Nova စမတ်ဖုန်း၏ အဓိကလုပ်ဆောင်ချက်များ ဖော်ထုတ်ပြသနိုင်ရန် မန္တလေးမြို့၏ သုံးစွဲသူများနှင့်အတူ Huawei Nova Academy Workshop ဒုတိယအကြိမ်မြောက်ပြုလုပ်ခဲ့

cof

“ဒုတိယအကြိမ်မြောက် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည့် Workshop တွင် မန္တလေးရှိ Huawei အသုံးပြုသူများအား ၎င်းတို့၏ Nova device များတွင် ပါရှိသော လုပ်ဆောင်ချက်များကို ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်စေရန် အထူးလုပ်ဆောင်ချက်များကို မျှဝေပေးခဲ့သည်”

 အောင်မြင်မှုများ ရရှိခဲ့သော Huawei Nova Academy Workshop ကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ ၁၂ရက်၊ ၂၀၁၈ ခုနှစ်၊ နေ့လည် ၁ နာရီမှ ည ၈နာရီအထိ မန္တလေးမြို့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ Huawei Nova ၏ ကင်မရာ function များကို အသုံးပြုကာ Professional  တစ်ဦးကဲ့သို့ ဓာတ်ပုံရိုက်ကူးနိုင်စေရန်အတွက် အဆိုပါ workshop အား ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နာမည်ကြီးဓာတ်ပုံဆရာတစ်ဦးဖြစ်သော Love Dairy Wedding Professional တည်ထောင်သူ ၊   ASIA WPA International Photography & Videography Competition First-Half2018 တွင် ထူးချွန်ဆု နှစ်ဆု ရရှိခဲ့သည့် ကိုဝေလင်းမှ ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့ပါသည်။

ဗဟုသုတများကို ဖလှယ်သည့် အထူးအစီအစဉ်အပြင် စမတ်ဖုန်းနှင့် ဓာတ်ပုံရိုက်ကူးခြင်းအနုပညာ၊ portrait ဓာတ်ပုံရိုက်ကူးခြင်း အစီအစဉ်နှင့်စမတ်ဖုန်းကို အသုံးပြု၍ ဓာတ်ပုံများ retouch ပြုလုပ်ခြင်းကို သင်ပြပေးမည့် master class တို့ကို တက်ရောက်ပါဝင်နိုင်ရန် ကံထူးသူ ၂၅ ဦးအား Huawei Device Myanmar official Facebook Page မှတစ်ဆင့် ရွေးချယ်ပေးခဲ့ပါသည်။

Huawei Device Myanmar ၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် စမတ်ဖုန်းချစ်သူ လူငယ်မျိုးဆက်သစ်များနှင့် ချိတ်ဆက်နိုင်ရန် နှင့် ၎င်းတို့၏လူနေမှုဘဝ လိုအပ်ချက်များကို နားလည်သိရှိနိုင်စေရန် ပြုလုပ်ပေးခဲ့သည့် အဆိုပါ workshop တွင် လက်တွေ့သင်ခန်းစာများနှင့် စိတ်ဝင်စားဖွယ်လှုပ်ရှားမှုများကိုပြုလုပ်ပေးခဲ့ပြီး အသုံးပြုသူများ၏တစ်နေ့တာတွင် အသုံးဝင်မည့် Nova ဖုန်းများ၏ အထူးလုပ်ဆောင်ချက်နှင့် နည်းလမ်းများအား သင်ကြားမျှဝေပေးခဲ့ပါသည်။

