ကောင်းကင်ပေါ်မှာ အမျိုးသားအင်္ဂါပုံဖော် မောင်းနှင်လို့ စုံစမ်းခံနေရတဲ့ ရေတပ်က လေယာဉ်မှူး ၂ ဦး

အောက်တိုဘာလက ကယ်လီဖိုးနီးယားမှာ နေထိုင်သူတွေဟာ ကောင်းကင်ပေါ်မှာ ထူးဆန်းတဲ့အရာတစ်ခုကို မြင်တွေ့ခဲ့ရပြီး ကြီးမားတဲ့အမျိုးသားအင်္ဂါပုံကို ကောင်းကင်မှာ လေယာဉ်မှူးနှစ်ဦးက ပုံဖော်သွားခဲ့တာဖြစ်ပါတယ်။

အမေရိကန်ရေတပ်က လေယာဉ်မှူး ၂ ဦးဟာ ကောင်းကင်ပေါ်မှာ ဝဲပျံရင်း အမျိုးသားအင်္ဂါပုံကို ပုံဖော်မောင်းနှင်ခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။ ရေတပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး ဂျိုးဆက်ဖ်ပတ်တာဆင်ရဲ့ပြောကြားချက်အရ ညစ်ညမ်းတဲ့ပုံကို ပုံဖော်မောင်းနှင်ခဲ့တဲ့ T-34C ရဲ့အဖွဲ့သားတွေဟာ စုံစမ်းစစ်ဆေးမှုရလဒ် ထွက်ပေါ်မလာသေးခင်အချိန်အထိ လေယာဉ်မောင်းနှင်ခွင့် ပိတ်ပင်ခံထားရတယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးခံနေရတဲ့ လေယာဉ်မှူးနှစ်ဦးဟာ ပျံသန်းခွင့်ပိတ်ပင်ခံထားရပေမယ့် အရေးပါတဲ့စစ်သင်္ဘောအုပ်စုအထောက်အကူပြုလုပ်ဆောင်ချက်များကို ပြုလုပ်ပေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကောင်းကင်ပေါ်မှာ အမျိုးသားအင်္ဂါပုံ ပုံဖော်မောင်းနှင်ခဲ့တဲ့ လေယာဉ်မှူး ၂ ဦးရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ နှစ်သက်သူ၊ မနှစ်သက်သူ အုပ်စု ၂ စုကွဲနေပြီး အချို့ကလည်း အဲဒီလိုပုံဖော်ဖို့ဟာ တော်ရုံ မောင်းနှင်မှုကျွမ်းကျင်ရုံနဲ့မရဘဲ ကောင်းကောင်းလေ့ကျင့်ထားသူတွေသာ လုပ်နိုင်တဲ့ကိစ္စလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ယခုလို အဆန်းထွင်တဲ့ကိစ္စဟာ အမေရိကန်လေယာဉ်မှူးတွေအတွက် ပထမဆုံးအကြိမ်မဟုတ်တော့ဘဲ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း အိုကာနိုဂန်မြို့ ကောင်းကင်ယံမှာ အမျိုးသားအင်္ဂါပုံကို ရေတပ်ရဲ့စစ်လေယာဉ် မောင်းနှင်တဲ့ လေယာဉ်မှူးက ပုံဖော်ခဲ့ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*