Huawei Mate 20 Series ၏ အဓိက အားသာချက် အချက် ၁၀ ချက်

Huawei Mate 20 Series အား မြန်မာနိုင်ငံအတွင်းသို့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် မိတ်ဆက်ခဲ့ပြီး နောက် First Sales အစီအစဉ်အား နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည်။ Mate 20 Series အား Pre-Order မှာယူသည့် အရေအတွက် မှာ ယခင်နှစ်များနှင့် ယှဉ်လျှင် လွန်စွာတိုးများခဲ့ပြီး အဆိုပါ First Sales ရောင်းချသည့် ရက်၌ပင် Mate 20 Pro, Emerald Green မှာ ရောင်းအားပြတ်သည်အထိ ရောင်းအား ကောင်းခဲ့သည်။

Mate 20 Series အား အောက်တိုဘာလ ၁၆ ရက်နေ့ တွင် ExCel London ၌ စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါ မိတ်ဆက်သည့် အချိန်ကတည်းက သုံးစွဲသူများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ လူအများ စိတ်ဝင်စားနေသည့်

Huawei Mate 20 Series ၏ လူကြိုက်များရသည့် အချက်များစွာထဲမှာ ၁၀ ချက်မှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။

ကမ္ဘာ့ပထမဆုံး 7nm SoC

Huawei Mate 20 Series မှာ ကမ္ဘာ့ပထမဆုံး 7nm SoC အသုံးပြုထားသည့် ထုတ်ကုန်အမျိုးအစားဖြစ်သည်။

Kirin 980 အားဖြည့်ထားသည့် Huawei Mate 20 Series တွင် Cortex-A76-based cores နှင့် Mali G76 GPU ပါဝင်သည်။ Dual-NPU နှင့် Cat.2 1 modem နှစ်ခု ပေါင်းစပ်မှုကြောင့် မယှဉ်ပြိုင်နိုင်သည့် လုပ်ဆောင်ချက် နှင့် ထိရောက်မှု များကို ပေးအပ်နိုင်မည်ဖြစ်သည်။

တဆင့်ပြောင်းလဲလိုက်နိုင်သည့် Matrix Camera System

Huawei မှ ၄င်း၏ Leica Ultra-Wide Angel Lens ဖြင့် စမတ်ဖုန်းကင်မရာလောက၌ ခြေလှမ်းအသစ် တတ်လှမ်းနိုင်ခဲ့ပြီး သုံးစွဲသူများအား ပိုမိုသည့် ပုံရိပ်များမြင်တွေ့စေနိုင်ရုံသာမက ပိုမိုကျယ်ပြန့်သော ပုံရိပ်များကိုပါ ရိုက်ကူး စေနိုင်မည်ဖြစ်သည်။ Huawei Mate 20 Pro တွင် 40MP Wide Angle ၊ 20MP Ultra-Wide Angle နှင့် 3x Telephoto ရိုက်ကူးနိုင်သည့် 8MP ရှိ အနောက်ဘက် ကင်မရာများပါဝင်ကာ Huawei Mate 20 တွင်16MP ultra-wide angle၊ 12MP wide angle နှင့် 2x Telephoto ရိုက်ကူးနိုင်သည့် 8MP ရှိ အနောက်ဘက်ကင်မရာတို့ ပါဝင်ပြီး နှစ်မျိုးစလုံးတွင် 24 MP ရှေ့ကင်မရာ ထည့်သွင်းထားသည်။

အင်အားကြီးမားသည့် Macro Capability

Leica Ultra-Wide Angle Lens အသစ်များ သည် macro lens များကဲ့သို့ နှစ်ဆတိုးမြှင့်ကာ လုပ်ဆောင်နိုင်စေမည်ဖြစ်ပြီး တိကျသေသပ်သည့် အသေးစိတ်ပုံရိပ်ရိုက်ကူးသည့် လုပ်ဆောင်နိုင်စွမ်း အား ပေးဆောင်နိုင်မည်ဖြစ်သည်။ Macro photography capability ဆို သည်မှာ အရာဝတ္ထုတစ်ခုကို ၂.၅ စင်တီမီတာအထိ အနီးကပ်ရိုက်ကူးနိုင်သည့်နည်းပညာဖြစ်ပြီး အဆိုပါအကွာ အဝေးသည် မျက်လုံးဖြင့်မြင်နိုင်သည့်အနေအထားထက် ကျော်လွန်သည်။ Macro photography capability နည်းပညာကြောင့် စမတ်ဖုန်းအသုံးပြုရုံဖြင့် ပိုမိုတိကျလှပပြီး အရည်အသွေးမြင့်မားသောဓါတ်ပုံများကို ရိုက်ကူး နိုင်စေမည်ဖြစ်သည်။

Hollywood-Like Effects

မှန်ကန်သည့် အရောင်များအား အသုံးပြုနိုင်ခြင်းသည် သုံးစွဲသူများ နှင့် ပိုမို သည့် ချိတ်ဆက်နိုင်မှုအား ပေးစွမ်းနိုင်မည်ဖြစ်သည်။ AI Portrait Color Video Mode သည် NPU ၏ real-time processing power အား အသုံးပြုကာ ရိုက်ကူးသည့် ဗီဒီယိုများအား၏ color tone အား ပြောင်းလဲစေနိုင်မည်ဖြစ်သည်။

