အန္တာတိကတိုက်မှ သြစတေးလျသို့ပေါက်သည့် ပင်လယ်ရေအောက်လျှို့ဝှက်လှိုဏ်ခေါင်းကြီး ရှာဖွေတွေ့ရှိ

အန္တာတိကတိုက် ရေခဲပြင်ဒေသကြီးကို သြစတေးလျနိုင်ငံ၊ အာဂျင်တီးနားနိုင်ငံတို့နှင့် ပင်လယ်ရေအောက်၊ မြေအောက်တို့မှ ဆက်သွယ်ပေးထားသည့် လျှို့ဝှက်လှိုဏ်ခေါင်ကြီးကို ရှာဖွေတွေ့ရှိခဲ့ကြသည်ဟု ဆိုသည်။

YouTube ချယ်နယ်တစ်ခုဖြစ်သော Disclose Screen ကို တည်ထောင်သူ နီးလ် အီဗန်စ်သည် Google Earth ၏ ပုံရိပ်ရလဒ်များမှ ရေပြင်ကို ဖယ်ရှားကြည့်ရှုခဲ့ပြီးနောက် အံအားသင့်ဖွယ်ရလဒ်မြင်ကွင်းကို တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။

ပင်လယ်ရေပြင်အောက်ကို ဖြတ်သန်း၍ မျဉ်းကြောင်းရာပေါင်းများစွာ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အစပျိုးရာမှ အန္တာတိကတိုက်မှ စတင်အစပျိုးခြင်း ဖြစ်သည်။

Image result for Google Earth reveals secret underground tunnels Antarctica

အချို့မျဉ်းကြောင်းများသည် သြစတေးလျနှင့် အာဂျင်တီးနားနိုင်ငံများအထိ ပေါက်ရောက်နေသည်ကို တွေ့ရသည်။

“ကျွန်တော်တို့ဟာ ပင်လယ်ကြမ်းပြင် (ဒါမှမဟုတ်) မြေအောက်မှာ ဘာတွေရှိနေတယ်ဆိုတာကို မြင်နေရတာ ဖြစ်နိုင်ပါတယ်။ သေချာတာတစ်ခုကတော့ သဘာဝအလျောက် မျဉ်းကြောင်းတွေ ပေါ်နေတာမျိုး မဖြစ်နိုင်ပါဘူး။”ဟု နီးလ် အီဗန်စ်က ပြောကြားသည်။

နီးလ် အီဗန်စ်က သူ၏ တွေ့ရှိခဲ့မှုကို ဗွီဒီယိုဖိုင်အဖြစ် မှတ်တမ်းတင်ကာ Youtube တွင် လွှင့်တင်ခဲ့ရာ အဆိုပါဗွီဒီယိုဖိုင်ကို ကြည့်ရှုလိုပါက https://www.youtube.com/watch?v=TK5ubnHYkGg လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

ကွန်မန့် ဝေဖန်ရေးသားသူတို့၏ ရေးသားချက်များကို တွေ့ရပုံမှာ “ဒါကတော့ ရူးချင်စရာပဲ။ တစ်ယောက်ယောက်က မြေအောက်လှိုဏ်ဂူကြီးတစ်ခု တူးထားခဲ့ပုံရတယ်။”

အခြားတစ်ဦးက “သေချာတာကတော့ သမားရိုးကျဖြစ်စဉ်မဟုတ်ဘူး၊ သဘာဝအတိုင်းဖြစ်နေတာမဟုတ်ဘူး”ဟူ၍ ထင်မြင်ချက်များ ရေးသားထားသည်ကို တွေ့ရသည်။

Wigwam(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*