Latest post

ထရမ့်၏ ဖိအားပေးမှုကြောင့် ဆော်ဒီက အမေရိကန်လုပ် ဒုံးကျည်ကာကွယ်ရေးစနစ် ၁၅ ဘီလီယံဖိုး ဝယ်ယူရ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိအားပေးမှုကြောင့် ဆော်ဒီအာရေးဗီးယားနိုင်ငံသည် အမေရိကန်လုပ် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ကန်ဒေါ်လာ ၁၅ ဘီလီယံဖိုးအထိ ဝယ်ယူရန် သဘောတူညီလိုက်ရသည်။

အမေရိကန်လုပ် THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဂူအမ်ကျွန်းရှိ အန်ဒါဆန် လေတပ်အခြေစိုက်စခန်းတွင် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်က တွေ့မြင်ခဲ့ရပုံ

ဆော်ဒီသည် လော့ဟိမာတင် ကုမ္ပဏီထုတ် LMT.N ဒုံးကျည်ကာကွယ်ရေးစနစ်ကို ကန်ဒေါ်လာ ၁၅ ဘီလီယံဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

Image result for Saudi Arabia inks deal for Lockheed's missile defense system

အဆိုပါဒုံးကျည်စနစ်ဝယ်ယူရန် အမေရိကန်အစိုးရ၏ ဖိအားပေးမှုအပြင် ဒေါ်နယ်ထရမ့်နှင့် ဆော်ဒီဘုရင် ဆယ်လ်မန်တို့အကြား တိုက်ရိုက်ဖုန်းပြောကာ ပြောကြားခဲ့မှုများလည်း ရှိသည်ဟု ဆိုသည်။

ဒေါ်နယ်ထရမ့်နှင့် ဆော်ဒီဘုရင်တို့အကြား ဒုံးကျည်ကာကွယ်ရေးစနစ် အရောင်းအဝယ်ကိစ္စကို စက်တင်ဘာလကတည်းက ဆွေးနွေးခဲ့ပြီးဖြစ်ပြီး ဂျမဲလ်ခါရှိုဂျီအသတ်ခံရမှုပေါ်ပေါက်ပြီးနောက်ပိုင်း ယခုအချိန်တွင် အရောင်းအဝယ်ဖြစ်မြောက်သွားခြင်း ဖြစ်သည်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် ဆော်ဒီနှင့် အမေရိကန်အရာရှိများအကြား သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး စာရွက်စာတမ်းများ လဲလှယ်ခဲ့ကြပြီးဖြစ်ကြောင်း၊ အမေရိကန်လုပ် ဒုံးကျည်ကာကွယ်ရေးစနစ် (THAAD) ပစ်စင် ၄၄ ခု၊ ဒုံးကျည်များနှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

Image result for Saudi Arabia inks deal for Lockheed's missile defense system

နာမည်ကျော် ဆော်ဒီသတင်းထောက် ဂျမဲလ် ခါရှိုဂျီ အသတ်ခံရမှုတွင် ဆော်ဒီခေါင်းဆောင်များ၏ ဦးဆောင်မှုအခန်းကဏ္ဍနှင့် စပ်လျဉ်းပြီး ရတက်မအေးမှုများ မြင့်တက်လာနေချိန်တွင် အဆိုပါအချက်ကို အမိအရဖမ်းဆုပ်ကာ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ထရမ့်အစိုးရနှင့် အမေရိကန်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကဏ္ဍက ဆော်ဒီကို ကန်ဒေါ်လာ ၁၁၀ ဘီလီယံဖိုးအထိ စစ်လက်နက်ပစ္စည်းများ ရောင်းချနိုင်ရန် ဖိအားပေးခဲ့ခြင်းလည်း ဖြစ်သည်။

THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဆော်ဒီထံရောင်းချရန် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ဆွေးနွေးနေခဲ့ခြင်းဖြစ်ပြီး ယခုမှသာ အပြီးသတ်သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

Image result for Saudi Arabia inks deal for Lockheed's missile defense system

ထရမ့်နှင့် ဘုရင်ဆယ်လ်မန်တို့အကြား ဖုန်းပြောခဲ့မှုကို ဆော်ဒီအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ အောက်တိုဘာလအတွင်းက ဖွင့်ဟပြောပြခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် အရောင်းအဝယ်ဖြစ်နိုင်ကြောင်းလည်း ထိုစဉ်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားရာတွင် အီရန်နှင့် အီရန်က ကျောထောက်နောက်ခံပေးထားသော အကြမ်းဖက်အုပ်စုများ၏ အန္တရာယ်ကို ရင်ဆိုင်နေရသော ပင်လယ်ကွေ့ဒေသနှင့် ဆော်ဒီအာရေးဗီးယားအတွက် ယခုရောင်းဝယ်မှာ ရေရည်လုံခြုံရေး အထောက်အကူပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

Wigwam (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*