Huawei Nova 2i ၏ “I Got U” Music Activation မှ Dragons of Asia 2018 ၌ ဆုတံဆိပ် နှစ်ခု ရရှိခဲ့

cof

2018 Dragons of Asia & the 2018 Dragons of Malaysia ဆု အနိုင်ရရှိသူများအား အောက်တိုဘာလ ၂၄ ရက် ၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ရှိ TGV Cinema Complex ၌ တရားဝင်စာရင်း ထုတ်ပြန်ကာ ဆုတံဆိပ်များပေးအပ်ခဲ့သည်။ အဆိုပါ ဆုပေးပွဲ၌ Huawei NOVA 2i ၏ “I Got U” Music Activation မှ ဆုတံဆိပ် နှစ်ခု ဆွတ်ခူးရယူနိုင်ခဲ့သည်။

၂၀၀၀ ခုနှစ်မှ စတင်ကာ PMAA Dragons of Asia သည် APAC ဒေသရှိ နိုင်ငံများ၏ agencies နှင့် clients အတူတစ်ကွ ပြုလုပ်ဖန်တီးသည့် ရလဒ်အခြေပြု အကောင်းဆုံးသော Marketing Communications များအား အသိအမှတ်ပြုပေးနေသည့် Platform တစ်ခုဖြစ်သည်။

mde

အဆိုပါ Dragons of Asia မှ ပေးအပ်သော ဆုများတွင် Category Winner များအတွက် Gold, Silver & Bronze ‘Infinity’ Dragons ဆုတံဆိပ်များ ၊ Country Winner များအတွက် Blue Dragons ‘Infinity’ ဆုတံဆိပ်များ နှင့် အာရှတွင်အကောင်းဆုံးသော campaign ဆုဖြစ်သည့် The Agency of the Year and the Network of the Year အတွက် Red Dragon ‘Infinity’ ဆု တံဆိပ်များအား ပေးအပ်လေ့ရှိသည်။

TODAY Ogilvy & Mather Myanmar နှင့် Huawei Myanmar တို့မှ ပူးပေါင်းပြုလုပ်ခဲ့သည့် Huawei nova2i (I GOT U Music Activation) #OOOO သည် 2018 Best Campaign by Country ဖြစ်သည့် Blue Dragon ‘Infinity’ ဆု နှင့် 2018 Best Small Budget Campaign ဖြစ်သည့် Gold Dragon ဆု တံဆိပ်များ ရရှိခဲ့သည်။

Huawei NOVA 2i ကို အသုံးပြုသည့် သုံးစွဲသူများသည် အသက် ၂၂ နှစ် မှ ၃၅ နှစ်အတွင်းတွင် ရှိပြီး underground, indie ဂီတများအား ကြိုက်နှစ်သက်လေ့ရှိကာ မိမိတို့ ရပ်တည်ချက်အတိုင်း ရှင်သန်လေ့ရှိကြသူများဖြစ်သည်။ အဆိုပါ အချက်အား အခြေပြုပြီး TODAY Ogilvy & Mather နှင့် Huawei Myanmar တို့မှ မြန်မာနိုင်ငံ၏ ထိပ်တန်း Indie ဂီတပညာရှင် လေးဦး အား ရွေးချယ်ပြီး ထူးခြားသည့် ဂီတ ပေါင်းစည်းမှုတစ်ခုကို ဖန်တီးခဲ့ကာ social media campaign တစ်ခုကို ပြုလုပ်ခဲ့သည်။ အဆိုပါ campaign သည် NOVA 2i ကို သုံးစွဲကြသည့် သုံးစွဲသူများ၏ လူနေမှု စရိုက် နှင့် အငွေ့အသက်အား ပေါ်လွင်စေရုံသာမက ဖုန်း၏ လုပ်ဆောင်ချက်များအားလည်း ဖော်ပြနိုင်ခဲ့သည်။ ဒါ့အပြင် လူငယ်များအား စိတ်ဓာတ်ခွန်အားပေးအပ်နိုင်ခဲ့သည့် စာသားများကြောင့် လူငယ်များ၏ အထူးနှစ်သက်မှုကိုလည်း ခံခဲ့ရသည်။ အဆိုပါ သီချင်းအား နိုင်ငံကျော် ဂီတပညာရှင်များဖြစ်သည့် အဆိုတော် ဟန်ထူးလွင် ၊ ချမ်းအေးဝင်း ၊ ရန်ရန်ချမ်း နှင့် Huawei Nova ၏ Brand Endorser ဖြစ်သည့် မယ်ရီ တို့နှင့် ပူးပေါင်းရေးစပ် သီဆိုခဲ့ပြီး Arkar Production က MTV အား ရိုက်ကူးပုံဖော်ခဲ့သည်။

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*