လေယာဉ်ပေါ်မှာ တစ်ယောက်တည်း ၃ ခုံယူပြီး လေးဘက်ထောက်ကာ ယောဂကျင့်သောမိန်းကလေး

ဆက်သ် ရောဘတ်စ်အမည်ရှိ အမျိုးသားတစ်ဦး လေယာဉ်ပေါ်တွင် တွေ့ကြုံခဲ့ရပုံကို ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင် များစွာပျံ့နှံ့လျက်ရှိနေသည်။

အဆိုပါ ဗွီဒီယိုဖိုင်တွင် လေယာဉ်ပေါ်၌ လိုက်ပါလာသော မိန်းကလေးတစ်ဦးသည် တစ်ဦးတည် ထိုင်ခုံ ၃ ခုံ ဝယ်ယူထားကာ လေးဘက်ထောက်၍ ယောဂကျင့်နေပုံကိုတွေ့ရသည်။

မိန်းကလေးသည် အဝါရောင်ဘောင်းဘီ၊ ပန်းရောင်အားကစားအင်္ကျီတို့ ဝတ်ဆင်ထားပြီး လေးဘက်ထောက်ပြီး လေယာဉ်ပြတင်းပေါက်မှ ပြင်ပသို့ ကြည့်နေရင်း ခါးကို ကုန်းလိုက်ကော့လိုက် လုပ်နေပုံကို တွေ့ရသည်။

ထိုမိန်းကလေးသည် အဘယ်ကြောင့် ဝေဟင်ထဲတွင် ယောဂကျင့်ရန်ဆုံးဖြတ်ခဲ့သည်ကို မသိရချေ။ ထိုနည်းတူ လေယာဉ်ပေါ်တွင် အဘယ်ကြောင့် အားကစားဝတ်စုံဝတ်ဆင်ထားသည်ကိုလည်း မသိရချေ။

သို့ရာတွင် အဆိုပါ ဗွီဒီဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံခဲ့ပြီးနောက်ပိုင်း ဝေဖန်မှုများစွာ ရှိနေသည်။

မကြာသေးမီ လပိုင်းအတွင်း လေယာဉ်ပေါ်တွင် ယောဂကျင့်ခြင်းမှာ များစွာခေတ်စားလာနေသည်။

မကြာသေးမီကပင် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး လေယာဉ်ပေါ်တွင် ယောဂလေ့ကျင့်နေပုံ ဗွီဒီယိုဖိုင်တစ်ခု ပျံ့နှံ့ခဲ့သေးသည်။

လေယာဉ်ခုံပေါ်တွင် ကင်းမြီးကောက်ထောင်နေသည့် မိန်းကလေးတစ်ဦး

သိပ္ပံနည်းအရမူ လေယာဉ်ပေါ်တွင် လိုက်ပါလာသူတို့သည် လေယာဉ်ပေါ်၌ လှုပ်လှုပ်ရှားရှား နေထိုင်သင့်သည်ဟု ဆိုထားသည်။

ကျွမ်းကျင်ပညာရှင်များက ပြောကြားရာတွင်လည်း ခရီးရှည် လေယာဉ်စီးစဉ်အတွင်း ခြေဆန့်လက်ဆန့်လုပ်ခြင်းသည် သွေးခဲနိုင်မှုအန္တရာယ် လျော့ပါးစေသည်ဟု ဆိုသည်။

Wigwam (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*