ဘုရားသခင်ပြန်လည်မွေးဖွားမယ်ဆိုကာ အရှင်လတ်လတ်မြေမြှုပ်ခံခဲ့တဲ့ အိန္ဒိယအမျိုးသား

ဘုရားသခင်အဖြစ် ပြန်လည်မွေးဖွာလာဖို့အတွက် အိန္ဒိယအမျိုးသားတစ်ဦးဟာ သူ့ကိုယ်တိုင် အရှင်လတ်လတ် ၈ နာရီ ကြာ မြေမြှုပ်ပစ်ခံပြီးနောက်ပြန်လည်တူးဖော်ကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။ ရာဂျက်စသန်၊ ကိုရိုချိုကာခီဒါမှာ နေထိုင်တဲ့ ဒီဂျက်ခါရိုးလ်အမည်ရှိတဲ့ အိန္ဒိယအမျိုးသားတစ်ဦးဟာ နှစ်အနည်းငယ်ကြာ ဘုရားကျောင်းဝင်းထဲနေထိုင်ရင်း ဘာသာရေးနဲ့ တရားကျင့်ကြံခြင်းအလုပ်အကိုင်တွေကို လုပ်ကိုင်ခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ဖန်ဆင်းရှင်ဘုရားသခင်အဖြစ် တဖန်ပြန်လည်မွေးဖွားလာဖို့အတွက် ဆိုပြီး သူ့ကိုယ်သူ အရှင်လတ်လတ်မြေမြှုပ်ပစ်ဖို့အတွက် ကြိုးပမ်းစီစဉ်ခဲ့ပါတယ်။ သူ့ရဲ့ ဒီလိုပြင်းပြတဲ့ စိတ်ကူး ဆန္ဒကို သူ့ကိုယုံကြည်ကြတဲ့ရွာသားတွေက ဝိုင်းဝန်းပြီး သူ့အားမြေမြှုပ်ပစ်ဖို့နဲ့ ပြန်လည်တူးဖော်ပြီး ဘုရားသ ခင် တဖန်ပြန်လည်မွေးဖွားလာခြင်းဆိုတဲ့ အစီအစဉ်ကို လုပ်ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဂျက်ခါရိုးလ်က သူနေထိုင်တဲ့ ဘုရားကျောင်းအနီးက မြေကြီးမှာ မြေတွင်းတူးပြီး သူ့ကို ထည့်မြှုပ်ပစ်ဖို့ ရွာသား တွေကို စေခိုင်းထား ပါတယ်။ နောက်ပြီး သေဆုံးသူရဲ့ အသုဘအခမ်းအနားအတိုင်း လူအများလာရောက်ပြီး လိုက်လံပို့ဆောင်ပေးကြဖို့လည်း သူက စေခိုင်းထားပါသေးတယ်။ သူ့ကို အရှင်လတ်လတ်အခေါင်းသွင်းပြီး မြေမြှုပ်ပစ်ကာ အပေါ်ဘက်ကနေ ကျောက်ခဲ၊ မြေကြီးနဲ့ ရွံ့နွံ့တွေ ပိတ်ဖုန်းပစ်ကာ မြေမြှုပ်ပစ်ခဲ့ကြပြီး အသုဘ အခမ်းအနားကို ပြုလုပ်ပေးခဲ့ပါတယ်။

ဒီသတင်းဟာ ရွာအနီးနဲ့ ရွာတစ်ဝိုက်က ရဲဌာနစခန်းတွေကို ပျံ့နှံ့သွားခဲ့ပြီး လိုက်လံတားဆီးမှုတွေ လုပ်ဆောင်ခဲ့ချိန်မှ သူ့ရဲ့ အသက်ကို အချိန်မီကယ်လိုက်နိုင်ပါတယ်။ ဘုရားကျောင်းအတွင်း နှစ်အနည်း ငယ် ကြာတရားကျင့်ကြံနေသူ အမျိုးသားရဲ့ စကားကို ယုံကြည်ပြီး မှာကြားချက်ကို တသွေမတိမ်းလုပ်ဆောင်ပေးခဲ့ ကြတဲ့ ရွာသားတွေရဲ့ ဒီအရှင်လတ်လတ် မြေမြှုပ်ပစ်ခဲ့ခြင်းဟာ ကံမကောင်းခဲ့ပါက အသက်ရှူပိတ်ကျပ်ပြီး သေဆုံးသွားနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီလိုလုပ်ရပ်နဲ့ အယူတွေဟာလည်း လွဲမှားနေတဲ့ အယူတွေပဲဖြစ်တယ်ဆိုတာကို ရွာသားတွေကို နားလည်လက်ခံနိုင်အောင် ပြောကြားခဲ့ပြီး အထဲက အမျိုးသား ဒီဂျက်ခါရိုးလ်ကို ပြန်လည်တူးဖော်ကာ ကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*