နက်စလေဝက်ဝံမော့မစ် (NESTLÉ BEAR BRAND)  မှ သံဓာတ်ပြည့်ဝခြင်း၏ အရေးပါပုံအား မြန်မာနိုင်ငံရှိ လူပေါင်း ၁၇၀၀၀ ကျော်ကို မျှဝေခဲ့

ပျိုးထောင်ပြုစု ကျန်းမာတဲ့ မြန်မာမိသားစု ပွဲတွင် သံဓာတ်ချို့တဲ့ခြင်းအသိပညာပေးမှုကို ပြုလုပ်ပေးခဲ့ပြီး သံဓာတ်ပြည့်ဝစွာနေထိုင်ရန် တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံသားများ သံဓာတ်ပြည့်ဝစွာနှင့် ကြံခိုင်ထက်မြတ်စွာနေထိုင်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်

 အောက်တိုဘာလ (၁၆) ရက်နေ့တွင် ကျရောက်သော ကမ္ဘာစားနပ်ရိက္ခာနေ့အား ကြိုဆိုသောအားဖြင့် အောက်တိုဘာ ၆ ရက်နေ့ နှင့် ၇ ရက်နေ့ များတွင် မဟာဗန္ဓုလ ပန်းခြံ၌ ကျင်းပခဲ့သည့် ပျိုးထောင်ပြုစု ကျန်းမာတဲ့ မြန်မာမိသားစု ပြပွဲ၌  နက်စလေ ဝက်ဝံ အမှတ်တံဆိပ် မှလည်း ပါဝင်ဆင်နွှဲခဲ့သည်။

နက်စလေဝက်ဝံအမှတ်တံဆိပ် ၏ ပြခန်းနေရာသို့ ကြည့်ရှုလေ့လာသူပေါင်း ၁၇,၀၉၆ ယောက် လာရောက်လည်ပတ်ခဲ့ပြီး အဆိုပါ လာရောက်လည်ပတ်သူများအား ပွဲအစီအစဉ်အမျိုးမျိုးနှင့် သံဓာတ်ကျန်းမာရေး စကားဝိုင်းများဖြင့် အသိပညာပေးမှုများကို မျှဝေခဲ့ပါသည်။

နက်စလေဝက်ဝံအမှတ်တံဆိပ် သည် ကြံခိုင်ထက်မြက်သော မိသားစုတစ်စုဖြစ်လာရန် အတွက် သံဓာတ်ပြည့်ဝ လုံလောက်စွာ နေထိုင်ခြင်းသည်အရေးကြီးကြောင်း နှင့် သံဓာတ်ချို့တဲ့ခြင်း နှင့်ပက်သက်ပြီး အသိပညာပေးခြင်းများကို အလေးထားဆောင်ရွက်ခဲ့ပါသည်။ထိုသို့ သံဓာတ် အကြောင်းနှင့် ကျန်းမာရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရပါရဂူ ဒေါက်တာ ခင်မာချိုနှင့်အတူ Nestlé Corporate Nutrition Manager ဒေါက်တာဆုနွယ်ဇော်နှင့် ရုပ်ရှင်သရုပ်ဆောင်၊ ဆရာဝန် ချစ်သုဝေတို့မှ ပါဝင် ဆွေးနွေးခဲ့ကြပါသည်။

“ဒီနေ့ခေတ်မှာဆိုရင် အာဟာရဆိုင်ရာ ကိစ္စဟာဆိုရင်  ပိုပြီး ဂရုစိုက်သင့်တဲ့ အရေးကြီး ကိစ္စတစ်ရပ်ဖြစ်ပါတယ်။” ဟု ဒေါက်တာ ခင်မာချိုမှ ပြောကြားခဲ့ပါသည်။

“သံဓာတ်ချို့တဲ့ခြင်းဟာဆိုရင် ကမ္ဘာတစ်ဝှမ်းမှာကြုံတွေ့နေရတဲ့ အာဟာရချို့တဲ့မှုပြဿနာတစ်ခုဖြစ်နေပါတယ်။   မြန်မာနိုင်ငံမှာ အထူးသဖြင့် ကလေးတွေနဲ့ အမျိုးသမီးတွေမှာ သံဓာတ်ချို့တဲ့မှု ပြဿနာ အများဆုံး ကြုံတွေ့ နေရပါတယ်။ ပိုမို ကျန်းမာပြီး ကြံ့ခိုင်တဲ့မြန်မာပြည်ကြီးကို ဆက်လက်တည်ဆောက်ဖို့ စည်းစည်းလုံးလုံးနဲ့ ပါဝင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။” ဟု ဆက်လက်ပြောကြားခဲ့သည်။

