အာဟာရဗေဒပညာရှင်အမျိုးသမီး ခင်ပွန်းဖြစ်သူ မုဒိမ်းမှုဖြင့် ထောင်ကျသွားသောကြောင့် ရထားတိုက်ခံကာ အဆုံးစီရင

အင်္ဂလန်နိုင်ငံတွင် ခင်ပွန်းဖြစ်သူက Tinder ဆိုရှယ်အပလီကေးရှင်းတွင်တွေ့သော မိန်းကလေးတစ်ဦးကို အဓမ္မကျင့်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံလိုက်ရခြင်းကြောင့် ဇနီးဖြစ်သူမှာ စိတ်သောကရောက်ပြီး ရထားတိုက်ခံကာ အဆုံးစီရင်သွားခဲ့သည်။

အဆုံးစီရင်သွားသူ ရင်ကာ မက်ကေးသည် အသက် ၄၀ အရွယ်ရှိပြီး အာဟာရဗေဒပညာရှင်တစ်ဦးဖြစ်သည်။

ရင်ကာ မက်ကေး

ခင်ပွန်းဖြစ်သူ ရီကာမက်ကေးမှာ အသက် ၄၇ နှစ်အရွယ်ရှိပြီး Tinder တွင် တွေ့ဆုံခဲ့သော မိန်းကလေးတစ်ဦးနှင့် ချိန်းဆိုတွေ့ဆုံကာ ချစ်တင်းနှောခဲ့ရာတွင် တိရ စ္ဆာန်ကဲ့သို့ ပြူမူဆက်ဆံခဲ့သည်ဟု စွပ်စွဲခံလိုက်ရပြီးနောက်ပိုင်း ဇနီး ရင်ကာမှာ သောကအပူဖိစီးကာ စိတ်ဓာတ်များကြေကွဲပျက်စီးခဲ့ရသည်။

ယင်းနောက်ပိုင်း ရီကာမက်ကေးသည် ပြီးခဲ့သော ဇွန်လအတွင်း ထောင်ဒဏ် ၇ နှစ်ချမှတ်ခံလိုက်ရပြီးနောက် ရင်ကာ၏ စိတ်ကျဝေဒနာမှာ အလွန်ဆိုးရွားလာပြီး နောက်ဆုံးတွင် အင်္ဂလန်နိုင်ငံ၊ အနောက်မြောက်ပိုင်း ချက်ရှိုင်းယားအရပ် နေအိမ်အနီးရှိ ဘာ့ခ်ျဝုဒ်ဘူတာရုံတွင် အဆုံးစီရင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရင်ကာသည် မန်ချက်စတာမြို့ရှိ ဝီသန်ရှာဝီဆေးရုံတွင် အာဟာရဗေဒပညာရှင်အဖြစ် တာဝန်ထမ်းဆောင်သူဖြစ်ပြီး ခင်ပွန်းဖြစ်လာမည့် ရီကာနှင့် ဘာမင်ဂန်ရှိ အက်စ်တန် တက္ကသိုလ်တွင် ဆုံစည်းခဲ့ခြင်း ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်တွင် လက်ထပ်ခဲ့ကြပြီး သား ၃ ဦးထွန်းကားခဲ့သည်။

ရီကာသည် လန်ဒန်တွင်ကျင်းပမည့် ၂၀၁၂ ခုနှစ် အိုလံပစ်အားကစားပွဲကျင်းပရေးအတွက် အလုပ်ဝင်ချိန်တွင် အိမ်ထောင်ရေးမှာ စတင်ယိုယွင်းလာခဲ့သည်။

ရင်ကာ၏ မိခင် အိုင်ရင်း ဖာတီမီလီဟင်က ပြောကြားရာတွင် “ရီကာဟာ နိုင်ငံခြားကို ထွက်ပြီး မကြာခဏ အလုပ်ထွက်လုပ်လာတယ်။ ၂၀၁၃ ခုနှစ်၊ ဧပြီလလောက်မှာ ပိုကျယ်တဲ့အိမ်တစ်လုံးကို ပြောင်းတယ်။ ပြီးတော့ အိုလံပစ်ပွဲအတွက် လန်ဒန်သွားပြီး အလုပ်လုပ်တယ်။ နောက်တစ်ခါ ၂၀၁၅ မှ အဇာဘိုင်ဂျန်ကိုသွားပြီး အလုပ်လုပ်ပြန်တယ်”ဟု ပြောကြားသည်။

