ဂျပန်က F-35 တိုက်လေယာဉ်ပေါင်း အစင်း ၁၀၀ အမေရိကန်ထံမှ ဝယ်ယူရန် စီစဉ်

တရုတ်ပြည်၏ စစ်ရေးအင်အားတစ်နေ့တစ်ခြား မြင့်တက်လာနေခြင်းကို ရင်ဆိုင်နိုင်ရန် ရည်ရွယ်ကာ ဂျပန်က F-35 တိုက်လေယာဉ် ပေါင်း အစင်း ၁၀၀ ကို အမေရိကန်ထံမှ ဝယ်ယူရန် စီစဉ်လျက်ရှိသည်။

Image may contain: aeroplane, sky and outdoor
ထို့အပြင် သက်တမ်းရင့်နေပြီဖြစ်သော F-15 တိုက်လေယာဉ်များနေရာတွင် အစားထိုးရန် ရည်ရွယ်သည်ဟုလည်း ဆိုသည်။
အခြားအကြောင်းရပ်တစ်ခုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်စစ်ပစ္စည်းများ ပိုမိုဝယ်ယူရန် ဂျပန်ကို တောင်းဆိုဖိအား ပေးသောကြာင့် ဖြစ်သည်ဟုလည်း ဆိုသည်။
စင်စစ်က ဂျပန်ကိုယ်တိုင်ကလည်း တိုက်လေယာဉ်သစ် ၄၂ စင်း ထပ်မံဖြည့်တင်းရန် ရည်ရွယ်ချက်ရှိထားပြီးဖြစ်သည်။

Image may contain: sky and outdoor
F-35A အမျိုးအစားတိုက်လေယာဉ်

F-35 တစ်စင်း၏ တန်ကြေးမှာ ယန်းငွေ ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၈၈ ဒသမ ၁ သန်း) ခန့်ရှိရာ ယခုဝယ်ယူမှုအတွက် ယန်းငွေ ၁ ထရီလီယံကျော် ကုန်ကျမည် ဖြစ်သည်။

လာမည့် ဒီဇင်ဘာလလယ်တွင် ကျင်းပမည့် အစိုးရအဖွဲ့အစည်းအဝေးတွင် အမျိုးသားကာကွယ်ရေးစီမံကိန်းလမ်းညွှန်ချက်သစ်များ ချမှတ်ရာတွင် F-35 တိုက်လေယာဉ်များ ဝယ်ယူရေး အတည်ပြုရန် စီစဉ်ထားသည်။
၂၀၁၉ မှ ၂၀၂၃ အထိ ဘဏ္ဍာရေးနှစ်များအတွက် ကာလလတ် ကာကွယ်ရေးစီမံကိန်းတွင် F-35 တိုက်လေယာဉ်များ မှာယူမှု အစီအစဉ်ကို ထည့်သွင်းထားခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် F-4 တိုက်လေယာဉ်များ၏ နေရာတွင် အစားထိုးရန် F-35 တိုက်လေယာဉ် ၄၂ စင်း ဂျပန်အစိုးရက ရယူလိုလျက်ရှိသည်။
ဂျပန်က ဝယ်ယူရန် ရည်ရွယ်ထားသော တိုက်လေယာဉ် ၄၂ စင်းမှာ F-35A အမျိုးအစားချည်းသာဖြစ်ပြီး သမားရိုးကျ ပျံတက်/သက်ဆင်း အမျိုးအစား ဖြစ်သည်။
ထပ်တိုးမှာယူမည့် လေယာဉ်ပေါင်း အစင်း ၁၀၀ တွင်မူ F-35A နှင့် F-35B အမျိုးအစားများ ဖြစ်လာမည်ဖြစ်ပြီး F-35B မှာ ခရီးတိုဖြင့် ပျံတက်ခြင်း၊ ဒေါင်လိုက်ဆင်းသက်ခြင်းများ ပြုလုပ်နိုင်သည့် တိုက်လေယာဉ်အမျိုးအစား ဖြစ်သည်။

