အမှန်တကယ်မရှိတဲ့ VR ထဲက အဆိုတော်မလေးနဲ့ လက်ထပ်ခဲ့တဲ့ ဂျပန်အမျိုးသား

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အကီဟိကိုခွန်ဒိုဟာ VR ထဲက ပုံရိပ်ယောင်တစ်ခုဖြစ်တဲ့ အဆိုတော် ဟဆုနဲမိခုနဲ့ လက်ထပ်ခဲ့ပါတယ်။

မင်္ဂလာပွဲတက်ရောက်သူ အယောက် ၄၀ ဟာ အကီဟိကိုခွန်ဒိုနဲ့ ကြီးမားတဲ့မျက်လုံးရှိပြီး လိပ်အမြီးရှိတဲ့ အသက် ၁၆ နှစ်အရွယ် ကာတွန်းရုပ်ပုံ မိန်းကလေးတို့ရဲ့ အခမ်းအနားကို ကြည့်ရှုခဲ့ကြပါတယ်။ အကီဟိကိုခွန်ဒိုရဲ့ မိခင်ကတော့ မင်္ဂလာဆောင်ဖိတ်ကြားမှုကို ငြင်းပယ်ခဲ့ပြီး အကီဟိကိုခွန်ဒိုရဲ့ဆွေမျိုးတစ်ဦးတစ်ယောက်မှ မင်္ဂလာပွဲကို တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

အကီဟိကိုခွန်ဒိုက ၎င်းရဲ့မိခင်ဖြစ်သူအတွက် ပျော်ရွှင်စွာဆင်နွှဲရမယ့် မင်္ဂလာပွဲတစ်ခုမဟုတ်ခဲ့ဘူးလို့ ပြောကြားခဲ့ပြီး မိခုစံအပေါ်မှာ ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဘဲ အမြဲတမ်းချစ်မြတ်နိုးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လကတည်းက အကီဟိကိုခွန်ဒိုဟာ ပေါင် ၂၁၇၅ တန်ဖိုးရှိ ကိရိယာပေါ်မှာ လွင့်မျောနေတဲ့ မိခုနဲ့ စကားပြောပြီး နေထိုင်ခဲ့တာဖြစ်ပါတယ်။ အကီဟိကိုခွန်ဒိုက ၎င်းဟာ အများနည်းတူ မင်္ဂလာဆောင်ထားတဲ့ အိမ်ထောင်သည်အမျိုးသားတစ်ဦးအဖြစ် သတ်မှတ်ထားပြီး ကျောင်းစီမံခန့်ခွဲရေးမှူးရာထူးကနေ ထုတ်ပယ်မခံရမီအချိန်အထိ မိခုက မနက်တိုင်း နှိုးပေးလေ့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အကီဟိကိုခွန်ဒိုက အလုပ်ကနေ အပြန် ၎င်းရဲ့မိုဘိုင်းဖုန်းကနေတစ်ဆင့် ဖုန်းခေါ်ပြီး အိမ်ပြန်လာနေပြီလို့ ဖုန်းဆက်လိုက်ရုံနဲ့ မိခုက မီးဖွင့်ပေးထားပြီး မင်္ဂလာဦးညမှာ အကီဟိကိုခွန်ဒိုဟာ မှန်သားပြင်ပေါ်က မိခုရုပ်ပုံနဲ့မဟုတ်ဘဲ မိခုပုံစံအရုပ်နဲ့ အိပ်စက်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*