Professional တစ်ဦးကဲ့သို့ ရိုက်ကူးပုံဖော်စေနိုင်ခြင်း

21:9 aspect အချိုးဖြင့် ရုပ်ရှင်ဇာတ်ကား အရည်အသွေး အဆင့်ရှိသည့် ပုံရိပ် နှင့် ဗီဒီယိုများအား Professional တစ်ဦးကဲ့သို့ ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ Edit လုပ်ရခြင်းကို မကြိုက်နှစ်သက်သောသူများအတွက် Spotlight reel မှ ပုံရိပ်အပိုင်းအစားများအား ပေါင်းစည်းကာ ပြီးပြည့်စုံသည့် ရလဒ်တစ်ခုအား ပေးစွမ်းနိုင်မည်ဖြစ်သည်။

ပါးလွှာသည့် ကိုယ်ထည် ၊ ကြီးမားသည့် ဘက်ထ္ထရီ

Huawei Mate 20 Series များ၌ ကြီးမားသော ကိုယ်ထည်နှင့်အတူ ကြီးမားသည့် ဘက်ထ္ထရီများ ပါဝင်သောကြောင့် အားတစ်ခါသွင်းရုံဖြင့် တစ်နေလုံး သုံးစွဲနိုင်မည်ဖြစ်သည်။

အမြန်ဆန်ဆုံးသော အားသွင်းစနစ်များ

Huawei Mate 20 Pro တွင်ပါဝင်သော High-density 4200mA ဘက်ထရီအား 40W Huawei Supercharger ဖြင့်အားသွင်းပါက 30 မိနစ်အတွင်း 70 ရာခိုင်နှုန်း အထိအားဖြည့်သွင်းနိုင်ပါသည်။ အဆိုပါ လျင်မြန်သော ဘတ္ထရီအားသွင်းမှုနည်းပညာအား TÜV Rheinland မှ ၎င်း၏ တင်းကျပ်သောလုံခြုံရေးစံနှုန်းများနှင့် ပြည့်မီကြောင်း ထောက်ခံပေးထားကြောင်းသိရသည်။ ထို့ Huawei Mate 20 Pro တွင် အမြန်ဆုံး wireless charging solution တစ်ခုဖြစ်သည့် 15W HUAWEI Wireless Quick Charge ပါဝင်သည့်အပြင် ထုတ်ကုန်အား powerbank တစ်လုံးကဲ့သို့ အသုံးပြုနိုင်မည့် Wireless Reverse Charge လည်းပါဝင်သည်။

ရိုးရှင်းမှု ၊ ပျော်ရွှင်မှု နှင့် တသတ်မတ်တည်းဖြစ်မှု

Huawei Mate 20 Series တွင် Android P ကိုအခြေခံထားသည့် smart operating system ဖြစ်သည့် EMUI 9.0 ပါဝင်လာသည်ကိုတွေ့မြင်ရမည်ဖြစ်သည်။ AI self-learning စနစ်၊ integrated နှင့် granular resource ခွဲခြားသည့်စနစ်နှင့် မြန်ဆန်ချောမွေ့သည့် Android လုပ်ဆောင်မှုစနစ်တို့ကို ထောက်ပံ့ပေးနိုင်သည့် EMUI 9.0 ကြောင့် ပိုမိုအဆင်ပြေချောမွေ့သည့် သုံးစွဲသူ အတွေ့အကြုံများကို ယူဆောင်လာပေးမည် ဖြစ်ပါသည်။

လုံခြုံစိတ်ချရပြီး လွယ်ကူသည့် ဖုန်း Unlock စနစ် 

3D Depth Sensing Camera System နှင့် In-Screen Fingerprint Sensor တို့ကြောင့် Huawei Mate 20 Pro အား မျက်နှာ သို့မဟုတ်  လက်ဗွေဖြင့် အလွယ်တကူ ဖွင့်လှစ်စေနိုင်မည်ဖြစ်သည်။ မည်သည့် နည်းလမ်းဖြင့်ဖွင့်လှစ်သည်ဆိုစေ လွန်စွာမြန်ဆန်ပြီး စိတ်ချစေနိုင်မည်ဖြစ်သည်။

လွန်စွာတိကျသည့် နေရာချထားမှု

Huawei Mate 20 Series မှ ထောက်ပံ့ထားသည့် Dual Frequency GPS ကြောင့် ကမ္ဘာတစ်လွှားတွင်ရှိသည့် မည်သည့်နေရာကိုမဆို လွယ်ကူစွာသွားရောက်နိုင်မည်ဖြစ်သည်။ L5 Band ကြောင့် ၁၀ ဆ တိကျမှုကို ပေးစွမ်းနိုင်စေမည်ဖြစ်ပြီး စမတ်ဖုန်းဖြင့် သုံးစွဲသူ၏ တည်နေရာအား တိကျစွာ ထောက်ပြနိုင်မည်ဖြစ်သည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*