ပွဲအစီအစဉ်များအနေဖြင့် ဆရာဝန်များဖြင့် သံဓာတ်ချို့တဲ့မှု ရှိမရှိ အခမဲ့ စစ်ဆေးပေးခြင်း၊ သံဓာတ်ဆိုင်ရာ ပညာပေး ဂိမ်းများနှင့် အရသာရှိပြီး အာဟာရပြည့်ဝသော သံဓာတ်ကြွယ်ဝစွာပါဝင်သည့် နက်စလေ၀က်ဝံမော့မစ်များ ကို မြည်းစမ်းကြည့်စေခြင်း စသည့် အစီစဉ်များဖြင့် အာဟာရနှင့် သံဓာတ် ဆိုင်ရာ ဗဟုသုတများကို ပွဲသို့ လာရောက်လည်ပတ်သူများထံ မျှဝေ ပေးနိုင်ခဲ့သည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သံဓာတ် ချို့တဲ့မှုကို တိုက်ဖျက်ဖို့အတွက်  နက်စလေ ဝက်ဝံမော့မစ်ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ အများပြည်သူတွေဆီကို သံဓာတ်အသိပညာပေးမှု အစီအစဉ်တွေ ဆက်တိုက်ပြုလုပ်ခဲ့တုန်းက ကျွန်မတို့ သတိထားမိတာကတော့ မြန်မာတစ်နိုင်ငံလုံး ကြံ့ခိုင်ထက်မြက်တဲ့ မိသားစုများအဖြစ် တည်ဆောက်နိုင်ဖို့ စဉ်ဆက်မပြတ် သံဓာတ်အသိပညာပေးအစီစဉ်များကို ပြုလုပ်ဖို့လိုအပ်တယ် ဆိုတာပါပဲ” ဟု ဒေါက်တာ ဆုနွယ်ဇော်ကပြောကြားခဲ့ပါသည်။

သံဓာတ်ပြည့်ဝသည့် မြန်မာနိုင်ငံဆီသို့

နက်စလေဝက်ဝံမော့မစ်မှ လွန်ခဲ့သောနှစ်မှစပြီး ပွဲအစီအစဉ်အမျိုးမျိုးနှင့် အိမ်တိုင်ရာရော က် မော့မစ်များအခမဲ့ဖြန့်ဝေခြင်းများမှ တစ်ဆင့် သံဓာတ်ပြည့်ဝခြင်း အရေးကြီးပုံများကိုမြန်မာနိုင်ငံရှိ မိသားစုများသို့ ဝေမျှခဲ့ပါသည်။ ထိုပွဲများနှင့် လှုပ်ရှားမှုများတွင် ရန်ကုန်၊ ပုသိမ်၊ မန္တလေးနှင့် မကွေးမြို့ရှို သံဓာတ် ချို့တဲ့နေသူများအား နက်စလေဝက်ဝံမော့မစ်များအား လှူဒါန်းခြင်း အစီအစဉ်များလည်းပါဝင်သည်။ ပွဲရက်များအတွင်း ဆရာဝန်များက သံဓာတ်အခြေအနေကို စစ်ဆေးပေးခြင်းဖြင့် သံဓာတ်အခြေအနေကို ပိုမိုနားလည်ရန် ကူညီခဲ့ကြပြီး သံဓာတ်ချို့တဲ့ခြင်း၏ လက္ခဏာများနှင့် အကျိုးဆက်များကို ရှင်းလင်း ပြသခဲ့သည်။ သံဓာတ်ချို့တဲ့နေသူများအား ကြံ့ခိုင်ထက်မြက်လာစေရန် နက်စလေ ဝက်ဝံမော့မစ် တစ်လစာအား ထောက်ပံ့ပေးခဲ့ပါသည်။

မြန်မာနိုင်ငံရှိ မိသားစုများသို့ သံဓာတ်ချို့တဲ့မှုကို ပိုမိုသိရှိလာနိုင်စေရန် နက်စလေဝက်ဝံအမှတ်တံဆိပ်မှ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးသို့ ကျယ်ပြန့်စွာ ပညာပေးမျှဝေသွားမည်ဖြစ်ပြီး ကြံ့ခိုင်ထက်မြက်သော မိသားစုများအဖြစ်သို့ ရရှိရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ မကြာမီကာလများတွင်လည်း နက်စလေ ဝက်ဝံ အမှတ်တံဆိပ် မှ အခြားမြို့များတွင် ပွဲအစီစဉ်များ ကျင်းပပေးသွားမည်ဖြစ်သည်။

နက်စလေ၀က်ဝံမော့မစ် ၏ ကုန်ပစ္စည်းအကြောင်း၊ ကျန်းမာသည့် လူနေမှုဘဝ နှင့် ကြံ့ခိုင်ထက်မြက်သည့် မိသားစုတစ်ခု တည်ဆောက်နိုင်ရန် Nestlé BEAR BRAND Myanmar ပေ့ခ်ျကို Facebook ပေါ်တွင် like လုပ်လိုက်ပါ။

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*