F-35B

လက်ရှိအားဖြင့် ဂျပန်တွင် အသုံးပြုလျက်ရှိသော တိုက်လေယာဉ်များမှာ F-15 များဖြစ်ပြီး အစင်း ၂၀၀ ခန့်ရှိသည်။
ယင်းတို့အနက် ထက်ဝက်ခန့်မှာ အဆင့်မြှင့်တင်၍ မရနိုင်ဟု ဆိုသည်။
အဆိုပါ အဆင့်မြှင့်၍ မရသော တိုက်လေယာဉ်များ၏နေရာတွင် F-35 အစင်း ၁၀၀ နှင့် အစားထိုးရန်နှင့်၊ ကျန်ရှိသည့် F-15 အစင်း ၁၀၀ ကို ဆက်လက်အသုံးပြုသွားရန် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက လိုလားလျက်ရှိခြင်း ဖြစ်သည်။

F-35C အမျိုးအစား တိုက်လေယာဉ်

F-35B တိုက်လေယာဉ်များ ထားရှိရန်အတွက် ဂျပန်ရေတပ်၏ JS Izumo ရဟတ်ယာဉ်တင် သင်္ဘောကြီးကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်သွားရန်လည်း ဂျပန်အစိုးရက စီစဉ်လျက်ရှိသည်။
ဂျပန်၏ အိမ်နီးချင်းများမှာမူ ကိုယ်ပိုင်အဆင့်မြင့်တိုက်လေယာဉ်များ ထုတ်လုပ်နိုင်ရန် အားစိုက်ကြိုးပမ်းလျက်ရှိကြသည်။

JS Izumo ရဟတ်ယာဉ်တင် သင်္ဘောကြီး

တရုတ်နိုင်ငံသည် ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်းက ပြည်တွင်းထုတ် J-20 ကိုယ်ပျောက်လေယာဉ်များကို စတင်ဖြန့်ကျက်ချထားခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် ပဉ္စမမျိုးဆက်တိုက်လေယာဉ်ပေါင်း ၂၅၀ ကျော်ထုတ်လုပ်ဖွယ်ရှိသည်ဟု ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားသည်။
ရုရှားကလည်း ပဉ္စမမျိုးဆက် ဆူခွိုင်း Su-57 ကို လာမည့် ၂၀၁၉ တွင် မိတ်ဆက်နိုင်ရန် မျှော်မှန်းနေသည်။
ထိုအခြေအနေများကြောင့် ဂျပန်အစိုးရက အဆင့်အမြင့်ဆုံး ကိုယ်ပျောက်တိုက်လေယာဉ်များ ဖြည့်တင်းနိုင်ရေးမှာ ရှောင်လွှဲ၍ မရနိုင်သောအကြောင်းရပ်အဖြစ် ခံယူထားသည်။
တချိန်တည်းမှာပင် ဒေါ်နယ်ထရမ့်ကလည်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေးမျှခြေမညီမှုကို လျှော့ချနိုင်ရန်အတွက် ဂျပန်အနေဖြင့် အမေရိကန်စစ်ပစ္စည်းများ ပိုမိုဝယ်ယူရန် ကြိမ်ဖန်များစွာ တိုက်တွန်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
F-35 Lightning II သည် ထိုင်ခုံတစ်လုံးပါ၊ အင်ဂျင်တစ်လုံးတပ်၊ ရာသီဥတုအားလုံး ကိုယ်ပျောက်နိုင်စွမ်းရှိသော တိုက်လေယာဉ်ဖြစ်ပြီး ပဉ္စမမျိုးဆက်ဖြစ်သည်။
F-35 ကို မော်ဒယ် ၃ မျိုး ထုတ်လုပ်ရာ F-35A၊ F-35B နှင့် F-35C တို့ ဖြစ်ကြသည်။

Wigwam(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*