောင်ပြုစုကျန်းမာတဲ့မြန်မာမိသားစု’’ အမည်ဖြင့် ပြပွဲကြီးကျင်းပ

အဆိုပါ ပြပွဲကြီးတွင်မြန်မာ၏ ကျန်းမာပြည့်ဝအနာဂတ်ဘ၀အတွက် နက်စလေမြန်မာ ထုတ်ကုန်များဖြစ်သည့် NESCAFÉ, MILO, နက်စလေဝက်ဝံမော့မစ် ၊ MAGGI, LACTOGEN 3, CERELAC MULTIGRAIN စသည့်ထုတ်ကုန် ၆ မျိုး ပါဝင်ပြသသွားမည်။

နက်စလေမြန်မာက (၂၀၁၈ )ကမ္ဘာ့စားနပ်ရိက္ခာနေ့  အထိမ်းအမှတ်အဖြစ် မဟာဗန္ဓုလပန်းခြံတွင် “ပျိုးထောင်ပြုစုကျန်းမာတဲ့မြန်မာမိသားစု” ပြပွဲကြီးအား  အောက်တိုဘာလ  (၆) ရက်နေ့နှင့် (၇) ရက်နေ့များတွင် နံနက် (၉) နာရီမှ ညနေ (၆) နာရီအထိ ပြုလုပ်သွားမည်ဖြစ်သည်။

နက်စလေသည် ကမ္ဘာ့အကြီးဆုံး စားသောက်ကုန်ကုမ္ပဏီကြီးဖြစ်ပြီး နိုင်ငံပေါင်း (၁၈၉)  နိုင်ငံတွင်ကုမ္ပဏီခွဲများရှိပြီး နှစ်ပေါင်း ( ၁၅၀ ) ကျော်တိုင်ခဲ့သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။နက်စလေအနေဖြင့်  စားသုံးသူများထံသို့ ၄င်း၏ ထုတ်ကုန်အမှတ်တံဆိပ်( ၂၀၀၀ )ခန့် မိတ်ဆက်ခဲ့ပြီိးဖြစ်သည်။

နက်စလေအနေဖြင့် အာဟာရပြည့်ဝသည့်ကမ္ဘာကြီးဖြစ်လာစေရန် ရည်မှန်းချက်ထားလုပ်ဆောင်နေပြီး  ကျန်းမာပြည့်ဝလူမှုဘ၀ကို ထင်ဟပ်စေမည့် “ကောင်းမွန်သောအစားအစာ ကောင်းမွန်သောဘဝ” ဆောင်ပုဒ်သည်  နက်စလေ၏ အနှစ်ချုပ်ပင်ဖြစ်သည်။

 

အဆိုပါပွဲကြီး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ မိသားစုများအတွက် အရည်အသွေးမြင့်  အာဟာရအမျိုးအစားများ  ရွေးချယ်ပုံနှင့်ပတ်သက်၍ ပညာပေးမှုအစီအစဉ်များကို အသက်အရွယ်မရွေး ရရှိနိုင်စေရန်အတွက် နက်စလေမြန်မာ၏  ထုတ်ကုန်များဖြစ်သည့် NESCAFÉ, MILO, NESTLÉ BEAR BRAND ၊ MAGGI, LACTOGEN 3, CERELAC MULTIGRAIN တို့မှ ပူးပေါင်းပါဝင် ပြသသွားမည်ဖြစ်သည်။ ထို့အပြင် မိသားစုများအတွက် သင့်လျော်သော အစာအာဟာရနှင့် ပတ်သက်သည့်   ပြခန်းများ၊ မိခင်များအနေဖြင့် လေ့လာခွင့်ရရှိစေရန် အာဟာရပြခန်းများလည်း ရှိမည်ဖြစ်သည်။  နက်စလေ၏ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း နက်စလေပြခန်းတွင် ၀င်ရောက်လေ့လာဆွေးနွေးနိုင်မည်ဖြစ်သည်။

 

နက်စလေမြန်မာ၏ Managing Director ဖြစ်သူ Mr. Hayri Devrim Cobek က “အနာဂတ်မှာ ကျန်းမာသန်စွမ်းပြီး  လူတိုင်း ကျန်းကျန်းမာမာဖြစ်စေဖို့ ကျွန်တော်တို့ရဲ့ အာဟာရထုတ်ကုန်တွေကို အရည်အသွေးတိုးမြှင့်ပြီး   အားလုံးလက်လှမ်း မှီနိုင်အောင် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါမှသာ ပျိုးထောင်ပြုစုကျန်းမာတဲ့မြန်မာမိသားစု  ဆိုတဲ့ ဆောင်ပုဒ်လိုဖြစ်မှာ အမှန်ပါပဲ” ဟုပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ သူတွေ ကျန်းမာသန်စွမ်းတဲ့သူတွေဖြစ်လာစေဖို့ ကျွန်မတို့အနေနဲ့ အခန်းကဏ္ဍတစ်ခုကနေ  ပါဝင်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ လာမယ့်နှစ်တွေမှာလည်း ဒီလိုမျိုးပူးပေါင်းပါဝင်တဲ့ လုပ်ဆောင်မှုမျိုးတွေကို  ဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်ပါတယ် ” ဟု နက်စလေမြန်မာ ၏ Senior Marketing Manager ဖြစ်သူ Ms.Ivy  Tan ကပြောသည်။

နက်စလေမြန်မာ၏ “ပျိုးထောင်ပြုစုကျန်းမာတဲ့မြန်မာမိသားစု” ပြပွဲကြီးတွင် ကျန်းမာရေးနှင့်အစာအာဟာရဆိုင်ရာ  အသိပညာပေးဆွေးနွေးမှုများအား နက်စလေ၏ Corporate Nutrition Manager ဒေါက်တာဆုနွယ်ဇော်၊ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရပါရဂူ ဒေါက်တာ ခင်မာချိုနှင့် ပြည်သူ့အချစ်တော် သရုပ်ဆောင်၊

 ဒေါက်တာ  ချစ်သုဝေတို့မှ ပူးပေါင်းဆွေးနွေးသွားမည်ဖြစ်သည်။

“ဒီနေ့ပွဲမှာ အဓိက ပြောချင်တာကတော့ အသက်အရွယ်အားလုံးအတွက် အဓိကအရေးကြီးဆုံးက  အစာအာဟာရဖြစ်ပါတယ်။” ဟု နက်စလေ၏ Corporate Nutrition Manager ဒေါက်တာဆုနွယ်ဇော် ကပြောကြားခဲ့သည်။  “မြန်မာနိုင်ငံအနေနဲ့ အာဟာရချို့တဲ့ခြင်းဆိုတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့  ကျန်းမာတဲ့အစားအစာကို  ရွေးချယ်စားသုံးတတ်တဲ့ လူနေမှုပုံစံကို အောင်မြင်တဲ့ အလေ့အထတစ်ခုအနေနဲ့  ဖန်တီးနိုင်စေဖို့ အသိပညာပေးဆွေးနွေးမှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ် ” ဟု ဆက်လက်ပြောကြားသွားပါသည်။

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*