Latest post

ကိုယ်ဝန်ဆောင်အမျိုးသမီးကို သစ်ပင်မှာကြိုးတုပ်ပြီး ဗိုက်ထဲကကလေးကိုထုတ်ပစ်ခဲ့တဲ့ စုံတွဲဖမ်းဆီးခံရ

ဘရာဇီးလ်က စုံတွဲတစ်တွဲဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို သစ်ပင်မှာကြိုးတုပ်ပြီး ဗိုက်ထဲက သန္ဓေ သားလောင်း ကလေးငယ်ကို ဆွဲထုတ်ပစ်ခဲ့တာကြောင့် အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရ ပါတယ်။ ဘရာဇီးလ်အရှေ့တောင်ပိုင်း၊ ဂျာအိုပင်ဟီရိုအရပ်မှာ ၈ လသားခန့်ရှိတဲ့ သန္ဓေလောင်းကိုယ်ဝန်ဆောင် ထားတဲ့ အမျိုးသမီး မာရာခရစ်တီရာနာဒါ ဆီလ်ဗာရဲ့ ရုပ်အလောင်းကို သစ်ပင်မှာကြိုးချည်ထားလျှက်တွေ့ရပြီး အစာအိမ်ဝမ်း ဗိုက်မှာလည်း ဟောင်းလောင်းနဲ့ ပွင့်လျက်သားဖြစ်နေတာကို အာဏာပိုင်တွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဆွေမျိုးတွေရဲ့ ပြောပြချက်အရတော့ လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသမီးဖြစ်တဲ့ အိန်ဂျလီနာရိုဒရီဂူးစ်ဆိုသူက သေဆုံးသူအမျိုးသမီးရဲ့ ကိုယ်ဝန်ကို သမီးမိန်းကလေးမီးဖွားလိမ့်မယ်လို့ အိပ်မက်မက်ခဲ့တဲ့ အကြောင်းကို ပြော နေတတ်တဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝန်ထမ်းတွေက လမ်းမပေါ်ကတုန်ကယင် ကြောက်ကြောက်လန့်လန် တုန်တုန်လှုပ်လှုပ် လမ်း လျှောက်နေခဲ့တဲ့ အသက် ၄၀ နှစ်အရွယ် အမျိုးသမီးကို မြင်တွေ့ခဲ့ရပြီး ဆေးခန်းသွားရောက် ကျန်းမာရေး စစ်ဆေးဖို့ ငြင်းဆန်ခဲ့လို့ သံသယဝင်လာခဲ့တာဖြစ်ပါတယ်။ အသတ်ခံရသူ ကိုယ်ဝန်သည် အမျိုးသမီးရဲ့ ရုပ် အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်မှာတော့ အဆိုပါ အမျိုးသမီး အိန်ဂျလီနာကို လူသတ်မှုတရားခံဆက် စပ်လျှက်ရှိလိမ့်မယ်လို့ စစ်ဆေးပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းချက်အရတော့ တရားခံအမျိုးသမီးဟာ ပြစ်မှုမကျူးလွန်မီမှာ သေဆုံးသွားသူကို အရက်သေ စာများမူးအောင် တိုက်ခဲ့ပြီးနောက်မှာ ခန္ဓာကိုယ်ကို ဝါယာကြိုးနဲ့ ချည်နှောင်ခဲ့ပြီး သားအိမ်ထဲ က ကလေးကို ခွဲထုတ်ပစ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီလို ရူးနှမ်းပြီး ရက်စက်တဲ့ လူသတ်မှုပြစ်မှုကျူးလွန်ခြင်းမှာ ခင်ပွန်းဖြစ်သူ မပါဝင်ခဲ့ဘူးလို့ ငြင်းဆိုထားပေမယ့် ရဲတပ်ဖွဲ့ကတော့ ဒီလုပ်ရပ်ကို သူမတစ်ဦးတည်း ကျူးလွန်ဖို့ ကို သံသယဝင်နေတယ်လို့ သိရပါတယ်။

မေ(ရွှေအင်းလေး)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*