Latest post

ရုပ်ရှင်ပွဲတော်တွင် ဖောက်ထွင်းမြင်ရသည့်အပေါ်ဝတ်စုံဝတ်ဆင်သော အီဂျစ်မင်းသမီး ထောင် ၅ နှစ်ကျခံရဖွယ်ရာရှိ

အီဂျစ်နိုင်ငံတွင် ကျင်းပခဲ့သော အကြိမ် ၄၀ မြောက် နိုင်ငံတကာ ကိုင်ရို ရုပ်ရှင်ပွဲတော်တွင် အီဂျစ်ရုပ်ရှင်မင်းသမီး ရာနီယာ ယူဆက်ဖ်သည် အနက်ရောင် အသားကပ်အင်္ကျီဝတ်ဆင်ကာ အပေါ်မှ ထွင်းဖောက်မြင်နေရသော အလွန်ပါးလွှာသည့် ကန့်လန့်ဖြတ်မျဉ်းများပါသော ဝတ်စုံဝတ်ဆင်ခဲ့ခြင်းကြောင့် တရားစွဲခံလိုက်ရပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၅ နှစ်ကျခံရမည့်အရေးနှင့် ရင်ဆိုင်ရလျက်ရှိသည်။

Egyptian actress Rania Youssef poses on the red carpet at the closing ceremony of the 40th edition of the Cairo International Film Festival (CIFF) 

ရာနီယာ ယူဆက်ဖ်ကို အီဂျစ်ရှေ့နေ ၃ ဦးက တရားစွဲခဲ့ခြင်းဖြစ်ပြီး အကျင့်ပျက်အောင် လှုံ့ဆော်မှု၊ အီဂျစ်လူ့အဖွဲ့အစည်း၏ စံနှုန်းများကို ဖောက်ဖျက်မှုတို့ဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး လာမည့် ဇန်နဝါရီလ ၁၂ ရက်တွင် စတင်ကြားနာစစ်ဆေးမည် ဖြစ်သည်။

Rania Youssef black dress

အသက် ၄၄ နှစ်အရွယ် ရာနီယာ၏ ဝတ်စားပုံမှာ ဟောလိဝုဒ်စံနှုန်းအရမူ သင့်တော်ရုံသာရှိသည့် ဝတ်စားပုံဖြစ်သော်လည်း မွတ်စလင်အများစုကြီးစိုးသည့်နိုင်ငံတွင် ဝေဖန်မှုများစွာ ရင်ဆိုင်ရလျက် ရှိသည်။

ထူးခြားသည့် တိုက်ဆိုင်မှုမှာ ရာနီယာသည် Aswar Aaliya (ခြံစည်းရိုးမြင့်များ-ဟု အဓိပ္ပာယ်ရ) အမည်ရှိ ဇာတ်ကားတွင် မကြာသေးမီကပင် ပါဝင်သရုပ်ဆောင်ကာ ရိုက်ကူးပြီးစီးခဲ့ပြီး အဆိုပါဇာတ်ကားထဲတွင် ထောင်ဒဏ်ချမှတ်ခြင်းခံရသည့် နာမည်ကျော် ပန်းချီဆရာမတစ်ဦးအဖြစ် သရုပ်ဆောင်ထားခဲ့သည်။

အီဂျစ်နိုင်ငံသည် မွတ်စလင်အများစုနေထိုင်သည့် ရှေးရိုးစွဲနိုင်ငံတစ်ခုဖြစ်ပြီး ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်းကလည်း လူသိနည်းသေးသော အဆိုတော် ရှိုင်းမားကို အကျင့်ပျက်အောင်လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သေးသည်။

ရှိုင်းမားက ဂီတဗွီဒီယိုတစ်ခုထဲတွင် ပါဝင်သရုပ်ဆောင်ခဲ့ရာ၌ အောက်ခံဘောင်းဘီသာဝတ်ဆင်ကာ ငှက်ပျောသီးစားနေပုံဖြင့် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

Wigwam(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*