မြေမြှုပ်သဂြုင်္ိလ်ပြီး ၂ လအကြာမှာ သေရွာကနေ အိမ်ကို ပြန်လာခဲ့တဲ့ အမျိုးသား

အီဂါလီလို့ အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ မိသားစုက သေဆုံးသွားပြီလို့ သတ်မှတ်ခဲ့ပြီး မြေမြှုပ်သဂြုင်္ိလ်ခဲ့ပြီး ၂ လအကြာမှာ ၎င်းရဲ့မိသားစုတွေရှိတဲ့အိမ်ကို ပြန်လည်ရောက်လာခဲ့ပါတယ်။

ကာဇက်စတန်နိုင်ငံမှာ နေထိုင်တဲ့ အီဂါလီစူပီဂါးလီးရက်လို့ အမည်ရတဲ့အမျိုးသားဟာ DNA စစ်ဆေးမှုအရ မီးလောင်ပြီးကျန်ရှိနေတဲ့ခန္ဓာကိုယ်ဟာ ၉၉.၂ ရာခိုင်နှုန်း အီဂါလီဖြစ်တယ်လို့ အဖြေထွက်ပေါ်ခဲ့ပြီးနောက် သေဆုံးကြောင်း ကြေညာခြင်ခံခဲ့ရတာဖြစ်ပါတယ်။

အာဏာပိုင်တွေဟာ အီဂါလီကို သေစာရင်း ထုတ်ပေးခဲ့ပြီး တိုမာလီမြို့ရဲ့ မွတ်စလင်သချိုင်းမှာ စက်တင်ဘာလက မြေမြှုပ်သဂြိုလ်ခဲ့တာဖြစ်ပါတယ်။ အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဂါလီ အိမ်ကို ပြန်လာတဲ့နေ့မှာ တူဖြစ်သူရဲ့သမီးလေးဟာ အံ့အားသင့်လွန်းလို့ မူးမေ့လဲမတတ်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

အီဂါလီဟာ ဂျွန်လရဲ့နေ့တစ်နေ့မနက်မှာ အိမ်ကနေ ထွက်ခွာခဲ့ပြီးနောက် ပြန်မလာတော့တာဖြစ်ပါတယ်။ အီဂါလီ အိမ်ကနေ မထွက်ခွာမီ ၂ ပတ်လောက်ကတည်းက အလုပ်ကိစ္စနဲ့ အခြားမြို့ကို သွားရမယ်ဆိုတာ သိခဲ့ကြတယ်လို့ ၎င်းရဲ့မိသားစုဝင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

အသက်ပြန်ရှင်လာတဲ့နေ့မှာ အီဂါလီဟာ အနီးနားက ရွာတစ်ရွာက လူတစ်ဦးနဲ့ ဈေးထဲမှာ ဆုံတွေ့ခဲ့ပြီး အလုပ်ပေးခဲ့တာကြောင့် ယင်းရွာမှာပဲ အလုပ်လုပ်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အီဂါလီဟာ ယင်းအလုပ်အပြီးမှာ ၎င်းရဲ့မိသားစုနေထိုင်တဲ့ တိုမာလီက အိမ်ဆီကို ပြန်လာခဲ့တာဖြစ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*