နှစ်ပေါင်း ၄၀ ကြာကွာရှင်းခဲ့ပြီးနောက် ပြန်လည်လက်ထပ်ထိမ်းမြားခဲ့တဲ့ စုံတွဲ…

လွန်ခဲ့တ့ နှစ်ပေါင်း ၄၀ ကျော်ကြာတုန်းက ကွာရှင်းပြတ်စဲခဲ့ကြတဲ့ အင်္ဂလန်က စုံတွဲတစ်တွဲဟာ ယနေ့မှာမှ ပြန်လည်ပေါင်းသင်းနေထိုင်ဖို့ လက်ထပ်ထိမ်းမြားလိုက်ကြပါတယ်။ ချာလီ ၈၈ နှစ်နဲ့ အန်ဒရီဟေးလ် ၈၃ နှစ်တို့ဟာဆိုရင် အိမ်ထောင်ရေးပြတ်စဲခဲ့ကြတာ ဆယ်စုနှစ် ၄ ခုကို ကျော်လွန်ပြီးတော့မှ ပြန်လည်လက် ထပ်ထိမ်းမြားခဲ့တာလည်းဖြစ်ပါတယ်။

နှစ်အတော်ကြာ ကွဲကွာအဆက်ပြတ်နေခဲ့ကြပေမယ့်လည်း သူတို့နှစ်ဦးသားရဲ့ နှလုံးသားတို့ဟာ ယနေ့ ထိတိုင်ပဲ ပူနွေးပြီးတော့ မြတ်နိုးကြင်နာနေကြဆဲဖြစ်ကာ အခြားလူတွေအတွက်တော့ နှစ်ပေါင်း ၄၀ ဆိုတာ အရမ်းကို အေးစက်နေတဲ့ ဆက်ဆံရေးရှိနေမှာ အသေအချာပါပဲ။

ချာလီနဲ့ အန်ဒရီတို့ရဲ့ လက်ထပ်ထိမ်းမြားခြင်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့တုန်းက ကျင်းပခဲ့ပြီးတော့ သူတို့မိသားစုတွေနဲ့ သားသမီးခြောက်ဦးတို့နဲ့ အတူ ပျော်ပျော်ရွှင်ရွင် ကျင်းပခဲ့ကြတယ်လို့ သိရှိရပါတယ်။ ချစ် သူနှစ်ဦးတို့ အတူလျှောက်လှမ်းကြမယ့် ဘဝခရီးလမ်းဆိုတာ မလွယ်ကူမသိမ်မွေ့ပေမယ့်လည်း အနားနားမှာ ကိုယ်ချစ်ရတဲ့သူတွေ ရှိနေမယ်ဆိုရင်တော့ ခရီးတွေမှာ အမောပြေစေတယ်ဆိုတာ သူတို့နှစ်ဦးက သက်သေပြ လိုက်ပါတယ်။

ချာလီနဲ့ အန်ဒရီတို့ ပထမဆုံးစတွေ့ဆုံချိန်ဟာ ၁၉၅၅ ခုနှစ် ပက်ဟန်က အကခန်းမမှာတွေ့ဆုံခဲ့ကြပြီးနောက် လက်ထပ်ထိမ်းမြား ခဲ့ကြပါတယ်။ ၁၉၇၈ ခုနှစ်မှာတော့ သူတို့ဟာ ကွာရှင်းခဲ့ကြပြီး ကလေးတွေကိုလည်း တစ်ဦး တစ်ယောက်စီ ခေါ်ယူသွားခဲ့ကြပါတယ်။ ကွာရှင်းခြင်းဟာဆိုရင် ခင်ပွန်းသည်ဖြစ်သူရဲ့ အမှားကြောင့်ဖြစ်ရတယ်လို့ သားဖြစ်သူက ပြောပြခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းကဆိုရင် မိခင်ဖြစ်သူမှာ အိမ်ထောင်ရေးပြိုကွဲသွား ခြင်းနဲ့ မိသားစုတစ်ကွဲတစ်ပြားစီဖြစ်ခဲလို့ လုံးဝခွင့်မလွှတ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ အိမ်ထောင်ရေးကွဲရှင်းခဲ့တဲ့အချိန်တုန်းကဆိုရင် နှစ်ယောက်စလုံးက မပျော်ရွှင်ခဲ့ရဘူးဆိုတာ သားသမီးတွေက သတိထားမိခဲ့ကြတယ်လို့လည်း ပြောပါတယ်။ အခုတော့ သံယောဇဉ် ရှိပြီး ချစ်ခြင်းတွေမပျက်ပြယ်နိုင်သေးတဲ့ သူတို့နှစ်ဦးဟာ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ကြပါတယ်။

 

မေ(ရွှေအင်းလေး)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*