Latest post

၁၁ လပိုင်း ၁၁ ရက်နေ့တွင် ကျင်းပသွားမည့် Huawei ရဲ့ Double 11 Big Sales

Shop.com.mm နှင့် အတူပူးပေါင်းသွားမည်ဖြစ်ပြီး Nova 3e နှင့် Nova 2i အလုံး ၆၀၀ ကျော်အား ဈေးနှုန်းလျှော့ချ ရောင်းချသွားမည်

လတစ်လ၏ ထူးခြားသည့် ရက်များတွင် စိတ်ဝင်စားဖွယ် ပရိုမိုးရှင်း အစီအစဉ်များ ပြုလုပ်လေ့ရှိသည့် Huawei Device Myanmar မှ ယခု နိုဝင်ဘာလတွင်လည်း သုံးစွဲသူများအတွက် Big Sales အသစ်တစ်ခုအား ထပ်မံ မိတ်ဆက်လိုက်သည်။ ယခု အစီအစဉ် အား Shop.com.mm နှင့် ပူးပေါင်းကာ ပြုလုပ်သွားမည်ဖြစ်ပြီး သုံးစွဲသူများ အလွန်ကြိုက်နှစ်သက်ခဲ့သည့် Huawei Nova 3e နှင့် Huawei Nova 2i အလုံး ၆၀၀ ကျော်အား ၂၀% လျှော့ချကာ ရောင်းချသွားမည်ဖြစ်သည်။

ယခုမိတ်ဆက်လိုက်သည့် ပရိုမိုးရှင်အစီအစဉ်တွင် Nova 3e အလုံးရေပေါင်း ၃၂၅ လုံး အား ရောင်းချသွားမည်ဖြစ်ပြီး အရောင်အားဖြင့် အမည်း၊ အပြာ နှင့် ပန်းရောင်တို့ ပါဝင်မည်ဖြစ်သည်။ Nova 2i အလုံးရေပေါင်း ၃၅၂ လုံး ကိုလည်း ရောင်းချသွားမည်ဖြစ်ပြီး အရောင်အားဖြင့် ရွှေရောင် ၊ အမည်း နှင့် အပြာ တို့ ပါဝင်မည်ဖြစ်သည်။ အဆိုပါ  ပရိုမိုးရှင်း အစီအစဉ်အား နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် စတင်ကာ ၁၅ ရက်နေ့ တွင် အဆုံးသတ်မည်ဖြစ်သည်။

ထို့အပြင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် Shop.com မှ အနည်းဆုံး မြန်မာငွေကျပ် ၁၅၀,၀၀၀ ဖိုးဝယ်ယူသူများအား မြန်မာငွေကျပ် ၁၅,၀၀၀ တန် voucher code အား ပြန်လည်ပေးအပ်သွားမည်ဖြစ်ပြီး အနည်းဆုံး မြန်မာငွေကျပ် ၂၀၀,၀၀၀ ဖိုး ဝယ်ယူသူများအား မြန်မာငွေကျပ် ၂၀,၀၀၀ တန် voucher code အား ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် Visa Card ဖြင် ဝယ်ယူပါက 11% Discount့  (မြန်မာငွေကျပ် ၅၀,၀၀၀ အများဆုံး) ရရှိမည်ဖြစ်ပြီး CB Visa သို့မဟုတ် AGD Visa ဖြင့် ဝယ်ယူသူများမှ 22% Discount (မြန်မာငွေကျပ် ၁၀၀,၀၀၀ အများဆုံး) ရရှိမည်ဖြစ်သည်။

အဆိုပါ ပရိုမိုးရှင်းအစီအစဉ် နှင့် ပတ်သတ်ပြီး Huawei Device Myanmar မှ Marketing Director တစ်ဦးဖြစ်သည့် မခင်ရတနာဝင်း မှ “ ကျွန်မတို့ Huawei အနေနဲ့ အမြဲဆန်းသစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ပရိုမိုးရှင်း အစီအစဉ်တွေကို သုံးစွဲသူတွေကို ပေးအပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း customer တွေအတွက် ဆန်းသစ်တဲ့ promotion အစီအစဉ်အသစ်တစ်ခုကို shop.com.mm နဲ့ ပူးပေါင်းပြီး ပြုလုပ်လိုက်ပါတယ်။ ဒီတစ်ခါ အစီအစဉ်ကတော့ အရင်တုန်းကလိုမျိုး ဖုန်းအလုံးရေ အနည်းငယ်ကို အချိန်အနည်းငယ်အတွင်း ရောင်းချတာ မဟုတ်ဘဲ အလုံး ၆၀၀ ကျော်ကို ၅ ရက်ကြာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်မတို့ Huawei ဘက်က ပေးတဲ့ Promotion တွေ အပြင် Shop.com.mm က ပေးတဲ့ အမျိုးမျိုးသော ထပ်ဆောင်း Promotion တွေ ကြောင့်လည်း ဝယ်ယူတဲ့သူတွေ စိတ်ကျေနပ်ကျမယ်လို့ထင်ပါတယ်။ ထပ်မံပြီးတော့လည်း ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုနဲ့ ပရိုမိုးရှင်းတွေ ပေးအပ်သွားနိုင်အောင် ကြိုးစားသွားပါ့မယ်။” လို့ ပြောကြားခဲ့သည်။

ပထမဆုံး ကင်မရာလေးခု၊ FullView Display ၊ Full HD + Resolution နဲ့ ၅.၉ လက်မအကျယ် မျက်နှာပြင် ဖြင့် ဈေးကွက်ထဲသို့ ဝင်ရောက်ခဲ့သည့် Huawei Nova 2i သည် ဈေးကွက်ထဲ တင်သွင်းချင်းချင်းမှာပင် သုံးစွဲသူများ၏ အထူးကြိုက်နှစ်သက်မှုကို ခံခဲ့ရသည်။ RAM 4GB, ROM 64GB ပါဝင်ပြီး Face Unlock, Fingerprint Sensor များ ထည့်သွင်းထားသည့် Huawei Nova 2i အား လက်ရှိတွင် ဈေး ၃၀၉,၀၀၀ ဖြင့် ရောင်းချလျှက်ရှိသည်။

Nova 3e တွင် 24MPနှင့် 2MP အရှေ့ကင်မရာများ နှင့်၊ 24MP နှင့် 16MP အနောက်ကင်မရာများပါဝင်ပြီး hardware HDR နှင့် 3D portrait lighting effect တို့ကိုလုပ်ဆောင်နိုင်သောကြောင့် အစွမ်းထက်ပြီး ဖက်ရှင်ကျသည့် AI ကင်မရာ စမတ်ဖုန်းဖြစ်သည်။ ၎င်းတွင် 6.3-inches FullView Display၊ 3,750mAh ဘက်ထရီနှင့် အဆင့်မြင့်လုပ်ဆောင်ချက်များအတွက် 6GB RAM နှင့် 128GB storage တို့တွဲဖက် ပါရှိပြီး လက်ရှိဈေးကွက်ထဲတွင် မြန်မာငွေကျပ် ၃၃၉,၀၀၀ ဖြင့် ရောင်းချလျက်ရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*