Latest post

စိတ်ဝင်စားဖွယ်ရာ လက်ဆောင်များပေးအပ်သွားမည့် Huawei ၏ Christmas Promotion

Huawei Consumer Business Group (Myanmar) မှ Christmas အထူး ပရိုမိုးရှင်း အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်နဝါလ ၁၀ ရက်နေ့အတွင်း ဝယ်ယူသူများအား စိတ်ဝင်စားဖွယ်ရာ လက်ဆောင်များပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်းကို ယနေ့သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ၏ အထင်ကရ ပွဲတော်များတွင် စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များ အမြဲ ပြုလုပ်လေ့ရှိသည့် Huawei Consumer Business Group (Myanmar) မှ ယခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၁၀ ရက်နေ့အတွင်း Huawei Mate 20 Series, Huawei Nova 3, Huawei Nova 3i, Huawei Y9 2019, Huawei Nova 2 Lite, Huawei Y6 Prime 2018 နှင့် Huawei Y5 Prime 2018 တို့ ဝယ်ယူသူများအား စိတ်ဝင်စားဖွယ်ရာ လက်ဆောင်များပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

Huawei Mate 20 ဝယ်ယူသူများအား Huawei Talkband B5 နှင့် Huawei NM Card 128 GB များ လက်ဆောင်ပြန်လည်ပေးအပ်သွားမည်ဖြစ်ပြီး Huawei Mate 20 Pro ဝယ်ယူသူများအား Huawei Wireless Charger, Huawei Talkband B5 နှင့် Huawei NM Card 128 GB အား ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။ Huawei Mate 20 Series သည် အောက်တိုဘာလ အကုန်တွင် မိတ်ဆက်ခဲ့သော ဖုန်းအမျိုးအစားဖြစ်ပြီး နောက်ဆုံးပေါ်နည်းပညာများ နှင့် ဆန်းသစ်သည့် လုပ်ဆောင်ချက်များကြောင့် လူကြိုက်များလျှက်ရှိသည့် ဖုန်းအမျိုးအစား ဖြစ်သည်။

ထို့အပြင် သင့်တင့်သည့် ဈေးနှုန်း ၊ နောက်ဆုံးပေါ်လုပ်ဆောင်ချက် နှင့် ကောင်းမွန်သည့် ကင်မရာ လုပ်ဆောင်ချက်များကြောင့် လူကြိုက်များလျှက်ရှိသည့် Huawei Nova 3, Huawei Nova 3i နှင့် Huawei Y9 2019 ဝယ်ယူသူများအတွက် Huawei 6,700 mAH Power Bank များအား ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

သင့်တင့်သည့် ဈေးနှုန်း နှင့် ကောင်းမွန်သည့် လုပ်ဆောင်ချက်များပါဝင်သည့် Huawei Nova 2 Lite, Huawei Y6 Prime 2018 နှင့် Huawei Y5 Prime 2018 ဝယ်ယူသူများအတွက် Leisure Camisole Cup အား ပေးအပ်သွားမည်ဖြစ်သည်။

Model Price Christmas Present
Huawei Mate 20 MMK 1,099,000 TalkBand B5 + NM Card 128GB
Huawei Mate 20 Pro MMK 1,499,000 Wireless Charger + TalkBand B5 + NM Card 128GB
Huawei Nova 3 MMK 589,000 6700mAh Power Bank
Huawei Nova 3i MMK 379,000
Huawei Y9 2019 MMK 299,000
Huawei Nova 2 Lite MMK 219,000 Leisure Camisole Cup
Huawei Y6 Prime 2018 MMK 164,000
Huawei Y5 Prime 2018 MMK 139,000

Be the first to comment

Leave a Reply

Your email address will not be published.


*