“ကျွန်မတို့အားလုံးမှာ Nova Star တွေရဲ့စရိုက်လက္ခဏာတွေရှိကြပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ဟာ ကျွန်မတို့ user တွေ  လက်တွေ့မှာ သူတို့ရဲ့ဖန်တီးမှုတွေကိုအကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ကူညီပေးသွားမှာပါ။ Novaဖုန်းသုံးသူ generation ဟာ စမတ်ဖုန်းကိုနေ့စဉ်ဘဝမှာ အသုံးအများဆုံးဖြစ်ပြီး သူတို့ရဲ့ သွက်လက်ဖြတ်လတ်မှုတွေ၊ တက်ကြွမှုတွေကို လိုက်မီတဲ့ စမတ်ဖုန်းကင်မရာကို အသုံးပြုသင့်ပါတယ်။ မကြာသေးခင်က မိတ်ဆက်ပေးခဲ့တဲ့ Nova 3 ဟာ သူတို့ရဲ့ ထူးခြားတဲ့ အကျင့်စရိုက်တွေကို အကောင်းမွန်ဆုံး ကင်မရာလုပ်ဆောင်ချက်တွေနဲ့အတူ ထုတ်ဖော်ပြသဖို့  ပံ့ပိုးပေးမှာဖြစ်ပြီး အလှပဆုံး selfie ပုံများနဲ့ ၎င်းတို့ ပတ်ဝန်းကျင်က အလှတရားတွေကို တ၀ကြီး ရိုက်ကူးမှတ်တမ်းတင်ထား စေနိုင်မှာဖြစ်ပါတယ်။ ယခုပြုလုပ်တဲ့ Huawei Nova Academy ဟာ အသုံးပြုသူအတွက် နေ့တိုင်း နေရာတိုင်းမှာ အသုံးဝင်မယ့်သိမှတ်ဖွယ်ရာလုပ်ဆောင်ချက်တွေကို မျှဝေပေးမှာဖြစ်တဲ့အတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။” ဟု Huawei Device Myanmar ၏ Marketing Director ဖြစ်သူ မခင်ရတနာဝင်းမှ  ပြောကြားခဲ့သည်။

Nova ၏ culture ဖြစ်သည့် နောက်ဆုံးပေါ်နည်းပညာများဖြင့် စိတ်လှုပ်ရှားဖွယ် ဖန်တီးမှုအသစ်အဆန်းများကို အတိုင်းအဆမရှိ ဖော်ထုတ်ခြင်းကို အားပေးပံ့ပိုးသည့်အနေဖြင့် ကမ္ဘာတစ်ဝှမ်းတွင် Nova Academy workshop များအား ကျင်းပပြုလုပ်ပေးလျှက်ရှိပါသည်။ The Nova Academy သည် ပညာရပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို workshop များအသွင်ဖြင့် Nova အသုံးပြုသူများ မိမိတို့ကိုင်ဆောင်နေသည့်ဖုန်း၏ လုပ်ဆောင်ချက်များကို ပိုမိုသိရှိနားလည်ပြီး အကျိုးရှိရှိအသုံးချနိုင်ရန် ဖန်တီးပေးထားခြင်းဖြစ်ပါသည်။

ဤ workshop တွင် ကင်မရာ ၄ လုံးပါဝင်မှု၊ ကြီးမားသည့် internal storage နှင့် ဈေးနှုန်းသင့်တင့်မှုကြောင့် ဆယ်ကျော်သက် လူငယ်များအကြား အထူးရေပန်းစားနေသည့် Huawei Nova 3 နှင့် Nova 3i ဖုန်းများကို အသုံးပြုကာ သင်ကြားပြသပေးခဲ့သည်။  AI နည်းပညာဖြင့် ထောက်ပံ့မှုပေးသည့် ကင်မရာ ၄ လုံးဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် nova စမတ်ဖုန်းများ၏ ကင်မရာ  သည် DSLR ကင်မရာများနှင့် အဆင့်မြင့် စမတ်ဖုန်းများကို အသုံးပြုရသကဲ့သို့ ဓာတ်ပုံရိုက်ကူးရာတွင် မိမိနှစ်သက်သလို ပြောင်းလဲချိန်ယူနိုင်သည့် aperture နှင့် portrait mode များပါဝင်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*