၂၀၁၅ ခုနှစ်အတွင်း အိမ်ထောင်ရေး မသာယာမှုများကြုံရပြီး ရင်ကာမှာ စိတ်ကျဝေဒနာဖြစ်လာပြီး အလုပ်ကိုပါ ထိခိုက်လာခဲ့ကာ တစ်ချိန်လုံး ဝမ်းနည်းပူဆွေးနေလေ့ရှိခဲ့သည်။

ယင်းနောက်ပိုင်း စိတ်ရောဂါကုဆရာဝန်ထံပြကာ ဆေးကုသမှုခံယူခဲ့ရသည်။

၂၀၁၆ ခုနှစ် အစောပိုင်းတွင်ကား ရီကာကို အဓမ္မကျင့်မှုဖြင့် စွပ်စွဲခံရချိန်တွင် ရင်ကာမှာ များစွာအမျက်ထွက်ခဲ့ပြီး ကွာရှင်းပြတ်စဲရန် စီစဉ်ခဲ့သည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင်ကား ရီကာမှာ မုဒိမ်းမှုဖြင့် တရားရုံးတွင် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ရင်ကာ၏ စိတ်ကျဝေဒနာမှာ အလွန်ဆိုးရွားလာပြီး နေ့ရက်များစွာ အိပ်မပျော်ခဲ့သောကြောင့် ဆေးကုသမှုခံယူခဲ့ရသည်။

“အဲဒီအချိန် သူ့ရဲ့ ခရက်ဒစ်ကတ်မှာ အကြွေး ပေါင် ၁၀၀၀၀ လောက်ရှိနေတယ်လို့ ကျွန်မကို ပြောပါတယ်”ဟု ရင်ကာ၏ မိခင်က ပြောသည်။

“သူ ..အဲဒီနောက် ဆေးရုံ ၃ ပတ်လောက် တက်လိုက်ရပြီး ကျွန်မက ကလေး ၃ ယောက်ကို သွားကြည့်ပေးနေခဲ့ရတယ်”

“၂၀၁၇ ခုနှစ်၊ မတ်လမှာ ရီကာဟာ ထောင် ၇ နှစ် အမိန့်ချခံရပြီးတဲ့နောက် ရင်ကာက ကွာရှင်းပြတ်စဲဖို့ စပြီးလျှောက်ထားခဲ့တယ်”

“သူသေမယ့်နေ့ မနက်ပိုင်းမှာ ကလေးတွေထဲက တစ်ယောက်ကို ကားပေါ်တင်ပြီး မနက် ၈း ၄၅ လောက်မှာ ကျောင်းကိုပို့ဖို့ထွက်သွားတယ်။ ပုံမှန်ဆိုရင်တော့ ချက်ချင်းအိမ်ပြန်လာတတ်တယ်။ အဲဒီနေ့က ၉ နာရီလောက်အထိ အိမ်ပြန်မရောက်လို့ ဖုန်းဆက်တော့ ကျောင်းဆရာတစ်ယောက်နဲ့ စကားပြောဖို့ စောင့်နေတယ်လို့ ပြန်ဖြေတာနဲ့ ကျွန်မလည်း ..ဘုရားသခင်ကောင်းချီးပေးပါစေ..လို့ပြောတော့ သူကလည်း အဲ့အတိုင်းပြန်ပြောပြီး ဖုန်းချသွားတယ်။ အဲဒီနောက်ပိုင်း နည်းနည်းကြတော့ သူ့ဆီကို ဖုန်းခေါ် ၊ မက်ဆေ့ပို့ပေမယ့် ပြန်မဖြေတော့ဘူး”

(ဘဝကို လက်လျှော့အရှုံးမပေးကြပါနှင့်။ နေ့သစ်များစွာ၊ အခွင့်အလမ်းသစ်များစွာ သင်တို့ရှေ့တွင် စောင့်ကြိုနေပါသည်။ )

Wigwam (shweinnlay)

 

Be the first to comment

Leave a Reply

Your email address will not be published.


*