ပုဂံရဲ့ အမြင့်ပေ (၃)ထောင်မှာ Air Balloon စီးရင်း တရားအားထုတ်ခဲ့တဲ့ တွစ်တာရဲ့ CEO

ဗုဒ္ဓဘာသာ အယူအဆအရ ဥာဏ်အလင်းရဖို့အတွက်ဆိုတာ မလွယ်ကူပါဘူး။ တော်တော်လေး ကျင့်ကြံအားထုတ်နိုင်မှသာ ပန်းတိုင်ကို ရောက်ရှိမှာဖြစ်ပြီး ဒီလိုလုပ်နိုင်ဖို့အတွက်လည်း တော်တော်လေး ခက်ခဲပါတယ်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာတဲ့ နိုင်ငံခြားသားတွေလည်း အခုနောက်ပိုင်းမှာ များပြားလာခဲ့ပါတယ်။ ဗုဒ္ဒရဲ့ လမ်းစဉ် နဲ့ ကျင့်ကြံမှုအပေါ် ထဲထဲဝင်ဝင် လေ့လာလိုက်စားပြီးတော့ အားထုတ်မှုတွေ ရှိနေခဲ့ပါတယ်။ ဒီထဲမှာမှ Twitter ကို ပူးတွဲတည်ထောင်သူလည်းဖြစ်၊ CEO လည်းဖြစ်တဲ့ ဂျက်ဒေါ်ဆေးလည်း တစ်ဦးအပါအ၀င် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ဂျက်ဒေါ်ဆေးဟာ ပုဂံကို ရောက်ရှိနေခဲ့ပြီးတော့ ပုဂံမှာ Air Balloon စီးနင်းခဲ့ပါတယ်။ အမြင့်ပေ (၃)ထောင်ခန့်ကနေ ပုဂံမှာ ရှိနေခဲ့တဲ့ စေတီပုထိုးတွေနဲ့ သဘာဝအလှအပရှုခင်းတွေကို ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ ဂျက်က သူ့ရဲ့ တွစ်တာအကောင့်မှာလည်း သူ ပုဂံကို ရောက်ရှိနေတဲ့ ပုံတွေကို တင်ထားခဲ့ပါသေးတယ်။ ပုဂံမှာ Air Balloon စီးဖို့အတွက်ကို စီစဉ်ပေးခဲ့တာကတော့ Golden Eagle Ballooning ကုမ္ပဏီက ဖြစ်ပါတယ်။ ဒီလို ရှုခင်းကြည့်နေရင်းနဲ့ သူ့ရဲ့ တရားနည်းပြဆရာက ပုဂံရဲ့ နေ၀င်မြင်ကွင်း၊ စေတီပုထိုးတွေကို ညွှန်ပြခဲ့ပြီး တရားမှတ်ဖို့အတွက် လမ်းညွှန်ပေးခဲ့ပါတယ်။

ဒီအတွက် ဒေါ်ဆေးဟာ Air Balloon အပေါ်မှာ (၅)မိနစ်ကြာ တရားအားထုတ်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စိတ်အေးချမ်းမှုကို ရှာဖွေဖို့နဲ့ ဗုဒ္ဓရဲ့ တရားတော်တွေကို ကျင့်ကြံဖို့ ကြိုးစားနေတဲ့ ဒေါ်ဆေးအတွက် အမြင့်ပေ (၃)ထောင်အထက်မှာ တရားနှလုံးသွင်းခဲ့တာ ဖြစ်ပြီး သူ့အတွက် စိတ်အေးချမ်းမှုကို ရရှိအောင် ကြိုးစားသွားခဲ့ပါတယ်။

စိတ်အေးချမ်းငြိမ်သက်မှုကို ရရှိဖို့အတွက် ကြံရွယ်ခဲ့တဲ့ ဒေါ်ဆေးဟာ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်မှာ မန္တလေး၊ ရန်ကုန်တို့ကိုလည်း လှည့်လည်သွားလာခဲ့ပါသေးတယ်။ ဒေါ်ဆေးနဲ့အတူ သူ့ရဲ့ ကမ္မဋ္ဌာန်းနည်းပြဆရာတစ်ယောက်လည်း လိုက်ပါလာခဲ့တာပါ။ ပုဂံမှာ (၅)မိနစ်လောက် သူတို့က Air Balloon ပေါ်မှာ တရားအားထုတ်ခဲ့ပြီး Air Balloon မစီးခင်မှာ အမှတ်တရ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလည်း ဒေါ်ဆေးရဲ့ သူငယ်ချင်းက တွစ်တာမှာ မျှဝေခဲ့ပါသေးတယ်။

ဒေါ်ဆေးဟာ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်ကိုလည်း ဖူးမြော်ခဲ့ပြီး ရန်ကုန်က သီလရှင်ကျောင်းတစ်ကျောင်းမှာလည်း ဆွမ်းကပ်လှူဒါန်းခဲ့ပါသေးတယ်။ ဆွမ်းကပ်လှူဒါန်းခဲ့တဲ့ ဗီဒီယိုကိုတော့ ဒေါ်ဆေးရဲ့ တွစ်တာအကောင့်မှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Rangoon Tea House ကို ရောက်ရှိခဲ့တဲ့အကြောင်းကိုလည်း ဒေါ်ဆေးက အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*